8/29/2009

Blogger Gathering and Blogging Excursion

ကျွန်မတို့ တစ်လတိတိ မီတင်ပေါင်းများစွာ လုပ်ပြီး စီစဉ်ခဲ့ရတဲ့ Blogger Gathering and Blogging Excursion ရဲ့ ပထမပိုင်း အစီအစဉ်ဖြစ်တဲ့ Gathering ကတော့ ဒီနေ့မှာ အောင်မြင်စွာ ပထမပိုင်း ပြီးဆုံးခဲ့ပါပြီ။ နောက်တစ်ပိုင်းကတော့ ညမှ ပြည်ကို ထွက်ခွာမယ့် အပိုင်းပဲ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ တွေ့ဆုံပွဲလေးကို စီစဉ်ထားတဲ့အတိုင်း ကန်တော်ကြီးမှာ ကျင်းပခဲ့ပါတယ်။ တွေ့ဖူးမြင်ဖူးနေကျဖြစ်သော ဘလောဂ့်ဂါများသာမက၊ မတွေ့ဖူး မမြင်ဖူးသော ဘလောဂ့်တွေလည်း လာရောက်ခဲ့ကြပါတယ်။ ဒီနေ့ တွေ့ဆုံပွဲလေးမှာ စုစုပေါင်း ဘလောဂ့်ဂါ သုံးဆယ့်ငါးယောက် လာရောက်ခဲ့ကြပါတယ်ရှင်။


ပထမဆုံး မနက်အစောကြီး ဘာညာက အိမ်ကို ကားနဲ့လာခေါ်ပါတယ်။ နောက်ပြီး ဖိုးသူတော်ကို သွားဝင်ခေါ်ပါတယ်။ ဖိုးသူတော်ကလည်း ရောက်မှ အိပ်ရာက နိုးလို့ ကားသမားကို ခဏစောင့်ဖို့ ပြောရသေးတယ်။ နောက်ပြီး ဗီနိုင်းထုတ်ဖို့ မြို့ထဲကိုသွားပြီး အပ်ရသေးတယ်။ အပ်တော့လည်း ညနေမှ ယူတဲ့ပြောပါရော။ မရဘူး တော်ကြာ ၁၀ နာရီပွဲစမှာလို့ ပြောပြီး မြန်မြန်လုပ်ခိုင်းရသေးတယ်၊ ဗီနိုင်းမှာလည်း လက မှားနေလို့ ပြန်ပြင်ခိုင်းရသေးတယ်။

မနက် ဆယ်နာရီမှာတော့ ကျွန်မတို့တွေ ကရ၀ိတ်ကျွန်း အ၀င်ဝမှာ လူစုကြပါတယ်။ နောက်တော့ ကန်တော်ကြီး ကလေးကစားကွင်းအနီး ညနေပိုင်း သီချင်းဆိုတဲ့နေရာဝန်းကျင် မြေကွက်လပ်တစ်ခုကို သွားရောက်ကြပြီး ဘလောဂ့်ဂါ အချင်းချင်း မိတ်ဆက်ခြင်း၊ ဂိမ်းဆော့ခြင်း၊ Debate လုပ်ခြင်းများကို ပြုလုပ်ခဲ့ကြပါတယ်။ အစတုန်းက Role Play တွေပါ ဆော့ဖို့ စီစဉ်ထားခဲ့ပေမယ့် လူစုတာ နည်းနည်း အချိန်ကြာသွားတဲ့အတွက် ဒီအစီအစဉ်ကို မလုပ်ဖြစ်ခဲ့ပါဘူးရှင်။ ဆော့ဖြစ်ခဲ့တဲ့ ဂိမ်းလေးကတော့ Blogger ဖွက်တမ်းလို့ အမည်ပေးထားတဲ့ ဂိမ်းလေးဖြစ်ပါတယ်။

ဘလောဂ့်ဂါတွေရဲ့ နာမည်တွေ၊ ဘလောဂ့်နာမည်တွေကို လက်ဟန်ခြေဟန် အမူအရာတွေနဲ့ ဖွက်ပြီး အမည်ဖော်ရတဲ့ ဂိမ်းလေးပါ။ ငယ်ငယ်တုန်းက ရုပ်ရှင်ဖွက်တမ်း ကစားခဲ့သလိုပါပဲ။ အဖွဲ့ နှစ်ဖွဲ့ခွဲပြီး ပျော်ပျော်ပါးပါး ဆော့ကစားခဲ့ကြပါတယ်။ ဆော့ပြီးတော့ နေ့လည်စာ စားသောက်ကြပါတယ်။ နေ့လည်စာ စားပြီးတဲ့ အခါမှာ စောစောက အဖွဲ့နှစ်ဖွဲ့ကပဲ Debate အစီအစဉ်များကို ဆက်လက်ပြုလုပ်ခဲ့ပါတယ်။ Debate လုပ်ခဲ့တဲ့ ခေါင်းစဉ်တွေကတော့

  1. Blogger မှာ ရေးရတာကောင်းတယ် နဲ့ WordPress မှာ ရေးရတာ ကောင်းတယ်
  2. Blogger ဖြစ်ရတာ ကောင်းတယ်၊ Blogger ဖြစ်ရတာ မကောင်းဘူး
  3. facebook တောင် နည်းနည်းပါသေးတယ်။

ဆိုတာတွေပဲ ဖြစ်ပါတယ်။

Debate ပြီးသွားတော့ ကျွန်မတို့ လက်ရှိစုဝေးနေတဲ့ နေရာမှာ နေနည်းနည်းပူနေတာတဲ့ ချစ်သူကျွန်းကို ပြောင်းရွှေ့ခဲ့ကြပါတယ်။ ချစ်သူကျွန်းမှာလည်း ဆော့ခဲ့ကြ၊ ဓါတ်ပုံရိုက်ခဲ့ကြပါသေးတယ်။ ဘလောဂ့်ဂါ သားဖြိုးကလည်း ကိုနိုင်လင်း ရေးတယ်ဆိုလား၊ ကိုနိုင်ဝင်းရေးတယ်ဆိုလား သီချင်းစာသားကို ဂစ်တာတီးပြီး ဆိုပြခဲ့ပါတယ်။

နောက်တော့ တစ်ယောက်နဲ့ တစ်ယောက် လက်ကိုကြက်ခြေခတ်ယှက်ကိုင်ပြီး လက်တွေကို မဖြုတ်ပဲ အားလုံး စက်ဝိုင်းပုံ ပြန်ဖြစ်အောင် လက်တွေကို ဖြေယူရတဲ့ ဆော့ကစားနည်းကို ဆော့ခဲ့ကြပါတယ်။


ဒီနေ့တွေ့ဆုံပွဲလေးကို လာရောက်ပေးကြတဲ့ ဘလောဂ့်ဂါတွေကို ကျေးဇူးအထူးတင်ပါတယ်လို့ Organizer အားလုံးရဲ့ ကိုယ်စား ကျွန်မက ပြောချင်ပါတယ်။ ဘလောဂ့်ဂါ အချင်းချင်း အွန်လိုင်းမှာသာမက အပြင်မှာပါ ရင်းနှီး နွေးထွေးစေတဲ့ ဒီလိုအစီအစဉ်မျိုးကိ နောက်လည်း အခွင့်အခါသင့်သလို ပြုလုပ်ပေးသွားချင်ပါသေးတယ်။ ဘလောဂ့်ဂါတိုင်းကိုလည်း အွန်လိုင်းမှာသာမက အပြင်မှာ ချစ်ခင် ရင်းနှီးစေချင်ပြီး နောက်ပိုင်းမှာ လူမှုရေး လုပ်ဆောင်ချက်တွေကို တက်တက်ကြွကြွ လုပ်ဆောင်သွားနိုင်ဖို့ မျှော်လင့်ပါတယ်ရှင်။

ဒီနေ့ည (10) နာရီမှာတော့ ပြည်မြို့ကို Blogging Excursion အနေနဲ့ ထွက်ခွာကြအုံးမှာ ဖြစ်ပါတယ်။ ခရီးသွား အတွေ့အကြုံလေးတွေကို ပြန်လာမှပဲ ပြောပြတော့မယ်။ ခုသွားတော့မှာ လိုက်မလား။ မြန်မြန်လာလေ လိုက်မယ်ဆိုရင်နော်....

8/28/2009

လူဆိုသည်မှာ

အမေ မွေးစဉ်က
ကလေးသာသာမို့
လူ့ပြည်မှာ ပထမ
သုညက စခဲ့ရာ
လူသားမှန် အရွယ်ရင့်ကာမှ
ကြာမြင့်ချိန် တာရှည်ခဲ့ပေါ့
ကြီးခဲ့ရပြန်
လူဟူသည် လူသားအတွက်ပေပေါ့
လူဟူသည် လူအများအတွက်ပေမို့
ကိုယ့်တွက်သာ ဘယ်မဟုတ်လေဟု
လူ့သရုပ်ပီပြင်စွာ
ထင်လာခဲ့ စိတ်အတွေး
လှုပ်ရှားရုန်းကန်
ဘ၀လှိုင်းဒဏ်အကြား
ချော်လဲတစ်ခါ
ပြန်ထ တစ်လှည့်
ဖြတ်သန်းခဲ့ရ
ဒီလူ့ဘောင်တွင်
ရှုံးတသ်ခါ နိုင်တစ်လှည့်
သံသရာကို ရှည်စေခဲ့
ဆိုးကောင်း အတူမြဲပါလို့
ဒွန်တွဲလာ သင်္ခါရပေမို့
လူ့ရွာမှာ လူပီသအောင်
အားတင်းကာ ကြိုးစားနေဆဲ.....

ပြောင်းလဲခြင်း သဘောတရား

လောကမှ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းအရာလေးတစ်ခုကို ပြောပြချင်ပါတယ်။
လူတွေရဲ့ ပြောင်းလဲမှု မြန်ဆန်ပုံလေးပေါ့။
ကောင်မလေးတစ်ယောက်ရဲ့အကြောင်းပါ။ သူဟာ လူတွေအားလုံးကို မုန်းနေတယ်။
နောက်ဆုံး သူ့ကိုယ်သူလည်း မုန်းတယ်။ ဘာလို့လဲဆိုတော့ သူဟာ
မျက်မမြင်လေးတစ်ယောက်မို့လို့ပေါ့။
ဒါပေမဲ့ သူမ မုန်းတဲ့ထဲမှာ မပါဝင်တာကတော့ သူမရဲ့ချစ်သူ ကောင်လေးတစ်ယောက်ပဲရှိတယ်။
သူ့ချစ်သူဟာ သူ့နားမှာ အမြဲတမ်းနေပေးတယ်လေ။ တစ်နေ့တော့ သူ့ချစ်သူကို ပြောတယ်။
သူသာ ကမ္ဘာလောကကြီးတစ်ခုလုံးကို မြင်ရရင် ရှင့်ကို လက်ထပ်ပါမယ်လို့ ပြောတယ်။
တစ်နေ့မှာ တစ်စုံတစ်ယောက်က သူ့မအတွက် မျက်စိတစ်စုံ လှူဒါန်းခဲ့တယ်။ သူမဟာ
ကမ္ဘာလောကကြီးရယ်၊ သူ့ချစ်သူရယ် အရာအားလုံးကို မြင်ခွင့်ရခဲ့ပြီလေ။
သူ့ချစ်သူကောင်လေးက ပြောတယ်။
အခု မင်း မြင်ချင်တဲ့ ကမ္ဘာလောကကကြီးတစ်ခုလုံးကို မြင်ရပြီနော်။ မင်း
ငါ့ကို လက်ထပ်မှာလားလို့ ပြောရှာတယ်။ အဲဒီအချိန်မှာ ကောင်မလေးဟာ
တုန်လှုပ်ချောက်ချားသွားခဲ့တယ်။
ဘာလို့လဲဆိုတော့ သူ့ချစ်သူကောင်လေးဟာ မျက်မမြင်တစ်ယောက်ဖြစ်နေလို့ပေါ့။
သူမဟာ သူ အရမ်းချစ်တဲ့ သူ့ချစ်သူကို ငြင်းပယ်လိုက်ပါတော့တယ်။
ကောင်လေးဟာ စိတ်မကောင်းခြင်းများစွာနဲ့ ထွက်ခွာသွားတယ်။
နောက်တော့ စာလေးတစ်စောင်ရေးပြီး သူမဆီ ပို့လိုက်တယ်။
စာကြောင်းလေးကတော့
"Just take care of my eyes please." ပါတဲ့ရှင်။

အင်း လူသားတွေဟာ အမျိုးမျိုးပြောင်းလဲတတ်ကြတယ်။ အဆင့်၊ ရာထူး၊
ဂုဏ်ရှိန်အရာအားလုံးကြောင့် အမျိုးသမီးမှ မဟုတ်ဘူးနော်။
အမျိုးသားတွေလည်း ပြောင်းလဲမယ်ဆိုတာ ဒီပုံပြင်လေးက
သင်ခန်းစာပေးလိုက်တာပါပဲ။ လောကမှာ နားလည်မှု၊ တစ်ဦးကို တစ်ဦး သည်းခံမှု၊
ကိုယ်ဒုက္ခရောက်ခဲ့စဉ်က အဖြစ်အပျက်တွေကို မမေ့မလျော့ဘဲ မပြောင်းလဲတဲ့
အရိုးခံစိတ်ရင်းတွေ လူသားတိုင်း ပိုင်ဆိုင်စေချင်လို့ အင်တာနက်ကနေ
အင်္ဂလိပ်စာကို ကူးယူပြီး အင်္ဂလိပ်လို မသိနားမလည်တဲ့ ကျွန်မက အတတ်နိုင်ဆုံး
ဘာသာပြန်ကြည့်တာဖြစ်ပါတယ်။

8/26/2009

လူတိုင်း အလိုအပ်ဆုံးအရာ

ဘယ်တော့မှ ပြန်မရနိုင်သော အရာ(၃)မျိုး (၁) ကုန်ဆုံးသွားသော အချိန် (၂) ပြောပြီးသောစကား (၃) အခွင့်အရေးကောင်းများ


တန်ဖိုးအကြီးဆုံးအရာ(၃)ခု (၁) အချစ် (၂) မိမိကိုယ့် မိမိယုံကြည်မူ (၃) အခွင့်အရေးကောင်းများ
ဘယ်တော့မှ မသေချာသောအရာ(၃)မျိုး (၁) အိပ်မက် (၂) စိတ်ကူးရည်ရွယ်ချက် (၃) ကံကြမ္မာ
အကောင်းဆုံးဖန်တီးနိုင်သောအရာ(၃)မျိုး (၁) အလုပ် ကြိုးစားခြင်း (၂) စိတ်ရင်းအမှန်ဖြင့် ကြိုးစားခြင်း ၊ ရိုးသားခြင်း (၃) စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားခြင်း

ပျက်စီးစေသောအရာ(၃)မျိုး (၁) အရက်သေစာ (၂) မာနကြီးခြင်း ၊ မိမိကိုယ် မိမိ အထင်ကြီးခြင်းနှင့် ၀င့်ကြွားခြင်း (၃) ဒေါသကြီးခြင်း

တစ်ကြိမ်ဆုံးရူံးပြီးနောက် ပြန်လည်တည်ဆောက်ရန် ခက်ခဲသောအရာ(၃)မျိုး (၁) ရိုသေလေးစားခြင်း (၂) ယုံကြည်စိတ်ချမူ (၃) ခင်မင်ရင်းနှီးမူ
--
yamin
http://goldmyanmar.myanmarbloggers.org
http://yamin.iblogger.org


8/22/2009

အောင်မြင်ရေးသော့ချက် ခုနစ်ချက်

အောင်မြင်ရေးသော့ချက် ခုနစ်ချက်
အောင်မြင်ရေးသော့ချက်ကတော့ ခုနစ်ချက်ရှိပါတယ်။
၁။ ယနေ့သည်ကား မိမိဘ၀၏ နောက်ဆုံးအသက်ရှင်နေရသောနေ့ဖြစ်သည်ဟု သဘောပိုက်ကာ မိမိလုပ်လိုသမျှ၊ လုပ်စရာရှိသမျှတွေကို အစွမ်းကုန် ကြိုးစားလုပ်ပါ။

၂။ မိမိတစ်ဦးတည်း ဆောင်ရွက်ခြင်းဖြင့် လိုအပ်သော အကျိုးအာနိသင်များ ပြည့်ပြည့်၀၀ ခံစားရလေ့မရှိပါ။ အခြားသူများ၊ မိတ်ဆွေကောင်းများ၊ ကျွမ်းကျင်သူများ၏ အကူအညီများကိုပါ ရယူလုပ်ကိုင်ပါ။

၃။ များသောအားဖြင့် လူတွေဟာ မိမိတို့၌ ကိုယ်ပိုင်ရှိပြီး မီးခဲပြာဖုံးဉာဏ်ပညာနှင့် ခွန်အားရဲ့ ဆယ်ပုံတစ်ပုံကိုသာ သုံးစွဲနေလေ့ရှိကြတယ်။ မိမိရဲ့ ဉာဏ်အားနှင့်ကိုယ်အားတို့ကို အစွမ်းကုန် အပြည့်အ၀ထုတ်နုတ်လုပ်ကိုင် သုံးစွဲကြည့်လိုက်စမ်းပါ။ မိမိကိုယ်တိုင် အံ့သြ၍ မကုန်သော ရလဒ်များကို မုချ ခံစားကြရပါလိမ့်မယ်။

၎။ လူအများအကျိုးကို ရှေးရှုဆောင်ရွက်ပါ။ ပြည်သူများအတွက် လိုအပ်နေသော ကိစ္စရပ်များ၊ စီမံကိန်းများကို ဆောင်ရွက်ပေးပါ။ မိမိကြောင့် လူအများ အကျိုးခံစားရလေလေ၊ မိမိတွင်လည်း ပိုမိုအကျိုးခံစားရလေလေ ဖြစ်ပါလိမ့်မယ်။


၅။ သင်၏စိတ်ကူးအိပ်မက်၊ မျှော်မှန်းချက် ပန်းတိုင်အစစ်က ဘာလဲ။ ဆုံးဖြတ်ချက် သန္နိဌာန် ချမှတ်လိုက်ပါ။ အဲသည်နောက်မှာ သဲသဲမဲမဲ မရမနားလုပ်ပါ။ ကိုယ့်ပန်းတိုင်ဟာ ကိုယ်မူလ ထင်သလောက် မဝေးကွာတာကို မုချတွေ့ရပါလိမ့်မယ်။

၆။ ဇွဲထား၍ တွန်းအားပေးကာ ရှေ့သို့သာ ဆက်လုပ်သွားပါ။ ကြိုးစားသွားပါ။ လိုရာမဖြစ်သေးသရွေ့ ကာလပတ်လုံး ကြာရှည်စွာ အလျှော့မပေး၊ အရှုံးမပေးဘဲ သည်းခံဇွဲတင်းရုန်းကန်သွားပါ။ ကိုယ့်ကို တားဆီးနေသမျှသော အခက်အခဲများ၊ ရန်သူများသည် မုချ တစ်စတစ်စ လက်ပန်းကျ လက်လျှော့သွားကြသည်ကို တွေ့ရပါလိမ့်မည်။

၇။ အောင်မြင်ခြင်းဆိုသည်မှာ မိမိ၏ဉာဏ်အား၊ ကိုယ်အားအပြည့်အ၀ အစွမ်းကုန်ဆောင်ရွက်မှ ရရှိတတ်ပါတယ်။ မလိုအပ်သောကိစ္စများ၊ ပကာသနများ၌ မိမိရဲ့အချိန်၊ ငွေနှင့် အင်အားတွေကို မဖြုန်းတီးမိရန် အထူးသတိပြုပါ။ အလည်အပတ်သွားခြင်း၊ ပေါင်းသင်းဆက်ဆံရေးကို ဗန်းပြ၍အချိန်ဖြုန်းခြင်း၊ ရုပ်ရှင်၊ လောင်းကစားလိုက်စားခြင်းမှ ရှောင်ကြဉ်ပါ။

AOTS Scholarship

အောက်ဖော်ပြပါ AOTS Scholarship Program ကို စိတ်ပါဝင်စားသူများ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်သို့ ဆက်သွယ် လျှောက်ထားနိုင်ကြပါသည်။

Program Name : The Training Program on Instructors for ITSS / ITEE in Asian Countries [ENIT]

Duration : 11 November – 1 December 2009

Venue : Yokohama, Japan

Application Deadline : 27 August 2009 (Thursday) 4:00 PM

-------------------------------------------------------------------------------------------------------

The qualified person can sit for the following Interview

Date : 29-8-2009 (Saturday)

Time : 10:00 AM

Place : Meeting Room of e-Learning Center, MCF

8/21/2009

နေ့စ္စဓူဝ

ဘာပဲလုပ်လုပ်
အဆင်မပြေနိုင်မှုတွေသာ
ပဲ့တင်ထပ်နေတဲ့ နေ့စ္စဓူဝမှာ
စိတ်ကျလေကြမ်းတွေ
ငါ့ဘ၀အိပ်ခန်းထဲတိုးဝှေ့
အိပ်မွေ့ချခံထားရတဲ့
ယုံကြည်ချက်နဲ့
အငိုမတတ်ဘဲကျတဲ့
မျက်ရည်တွေကို
သတ်ပုံစစ်ဖို့တောင်
မေ့လျော့နေတော့တယ်.......။