12/31/2008

Happy New Year 2009


မင်္ဂလာနှစ်သစ်ပါနော်.....

ဒီဇင်ဘာ ၃၁ ည ရင်ခုန်သံ

(၂၀၀၉ ကို ကြိုဆိုလျက်)

ဘလောဂ့်လောက အစပြုခဲ့
ဘလောဂ့်မောင်နှမတွေသည်
ချစ်ခင်ကြည်ဖြူ
ညီတူလက်တွဲ
တစ်ယောက်အခက်အခဲ
တစ်ယောက်ကူညီ
နှစ်ဟောင်းမှ နှစ်သစ်သို့
တိုင်ခဲ့လေပြီ...
အဆုံးမရှိ နှစ်များစွာတွင်း
ရင်းနှီးစိတ်ရင်း
ဒီစိတ်နဲ့ပင်
လာမည့်နှစ်များ
ဖြတ်သန်းချင်သည်
၂၀၀၈ ဒီဇင်ဘာ ၃၁
ည ၁၂ နာရီမှ တည်စေသော်....

(နှစ်ဟောင်းမှနှစ်သစ်များစွာတိုင် ယမင်းဖြစ်ချင်သည့်အကြောင်းအရာကို ထုတ်ဖော်လိုက်ပါတယ်။ ယမင်းရဲ့စိတ်ရင်းကို ဒီကဗျာနဲ့ တံတားလို ခင်းပေးလိုက်ပါပြီ။ ယမင်းရဲ့စိတ်ရင်းတံတားလေးပေါ်ကနေ ဘလောဂ့်မျှော်စင်များ ဆက်လက် တည်ဆောက်နိုင်ကြပါစေနော်။)
ဒီတစ်လော အရမ်းပျော်ရွှင်ဖို့ ကောင်းခဲ့ပါတယ်။ ပျော်စရာ မောင်နှမတွေနဲ့ ခင်မင်ရင်းနှီးခွင့်ရခဲ့တာဟာ နှစ်ဟောင်းမှာ တန်ဖိုးမဖြတ်နိုင်တဲ့ ဆုတစ်ခုအဖြစ် လက်ခံမိပါတယ်။

12/27/2008

ပထမ ဆုရှင် ကိုမျက်လုံး


ကိုမျက်စိကို ဆုပေးသူကတော့ ပွဲစီစဉ်သူ ကိုဇော်ဇော်ဖြစ်ပါတယ်ရှင့်။

12/25/2008

My Web My style ကို ရောက်ခဲ့မိခြင်း


ဒီနေ့ မနက် MICT ကို ရောက်ရှိခဲ့ရခြင်းအကြောင်းက မနေ့က ဘလာဂေါက်က အမရေ... မနက်ဖြန် မနက်ကို လာခဲ့ပေးဦးဆိုလို့ My Web My Style ဆိုတဲ့ လူလေးများရဲ့ ဆိုဒ်ပြိုင်ပွဲကို ရောက်ရှိခဲ့ပါတယ်။ ထုံးစံအတိုင်းပေါ့.... ညီမလေးတွေနဲ့ ကားဂိတ်မှာဆုံ ပြီးတော့ သွားကြတော့။
ကားဂိတ်မှာပဲ စိုးဇေယျနဲ့တွေ့တယ်။ အမ  လာလေ သွားမယ်...ဆိုလို့ ကြည့်လိုက်မိတော့ လားလား စိုးဇိယျပဲ။ အေး အမလည်း သွားမလို့ အမ ညီမတွေ စောင့်နေတာဆိုပြီး အထဲရောက်တော့ ပြိုင်ပွဲဝင်ဆိုက်ဒ်က ၁၅ ခုပဲ ပြိုင်ပြီး ပြပွဲဆိုပြီး ဆိုက်ဒ်တွေလည်း ပြသထားတာကို တွေ့ရတယ်။ အဲဒီထိ မဆိုးဘူးပေါ့။ စပြလည်း ပြရော... အဲဒီမှာ ဘယ်လိုလဲဆိုတော့ အွန်လိုင်းနဲ့ မဟုတ်ပဲ အော့လိုင်းဖြစ်နေတာကို တွေ့ရတယ်။ အင်း ဒါတော့ မဖြစ်သင့်ဘူးလေ။ ဆိုက်ဒ်ပြိုင်ပွဲပါဆိုမှ အွန်လိုင်းမရတော့ ဘယ်လိုလုပ်မလဲပေါ့။ သူတို့တွေ ဒေါင်းလုတ်ဆွဲလာတဲ့ ပေ့စာမျက်နှာတွေပဲ ပြသရတော့တာပေါ့။ ဒီကြားထဲ လာကြည့်တဲ့သူတွေက ကလစ်နှိပ်ရင် အယ်တာတက်ရော... ပြိုင်ပွဲက မိုက်တယ်။ ပြိုင်ပွဲမှာ မိန်းကလေးတစ်ယောက်ပဲ ပါပြီး ကျန်တာ ယောက်ျားလေးဆိုက်တွေကြီးပဲ။  အကုန်ရေးရရင် အိမ်ပြန်နောက်ကျတော့မယ်။ အဲဒီမှာ သိသလောက်ပေါ့။ ပြိုင်ပွဲဝင် စာရင်းကို ဘန်နာပုံစံနဲ့တင်သင့်တယ်လို့ မြင်တယ်။ ဘယ်ဆိုက်တွေက ပြပွဲလဲ ပြိုင်ပွဲလဲဆိုတာ မရှင်းဘူး။ မဲပေးတဲ့သူတွေကလည်း မပါတဲ့ဆိုက်တွေကော ပေးနေကြတာကို မြင်တွေ့ရတာ တော်တော်တော့ ရယ်စရာကောင်းတယ်။  ကဲ ကိုယ်လည်း မှတ်မိသလောက် နာမည်ပြန်ပြောပြမယ်နော်။
၁။ ဘလာဂေါက်
၂။ ကိုမျက်လုံး
၃။ စိုးဇေယျ
၎။ မင်းယွန်းသစ်
၅။ အရှင်ဦးကောဝိဒ (စစ်ကိုင်း)
၆။ သက်ပိုင်ခ
၇။ နန္ဒ
၈။ သူတို့နှစ်ယောက်ရဲ့ဆိုက်နောက်တစ်ခုဆိုလားပဲ
၉။ မိုင်မက်ထရို
၁၀။ ဂျစ်ပစီ
၁၁။ ညီလင်းဆက်
၁၂။ ကိုမောင်လှ
၁၃။ မောင်လေး ထူးတေဇာ
၁၄။ မောင်လေး မျိုးကျော်ထွန်း
၁၅။ ပင့်ဂိုး
တို့ပဲ ဖြစ်ပါတယ်။ သူတို့ဆိုက်တွေမှာတော့ ပြည့်ပြည့်စုံစုံ တင်လိမ့်မယ်ထင်တယ်။ အဲဒီမှာ မဲအများဆုံးရရှိသွားတဲ့ သူကတော့ ကိုမျက်လုံးပဲဖြစ်ပါတယ်ရှင်။ နောက်ဆုထပ်ရတဲ့သူ သက်ပိုင်ခပေါ့။ ဒါနဲ့ ပွဲပြီးသွားရော ဆိုပါတော့။ အွန်လိုင်းကတော့ ဖြစ်မလာတော့ဘူးလေ။ ပြန်တော့မယ်ဆိုတော့ စက်သိမ်းနေကြတဲ့ ဘလာဂေါက်တို့က အမ မပြန်နဲ့ဦး ကျွန်တော်တို့ ပြီးအောင်စောင့်ဦးတဲ့။ ဒါနဲ့ စက်သိမ်းနေတုန်း ပြန်လစ်လာခဲ့တယ်။ သူတို့က သောက်ကြစားကြမှာလေ... လိုက်သွားလို့ ဘယ်ကောင်းမလဲ..... ဒါနဲ့ အပြန် ညီမလေး ဆုဝေနဲ့ ပြန်လာတော့ နန္ဒတို့က အမတို့ကို မုန့်ကျွေးမယ်တဲ့ လိုက်ခဲ့ဆိုလို့ သက်ပိုင်ခရယ်၊ နန္ဒရယ်၊ ဂိုဏ်းချုပ်ဆိုတဲ့ မျိုးသူရတို့နဲ့ ကော်ဖီဆိုင်ထိုင် ကလေးတွေတိုက်တဲ့ ကော်ဖီသောက်ပြီး ဆုဝေနဲ့ ဘာပွဲလည်းမသိဘူးဆိုပြီး လမ်းမှာ ၀င်ကြည့်သေးတယ်။ ဘာမှလည်း မရှိတာနဲ့ လှည်းတန်းကို ကားစီးပြီး စိန်ဂေဟာကို ၀င်ငမ်း... အဲလေ ၀င်ကြည့်ဖြစ်သေးတယ် ကြည့်တာပါ ၀ယ်နိုင်ဘူး။ တော်တော်တော့ စည်တယ်။ ဒါနဲ့ ကားဂိတ်ဝေးဝေးကြီးကို နှစ်ယောက်သား လမ်းလျှောက်လိုက်ကြတာ ခု ထိုင်ရေးတဲ့ဆိုင်ကို ရောက်ရောဆိုပါတော့။ တော်တော်များကို တွေ့ရလို့လဲ ၀မ်းသာမိပါတယ်။ ညမီးအိမ်တို့၊ ရွာသားလေးတို့၊ ပီကေတို့ကတော့ အရင်ထဲက သိတယ်ဆိုတော့ ခု ထပ်သိရတာပေါ့။ ဘာပဲပြောပြော အချိန်ပိုင်းအလုပ်လေး နည်းနည်းပြစ်ပြီး သွားလိုက်တာ ကိုယ့်ရဲ့မောင်နှမတွေနဲ့ တွေ့ရတဲ့အတွက် အကျိုးရှိပါတယ်။ နောင်လည်း အမြဲဆုံကြတွေ့ကြရင် ပိုကောင်းမယ်လို့ ပြောကြားရင်းနဲ့ လာမယ့်နှစ်ကိုလည်း ဒီလိုပွဲလေး လုပ်ဖြစ်ပါစေလို့ ဆုတောင်းရင်းနဲ့ ဗိုက်ဆာလာပြီ အိမ်ပြန်တော့မယ် နော်.... တာ့တာ....


12/23/2008

ဆေးလိပ်သောက်ခြင်း၏ ဆိုးကျိုးများ






ကမ္ဘာတစ်ဝှမ်း လူတွေ သေဆုံးရခြင်း၏ အဓိက အကြောင်းများထဲတွင် ဆေးလိပ်သောက်ခြင်းဟာ တစ်ခု အပါအဝင်

ဖြစ်ပါတယ်.. အမေရိကတွင် နေ့စဉ် ပျမ်းမျှ လူ ၁,၀၀၀ ခန့် ဆေးလိပ်သောက်ခြင်းကြောင့် သေဆုံးနေပြီး၊ သေဆုံးသူ ၆ ဦးတွင်

၁ ဦး မှာ ဆေးလိပ်ကြောင့် ဖြစ်ပါတယ်.. ဆေးလိပ်သောက်ခြင်းဟု ဆိုရာတွင် စီးကရက်၊ ဆေးတံ၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်

စတဲ့ ဆေးရွက်ကြီးကို နည်းအမျိုးမျိုးဖြင့် ရှူရှိုက်သောက်သုံးခြင်းများ ပါဝင်ပါတယ်..
ဆေးလိပ်သောက်ခြင်းဟာ ကြီးစွာသော ကျန်းမာရေး ခြိမ်းခြောက်မှုကို ဖြစ်စေရုံသာမက လူမှုဆက်ဆံရေးမှာလည်း

အနှောက်အယှက် တစ်ခုဖြစ်ပါတယ်.. ဆေးလိပ်သောက်ခြင်းကြောင့် ခန္ဓာကိုယ်တွင်းသို့ ဓာတုပစ္စည်း အမျိုး ၄,၀၀၀ ကျော်

ဝင်ရောက်ပြီး ဇီဝကမ္မ လုပ်ငန်းစဉ်ကို ထိခိုက် ပျက်စီးစေပါတယ်.. ၎င်းတို့ထဲတွင် နီကိုတင်းဓါတ် (Nicotine)၊ ကတ္တရာ (Tar)၊

ကာဗွန်မိုနောက်ဆိုဒ် (Carbon Monoxide)၊ နိုက်ထရိုဂျင်အောက်ဆိုဒ်များ (Nitrogen Oxides)၊ ဟိုက်ဒရိုဂျင် ဆိုင်ရာနိုက်

(Hydrogen Cyanide)၊ သတ္တုဓါတ်များ (Metals)၊ အမိုးနီးယား (Ammonia) နဲ့ ရေဒီယိုသတ္တိကြွ ဓါတ်ပေါင်းများ (Radioactive

Compounds) တို့ပါဝင်ပါတယ်.. ဆေးလိပ်ရှိုက်ဖွာလိုက်တာနဲ့ တစ်ပြိုင်နက် လတ်တလော ခန္ဓာကိုယ်တွင်း ပြောင်းလဲမှုများမှာ

  • အဆုတ်လေပြွန်ကို ကျဉ်းစေခြင်း
  • နှလုံးခုန်နှုန်းကို မြန်စေခြင်း
  • သွေးဖိအားကို

    တိုးစေခြင်း
  • သွေးကြောငယ်များကို ကျဉ်းစေခြင်း
  • ဆေးလိပ်တွင် ပါဝင်သော ကာဗွန်မိုနောက်ဆိုဒ်က

    ခန္ဓာကိုယ် တစ်ရှူးများရဲ့ အောက်ဆီဂျင် လိုအပ်မှုကို အဟန့်အတား ဖြစ်စေခြင်း တို့ဖြစ်ပါတယ်

ဆေးလိပ်သောက်ခြင်းကြောင့် ရေရှည် ဆိုးကျိုးများလည်း ခံစားရမှာ ဖြစ်ပါတယ်.. အဆုတ်ကင်ဆာ (Lung Cancers)၊

အဆုတ်လေပြွန် ကျဉ်းစေသော ရောဂါ (Emphysema)၊ နာတာရှည် အဆုတ်လေပြွန်ရောင် ရောဂါ (Chronic Bronchitis) စတဲ့

အဆုတ်ရောဂါများအပြင် နှလုံးသွေးကြောဆိုင်ရာ ရောဂါများကိုလည်း ဖြစ်ပွားစေပါတယ်.. နောက်ထပ် ဖြစ်နိုင်တဲ့

ရောဂါများကတော့ ခံတွင်းနှင့် လည်ချောင်းကင်ဆာများ၊ ဆီးအိမ်၊ ကျောက်ကပ်၊ ပန်ကရိယ ရောဂါများ ဖြစ်ပွားစေပါတယ်..

သွား၊ လက်ချောင်း ၊ ဆံပင်တို့ကိုလည်း ဆေးလိပ်ငွေ့ အရောင်းစွန်းထင်းမှု ရှိစေခြင်း၊ ခံတွင်းနှင့် အဝတ်အစားများကိုလည်း

အနံ့အသက်စွဲစေခြင်း တို့ကြောင့် လူမှုဆက်ဆံရေး နယ်ပယ်တွင်လည်း အနှောက်အယှက် ဖြစ်စေပါတယ်..
ဆေးလိပ်မှာ ပါဝင်တဲ့ နီကိုတင်း (Nicotine) ဟာ အာရုံကြောနဲ့ ကြွက်သားဆုံချက် (Nerve Muscle Junction) တွင်

အကျိုးသက်ရောက်မှုကြောင့် ခြေလက်များ တုန်ခြင်း၊ သွေးကြောငယ်များကို ကျဉ်းစေခြင်းကြောင့် နှလုံးအတွက် ဝန်ပိစေခြင်း၊

သွေးတိုးစေခြင်း၊ ခြေဖျားလက်ဖျားများ အေးစေခြင်း၊ အာရုံကြောစနစ်ကို လှုံဆော်မှုကြောင့် စိတ်လှုပ်ရှားနိုးကြားမှုဖြစ်ခြင်း

(Excitement)၊ စိုးရိမ်ပူပန်ခြင်း (Anxiety) များတဒင်္ဂဖြစ်ပေါ်ပြီး နီကိုတင်း ပြယ်သွားသည်နှင့် စိတ်ကျခြင်း (Depression)

ဖြစ်ပေါ်လာတတ်ပါတယ်.. နီကိုတင်းဟာ စွဲစေတဲ့ ဓါတ်တစ်မျိုးဖြစ်ပါတယ်..
ဆေးလိပ်သောက်သူအတွက်တော့ ဗိုက်တာမင်အားဆေးများ သုံးစွဲခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း တို့ထက် ကျန်းမာရေးအတွက်

အကောင်းမွန်ဆုံးနည်းလမ်းမှာ ဆေးလိပ်ဖြတ်ခြင်းပင် ဖြစ်ပါတယ်.. ဆေးလိပ် ဖြတ်လိုက်သည်နှင့် တစ်ပြိုင်နက် ကိုယ်ခန္ဓာ

ကျန်းမာရေးသည်လည်း အကောင်းဖက်သို့ ဦးတည်လာပါတယ်.. တစ်နေ့လျှင် မိနစ် ၂၀ တစ်ပတ် ၃ ကြိမ်

လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ခန္ဓာကိုယ်မှ ဆေးလိပ်အဆိပ်သင့်မှုများ တဖြည်းဖြည်း လျော့ပါးလာပါတယ်..

လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ချွေးထွက်ခြင်းကြောင့်၎င်း၊ အောက်စီဂျင်ကို လုံလောက်စွာ ရှူရှိုက်ရ၍၎င်း နီကိုတင်းဓါတ်များ

လျော့ပါးလာစေပါတယ်.. ဆေးလိပ်ဖြတ်စတွင် အိပ်မပျော်ခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်တိုလွယ်ခြင်း၊ ချောင်းဆိုးခြင်း အစရှိတဲ့

လက္ခဏာများ ခံစားရနိုင်ပြီး ဆေးလိပ် အလွယ်တကူ ရှိသောနေရာ၊ ဆေးလိပ် သောက်သူရှိသော နေရာများကို

ရှောင်ရှားရပါမယ်.. နီကိုတင်း အစားထိုးဆေးများကို ဆရာဝန်ညွှန်ကြားချက်နှင့် သုံးစွဲပြီး ဖြတ်နိုင်ပါတယ်.. အခြား နီကိုတင်း

အစားထိုးစရာများကတော့ နီကိုတင်းပါသော Gum ၊ ရှူဆေးများ (Inhaler)၊ နှာခေါင်းဖျန်းဆေးများ (Nasal Spray)

တို့ဖြစ်ပါတယ်..



References;
http://www.gumauctions.com/article/616/Learn-The-Advantages-And-Disadvantages-Of-Smoking-And-How-

To-Quit/
http://www.knowledgebase-script.com/demo/article-222.html
http://www.nutri.com/smoking/

12/20/2008

Merry X'ms

Photobucket
Photobucket