11/29/2008

လနဲ့ ကြာသပတေးဂြိုဟ် စုံတွဲခုတ်တဲ့ နိုဝင်ဘာညကောင်းကင်


၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့က ကမ္ဘာ့အနောက်ခြမ်းရဲ့ ညချမ်းကောင်းကင်မှာ ဆန်းစသော်တာ ငွေလှေ လခြမ်းနဲ့ တောက်ပ စူးလင်းနေတဲ့ ကြာသပတေးဂြိုဟ်စုံတွဲကို မြင်တွေ့ခွင့်ရခဲ့ပါတယ်။ ဆည်းဆာအလွန်ကာလမှာ နေမင်းကြီး ကွယ်တဲ့နေရာမှာ အနီးတစ်ဝိုက်မှာ တွေ့ရှိရခြင်းဖြစ်ပါတယ်။
    အမေရိကန်နဲ့ ဥရောပကဲ့သို့သော မြောက်အလယ်ပိုင်း လတ္တီတွဒ်ဒေသတွေမှာ လူတွေဟာ ငွေလှေ လခြမ်းနဲ့ ကြာသပတေးဂြိုဟ်တို့ကို အထင်အရှားတွေ့မြင်ခဲ့ရပါတယ်။ လအနီးမှာ နေတစ်ဆူပမာ တောက်ပနေတဲ့ ကြာသပတေးဂြိုဟ်ကြီးကို ကမ္ဘာ့အနှံ့အပြားမှ တွေ့မြင်နိုင်ပါတယ်။ ကမ္ဘာမှ အတောက်ပဆုံး တွေ့မြင်တဲ့ သောကြာဂြိုဟ်ကို ကြာသပတေးဂြိုဟ်နဲ့ မှားယွင်းဖွယ် မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကြာသပတေးဂြိုဟ်က နေမင်းကြီးမှလွဲရင် အတောက်ပဆုံးဖြစ်နေပြီး လနဲ့လည်း နီးကပ်စွာ တည်ရှိနေတာကြောင့်ပါပဲ။ နိုဝင်ဘာလအတွင်းမှာ သောကြာဂြိုဟ်က အထက်တက်ပြီး ကြာသပတေးဂြိုဟ်အနီးသို့ ချဉ်းကပ်လာတာကို တွေ့ရမယ်။
       ကမ္ဘာပေါ်ရှိ ဒေသအလိုက် နိုဝင်ဘာလ ၃၀ ရက်နေ့ သို့မဟုတ် ဒီဇင်ဘာ ၁ ရက်နေ့ ဆည်းဆာအလွန်မှာ သောကြာဂြိုဟ်နဲ့ ကြာသပတေးဂြိုဟ်တို့ နက္ခတ်ချင်း ယှဉ်တွဲနေပုံကို တွေ့ရှိရလိမ့်မယ်။ ဒါကြောင့် နိုဝင်ဘာလအတွင်းမှာ သောကြာဂြိုဟ်နဲ့ ကြာသပတေးဂြိုဟ်တို့ကို ရှာဖွေလေ့လာကြည့်သင့်တယ်။ နေနဲ့ ဒုတိယအနီးဆုံး ပတ်လမ်းကြောင်းက ဂြိုဟ်မှာ သောကြာဂြိုဟ်က ကြာသပတေးဂြိုဟ်ထက် ရွေ့လျားမှုပိုပြီး လျင်မြန်တယ်။ သောကြာဂြိုဟ်ရဲ့ ရွေ့လျားမှုနှုန်းက တစ်စက္ကန့်ကို ၂၁ မိုင်ဖြစ်ပြီး ကြာသပတေးဂြိုဟ်ကတော့ တစ်စက္ကန့်ကို ၈ မိုင်နှုန်းနဲ့ ရွေ့လျားပြီး နေမင်းကြီးကို လှည့်ပတ်နေကြမှာ ဖြစ်ပါတယ်။

ဒါဆိုရင် ကောင်းကင်ကို မော့ကြည့်ပြီး အရမ်းတောက်ပနေတဲ့ ကြယ်မောင်နှံလို့တောင် ပြောလို့ရနေပြီပေါ့။ ကြည့်ဖြစ်အောင် ကြည့်လိုက်ဦးနော်။ ခဏတာ စိတ်ချမ်းသာမှုတော့ ရလိမ့်မယ်ထင်မိပါတယ်။

ကျွန်မ ဖတ်ခဲ့မိတဲ့ သိပ္ပံနှင့် နည်းပညာဂျာနယ်စာအုပ်ထဲက ပြန်လည် တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။
အားလုံး ပျော်ရွှင်နိုင်ကြပါစေ...

11/26/2008

”Ten Things I Hate About Myself”

မောင်လေး ဟန်သစ်ငြိမ်ရဲ့ ဖိတ်ခေါ်ချက်အရ...
ဘာလဲတော့ မသိဘူးပေါ့...
"Ten Things I Hate About Myself"

၁။ လူကဲခတ် ညံ့ဖျင်းခြင်း
၂။ လုပ်ချင်တာ သိများနေခြင်း
၃။ လူတိုင်းကို ယုံကြည်စိတ်ရှိခြင်း
၎။ တစ်ယောက်ထဲ အလုပ်များနေခြင်း
၅။ သူတစ်ပါးကို အမြဲကူညီတတ်ခြင်း
၆။ လုပ်ချင်ရာကို မဖြစ်မနေ လုပ်တတ်ခြင်း
၇။ အပေါင်းအသင်း အရမ်းပဲ သံယောဇဉ်ကြီးခြင်း
၈။ သူတပါးမကျေနပ်လည်း မှန်ရာကို ပြောတတ်ခြင်း
၉။ မိမိ သိနေတာကို ပြန်လည်ဖောက်သည်ချတတ်ခြင်း
၁၀။ လူအများ၏ ဂရုတစိုက် အသိအမှတ်ပြုမှုကို လိုအပ်ခြင်း

ဤသို့ဖြင့်…
လူ များကို ယုံကြည်၊ အလုပ်များ ကူညီတတ်ပြီး သံယောဇဉ်ကြီးသူ မိမိ၊ အားလုံးရဲ့ အသိအမှတ်ပြုမှုကို မျှော်လင့်နေပါတယ်။

မောင်လေး ဟန်သစ်ငြိမ်ရေ... ရေးတတ်သလို စိတ်ထဲရှိတာ ချရေးလိုက်ပြီနော်။

အမလည်း ပြန်တက်ဂ်လိုက်မယ် ကဲ ဘယ့်နှယ့်လဲ
၁။ ဟိန်းညီ
၂။ အံ့မင်းညို
၃။ သီဟညိမ်း
၎။ သန့်ယဉ်ကို
၅။ အဲလာ
၆။ နွေဆူးလင်္ကာ
၇။ ဇောင်း
၈။ မသက်ဇင်

11/23/2008

ဘ၀ဆိုတာ...



> Life is an opportunity, benefit from it.
> ဘ၀ဆိုတာ အခွင့်အရေး... အကျိုးရှိအောင်လုပ်ပါ...
> Life is a beauty, admire it.
> ဘ၀ဆိုတာ အလှတရား... လေးစားပါ...
> Life is a dream, realize it.
> ဘ၀ဆိုတာ အိမ်မက်.... လက်တွေ့အကောင်အထည်ဖေါ်ပါ..
> Life is a challenge meet it.
> ဘ၀ဆိုတာ စိန်ခေါ်မှူ... ရင်ဆိုင်ပါ...
> Life is a duty, complete it.
> ဘ၀ဆိုတာ တာဝန်... ပြီးမြောက်အောင်လုပ်ပါ...
> Life is a game, play it.
> ဘ၀ဆိုတာ ကစားပွဲ... ကစားပါ...
> Life is a promise fulfill it.
> ဘ၀ဆိုတာ ဂတိ... ဖြည့်ဆည်းပါ...
> Life is sorrow, overcome it.
> ဘ၀ဆိုတာ ၀မ်းနည်းမှု... ကျော်လွှားပါ...
> Life is a song, sing it.
> ဘ၀ဆိုတာ သီချင်း... သီဆိုလိုက်ပါ....
> Life is a struggle, accept it.
> ဘ၀ဆိုတာ ရုန်းကန်မှု... လက်ခံပါ....
> Life is a tragedy confront it.
> ဘ၀ဆိုတာ အလွမ်းဇတ်လမ်း... ရင်ဆိုင်လိုက်ပါ...
> Life is an adventure, dare it.
> ဘ၀ဆိုတာ စွန့်စားခန်း... ရဲရင့်လိုက်ပါ...
> Life is luck, make it.
> ဘ၀ဆိုတာ ကံကောင်းမူ... ဖြစ်အောင်လုပ်ပါ...
> Life is life, fight for it.
> ဘ၀ဆိုတာ ဘ၀... ယှဉ်ပြိုင်တိုက်ခိုက်ပါ...



Web အကြောင်း တစေ့တစောင်း

၁၉၈၉ ခုနှစ် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ခပ်ငယ်ငယ် ရူပဗေဒဓာတ်ခွဲခန်းဌာန (CERN) တစ်ခုမှ Web ကို မွေးဖွားပေးလိုက်ပါတယ်။ ကွန်ရက်ကြီးတစ်ခုပေါ်တွင် document များကို သက်ဆိုင်ရာ ချိတ်ဆက်မှု Link များနှင့်အတူ 'hypertext' process ကို အသုံးပြုပြီး information management system တစ်ခုကို ကွန်ပျူတာသိပ္ပံပညာရှင်တစ်ဦးဖြစ်သူ Tim Berners-lee က ပထမဦးဆုံး ဆွေးနွေးတင်ပြခဲ့ပါတယ်။ သူနှင့်အတူ Robert Cailliau တို့သည် Web  ၏ မူလပုံကြမ်းကို အကောင်အထည်ဖော်ကာ တင်ပြပေးခဲ့ခြင်း ဖြစ်ပြီး အများ၏ လက်ခံဆောင်ရွက်မှုနှင့်အတူ ဖြစ်ပေါ်လာသော Web ၏ အစပိုင်း နှစ်အတော်ကြာအထိ Webpage များမှာ text ဖြစ်သာ ဖန်တီးခဲ့တယ်လို့ သိရပါတယ်။ ၁၉၉၂ ခုနှစ်တွင် တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် ရေတွက်မယ်ဆိုရင် Websever ၅၀ ခန့်ရှိခဲ့ပါတယ်။ Web ကြီးထွားမှု အရှိန်အ၀ါကိုလည်း ၁၉၉၂ ခှုစ်မှ စတင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ၁၉၉၂ ခုနှစ်မှာ ပထမဆုံး graphical browser (NCSA Mosaic) ကို စတင်မိတ်ဆက်လာခဲ့သောကြောင့် ဖြစ်ပါတယ်တဲ့။ ထိုအချိန်မှစပြီး သုတေသနလုပ်ငန်း အသိုင်းအ၀ိုင်းက ပြင်ပမှာရှိတဲ့ ထုထည်ကြီးမားတဲ့ ဆက်သွယ်မှုတွေ ရှိလာစေနိုင်သော mass media ကို ရောက်ရှိသွားတာကြောင့် ဖြစ်ပါတယ်။ Web ဖွံ့ဖြိုးတိုးတက်တဲ့ ကိစ္စအ၀၀ကို Massachusetts Institute of Technology (MIT) မှာရှိတဲ့ အပျော်တမ်း ဆောင်ရွက်သော အဖွဲ့အစည်းတစ်ခုမှ World Wide Web Consortium (W3C) အမည်နှင့် ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။ ပိုမိုကျယ်ပြန့်စွာ လေ့လာလိုပါက www.inria.fr/Actualites/ cailliau-fro.html ဒါမှမဟုတ် wdvl.com/internet/history သို့မဟုတ် www.w3c.org/history.html တို့မှာ ၀င်ရောက်လေ့လာနိုင်ပါကြောင်း.....

11/22/2008

မှာတမ်း


သူငယ်ချင်း
မင်းတို့ကိုသာ
စိတ်ချစွာ ငါ
မှာချင်ပါတယ်
ငါ သေသွားသော်
ငါ့အိမ်လေးမှာ
အများအကျိုးတွက်
ဆက်လက်လုပ်ဆောင်စေချင်တယ်
သန့်ရှင်းစွာဖြင့်
ငါ တည်ဆောက်ခဲ့
ဒီအိမ်လေးကို
အမြဲလာလည်စေချင်တယ်
ငါ့ကို မေ့ချင်မေ့သွားပစေ
တတ်နိုင်သရွေ့
ငါ့ရဲ့ မတောက်တခေါက်ပညာ
ချွေးနည်းစာနှင့်
စုကာဆောင်းကာ
ငါ ကြိုးစားခဲ့
ငါ့ရဲ့အရိပ်နဲ့
ထပ်တူညီတဲ့
ဒီအိမ်လေးကို
ဝိုင်းဝန်းစောင့်ရှောက်
ရှိစေချင်တယ်
ငါ့ရဲ့ အမှာစကား
ဖြစ်ပါတယ်သူငယ်ချင်း....

ဒီပိုစ့်လေးက ကျွန်မ တင်ပြီးသားပိုစ့်လေးပါ။ ကိုယ့်ဘာသာရေးပြီး အရမ်းသဘောကျခဲ့မိပါတယ်။ အားလုံးကိုလည်း ယုံကြည်တယ်လေ။ တစ်နေ့တစ်ချိန်ကျရင်.....

11/21/2008

အောင်မြင်မှု

တိုးတက်မှုမရှိဘဲ ချောင်ပိတ်မိနေတဲ့
အခြေအနေမျိုးကို ငါချည်းပဲ
ကြုံတွေ့နေရတာ မဟုတ်ကြောင်း သိထားစမ်းပါ....
စွန်တစ်ကောင်ဟာ လေဆန်ကို ပြန်ပြီး
အဆိုးဆုံး အခက်အခဲတွေ့ ရင်
လေဆန်တောင် ပြန်သွားသေးတာဘဲ
ငါလည်းဘဲ သူလို နေနိုင်အောင် ကျင့်ရမယ်လေ....

----------------------------------------

လူဆိုတာ
ဒုက္ခကို ခံနိုင်တဲ့ သတ္တ၀ါတစ်မျိုးပါ
သူများတွေ ခံစားရတဲ့ ဒုက္ခတွေနဲ့ယှဉ်ပြီး
ငါ့ဒုက္ခတွေဟာ သာမညလို့ မပြောနိုင်ဘူး
ဒါပေမဲ့....
သူများက ဘ၀ကို တွယ်တာပြီး
ဒုက္ခအပေါင်းကို ကျော်လွှားသွားခဲ့ကြတယ်
ငါလည်း ကျော်လွှားနိုင်ရမယ်


Invisible လုပ်ထားရင် ...



Google Talk ကို ယခုနောက်ပိုင်း ဂျီမေးလ်ကနေ သုံးလို့ရလာပါတယ်။ အဲ့ဒီလို သုံးတဲ့အခါမှာ Invisible ဆိုတဲ့ Function တစ်ခုပါလာပါတယ်။ ကိုယ့်ရဲ့ Status ကို Invisible လုပ်ထားရင် ကိုယ့်ကို ဂျီတော့မှာ သူများက offline အနေနဲ့ပဲတွေ့နေရမှာ ဖြစ်ပါတယ်။ ကိုယ်ကတော့ ဂျီမေးလ် ရဲ့ Google Talk ကလေးကနေပြီးတော့ သူများတွေကို online ဖြစ်နေလား offline ဖြစ်နေလား ဆိုတာကို တွေ့နေရပါတယ်။

အကယ်၍ သင်ကော ကိုယ့်ရဲ့ GTalk က လူတယောက်ကို offline အနေနဲ့ တွေ့နေရတယ်။ အဲဒီ့လူ တကယ် offline ဖြစ်မဖြစ်ကို သိချင်တယ်ဆိုပါတော့။ ဒါဆို စစ်တဲ့ နည်းလေးရှိပါတယ်။ offline အစစ်လား၊ offline အတုလား သိချင်ရင် ဒီလိုလေးလုပ်ပါ။

(၁) Google Talk မှာ ကိုယ်သိချင်တဲ့ offline ဖြစ်နေတဲ့ လူနဲ့ ပုံမှန်ချက်သလိုပဲ ဖွင့်လိုက်ပါ။
(၂) Send voicemail ရယ် Call ရယ် စတဲ့ ခလုပ်တွေဘေးနားက အောက်ဘက်ညွှန်ပြနေတဲ့ ခလုပ်ကိုနှိပ်လိုက်ပါ။ Go off the record ကို နှိပ်ပါ။
(၃) သူ့ကို ပုံမှန်ချက်သလို စာတခုခု ရိုက်ထဲ့ပြီး ချက်ကြည့်ပါ။ ဥပမာ… hello လို့ ရိုက်ပြီး ချက်ကြည့်ပါ။
(၄) blahblahblah@gmail.com is offline and can't receive messages right now. လို့ ပေါ်လာခဲ့ရင် သူတကယ် offline ဖြစ်နေတာပါ။ တကယ်လို့ ဘာမှ မပေါ်လာရင် သူ Invisible လုပ်ထားတာပါ။
(၅) စစ်ပြီးသွားရင် "Stop chatting off the record" ကို ပြန်နှိပ်ပေးပါ။ သို့မှသာ နောက်ပိုင်း သူနဲ့ ချက်ရင် Gmail မှာ သူနဲ့ နောက်ပိုင်း ချက်တာတွေကို Chat section မှာ ဂျီမေးလ်ကနေ ပြန်ကြည့်နိုင်မှာ ဖြစ်ပါတယ်။