12/31/2007

ဒီဇင်ဘာ ၃၁ ည ရင်ခုန်သံ

ဒီဇင်ဘာ ၃၁ ည ရင်ခုန်သံ
(၂၀၀၈ ကို ကြိုဆိုလျက်)

ဘလောဂ့်လောက အစပြုခဲ့
ဘလောဂ့်မောင်နှမတွေသည်
ချစ်ခင်ကြည်ဖြူ
ညီတူလက်တွဲ
တစ်ယောက်အခက်အခဲ
တစ်ယောက်ကူညီ
နှစ်ဟောင်းမှ နှစ်သစ်သို့
တိုင်ခဲ့လေပြီ...
အဆုံးမရှိ နှဏ်များစွာတွင်း
ရင်းနှီးစိတ်ရင်း
ဒီစိတ်နဲ့ပင်
လာမည့်နှစ်များ
ဖြတ်သန်းချင်သည်
၂၀၀၇ ဒီဇင်ဘာ ၃၁
ည ၁၂ နာရီမှ တည်စေသော်....

(နှစ်ဟောင်းမှနှစ်သစ်များစွာတိုင် ယမင်းဖြစ်ချင်သည့်အကြောင်းအရာကို ထုတ်ဖော်လိုက်ပါတယ်။ ယမင်းရဲ့စိတ်ရင်းကို ဒီကဗျာနဲ့ တံတားလို ခင်းပေးလိုက်ပါပြီ။ ယမင်းရဲ့စိတ်ရင်းတံတားလေးပေါ်ကနေ ဘလောဂ့်မျှော်စင်များ ဆက်လက် တည်ဆောက်နိုင်ကြပါစေနော်။)

ဒီဇင်ဘာ ၃၁ ရက် ည ရဲ့ ဖြတ်သန်းခဲ့ရသောနှစ်များ

အင်း မောင်ရန်က ရေးဖို့ လာ Tag သွားတဲ့အတွက် မရေးရင်လည်း မကောင်း၊ ရေးပြန်ရင်လည်း မရေးတတ် ဘယ်လိုလုပ်ရပါ့။ များများရေးရမလား နည်းနည်းရေးရမလား ဖြတ်သန်းခဲ့ရတဲ့နှစ်တွေက မနည်းတော့ဘူးလေ။ ဒီတော့ နိဒါန်း မစ၊ စာကိုယ်မရေး၊ နိဂုံးဘဲ ရေးလိုက်တော့မယ်နော်။ ကောင်းတယ်မလား။ လူလောကကို စပြီရောက်ပြီးသကာလ လူမှန်းသိတတ်စလို့ဘဲ ပြောရတော့မှာပေါ့။ ဒီလိုနေ့ရက်တွေဆို ပျော်ရွှင်ခဲ့ရဖူးတယ်။ ငယ်တုန်းကတော့ အဲလောက်ကြီး မဟုတ်ပေမဲ့ နည်းနည်းကြီးလာတော့ ယမင်းတို့ ရပ်ကွက်ထဲမှာ လူငယ်တွေစုပြီး လူကြီးတွေကို ဒုတ်ခပေး အဲ အကူအညီတောင်းတာပါ။ အတင်း အေးဓားပြတိုက် ပိုက်ဆံတောင်း၊ ပြီးရင် လမ်းလယ်ကောင်မှာ မီးဖို ဖို အမြဲတစ်ခုမဟုတ် တစ်ခု လုပ်စားကြတယ်။ ငယ်တုန်းက လူကြီးတွေလုပ်တော့ ကိုယ်က ချက်ပြီးရင် စားချင်တာပေါ့။ သူတို့က အခု မစားရသေးဘူး။ New year အော်ပြီးမှ စားရမှာလို့ပြောတာနဲ့ ကလေးတွေစုပြီး happy new year လို့ ကုန်းအော်တော့တာပါပဲ။ ဒါကို လူကြီးတွေက ဟဲ့ ည ၁၂ နာရီထိုးမှ အော်ရမှာ ခု မအော်ရသေးဘူးလို့ပြောတော့ ကိုယ်တွေက အိပ်ချင်နေတာကိုး။ စားပြီးအိပ်မယ်ဆိုပြီး အော်တာပေါ့။ နောက်ပိုင်း အလုပ်ဝင်တော့ ရပ်ကွက်ထဲမှာ မပျော်ရတော့ဘူး။ ရုံးက ပွဲလုပ်တော့ အဲဒီပွဲမှာ တစ်ညလုံး အိပ်ငိုက် အဲ မှားလို့ ပျော်ရတော့တာပေါ့။ ဟိုးအရင် ရုံးတုန်းကတော့ အင်းယားနားက ခြံထဲမှာ လုပ်တယ်။ ပွဲမလုပ်ချင် အင်းယားကန်ဘောင်ပေါ် လျှောက်သွားလိုက်နဲ့ ပျော်ဖို့ကောင်းတယ်။ အဲ ပွဲကို မသွားခင် ရုံးမှာ လူစုပြီး ATT ကစားကွင်းမှာ သွားဆော့ပြီးမှ ပါတီပွဲကို သွားတာ။ ပြီးမှ ပွဲမှာ တစ်ညလုံး မဲနှိုက်၊ သီချင်းဆို၊ မီးပုံပွဲနဲ့ ၁၂ နာရီထိုးခါနီးကျရင် အားလုံး မတ်တတ်ရပ်ပြီး နာရီသံ နားထောင်ပြီး အော်ရတာ အပြင်က ဖြတ်သွားတဲ့သူတွေကလည်း တွေ့တဲ့သူတိုင်း လှမ်းအော်နှုတ်ဆက်ကြသေးတယ်။ အင်း ပြီးခဲ့တဲ့ နှစ်ကတော့ သူငယ်ချင်းတွေနဲ့ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ရှိုးပွဲကြည့်ပြီးတော့ ကစားသေးတယ်။ ကစားတာက ဘာမှမဟုတ်ဘုး။ ဟိုဘက်ဒီဘက် အနိမ့်အမြင့်ကို စီးတာလေ။ ပြောရဦးမယ်။ ယမင်းနဲ့ စီးတဲ့သူက ၀တယ်လေ။ သူက ထိုင်လိုက်တော့ ယမင်းဘက်က မိုးပေါ်ထောင်သွားရော ဒါနဲ့ နောက်သူငယ်ချင်းတစ်ယောက်က လာဖိပေးမှ စီးလို့ အဆင်ပြေသွားတယ်။ ဟဲဟဲ ဒါကို သူငယ်ချင်းက ဒီပြင်ဟာ ဆော့တဲ့ သူ မဖိပေးတော့ဘူးတဲ့။ လာဖိပေးတော့ သူက မဆော့ရဘူးတဲ့။ ဒါန်းစီးပါလားတဲ့။ ဒါနဲ့ လွှဲပေးမလား မေးလိုက်တာပေါ့။ လွှဲပေးမှ စီးလို့ကောင်းတာလေနော်။ သူက ဘာမှမလွတ်ပါလားဆိုပြီး လွှဲံပေးရှာပါတယ်။ ဒီလောက်ချစ်ဖို့ကောင်းတဲ့ သူငယ်ချင်းကောင်းရထားတာ နင်တို့ ကံကောင်းတယ်လို့ ပြောလိုက်တယ်။ ဟုတ်တယ်မလား။ ၁၀ နာရီထိုးလည်းကျရော ပိတ်ပါလေရော။ ဒါနဲ့ သူငယ်ချင်းအိမ်မှာစုပြီး စားကြသောက်ကြနဲ့ တစ်ညလုံး မအိပ်ကြေးလုပ်ကြတယ်။ ဒီနှစ်တော့ ဘယ်လိုဖြတ်သန်းရင် ကောင်းမလဲဆိုတာ အကြံပေးပါဦးလို့ တောင်းဆိုရင်း နှစ်ဟောင်းကုန်လို့ နှစ်သစ်ကုးတဲ့နေ့မှစ၍ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး Óဏ်ပညာများ ဒီ့ထက် ဒီ့ထက် တိုးတက်အောင်မြင်ပြီး ယမင်းဆီ အမြဲလာလည်နိုင်ကြပါစေလို့ ဆုတောင်းနေမိပါတော့တယ်။

(မောင်လေး ရန်ရေ... ရင်ထဲရှိတာတွေ အကုန်ချရေးရင် တစ်ထောင့်တစ်ညပုံပြင်ဖြစ်မှာစိုးလို့ အနှစ်တွေဘဲ ရင်ဖွင့်လိုက်ပြီနော်။ ခုလို ဖိတ်ခေါ်တဲ့အတွက် ၀မ်းသာမိပါတယ်။ တို့ ဘလောဂ့်မောင်နှမတွေ ရေစက်ရှိနေဦးမယ်ဆိုတာ ယုံကြည်မိပါတယ်။)

ထပ်ပြီး ဖိတ်ခေါ်ချင်တဲ့သူတွေကတော့ အကိုသင်္ကြန်၊ မောင်လေး နေဘုန်းလတ်၊ မောင်သင်ကာ၊ ကိုဝေ၊ မောင်လေးမျှားပြာ၊ ညီမလေး သိုးမလေး၊ ညီမလေး မိုးချစ်သူတို့ပဲ ဖြစ်ပါတယ်။

12/29/2007

ဒီနေ့ သတင်းကောင်းလေးကို မတိမ်းမစောင်းဘဲ ဘိန်းမောင်းတီးလိုက်ပါတယ်။

ဒီဇင်ဘာ ၂၉ ရက်နေ့မှ စပြီး ဇန်န၀ါရီလ ၆ ရက်နေ့ထိ
မနက် ၈ နာရီမှ ညနေ ၆ နာရီထိ
စာအုပ်ဈေးရောင်းပွဲတော်ကို ကန်တော်ကြီး မျှော်စင်ကျွန်းတွင် ကျင်းပလျက်ရှိပါကြောင်း
သတင်းကောင်းပါးလိုက်ပါတယ်။

စာချစ်သူများ ပျော်ရွှင်နိုင်ကြပါစေ။

နှစ်ကူး

ဆောင်းဦးအ၀င်
အေးမြခြင်းရဲ့အစ
နှင်းမှုန်လေးတွေကျနေချိန်
ရင်ထဲက အပူမီးကို
မတားဆီးနိုင်ခဲ့ပါဘူး...
ဘ၀အမောတွေနဲ့
ပြည့်သိပ်နေတဲ့ငါ့ဘဝ
ဒီဆောင်းရာသီချိန်မှာ
ဘယ်လောက်ပင် အသည်းခိုက်အောင်
အေးနေပစေ
ရင်မှာ ဖြစ်တည် အပူမီးကို
ဘယ်သူ ကူငြိမ်းပေးမှာပ......

12/26/2007

အိုင်တီနဲ့ ကျွန်မ

လူ့အဖွဲ့အစည်းအပေါ် အိုင်တီရဲ့ရိုက်ခတ်မှုသြဇာအရှိန်အ၀ါက တာသွားလှတယ်။ အိုင်တီရဲ့သြဇာဟာ တစ်ဦးချင်း တစ်ယောက်ချင်းကိုလည်း ရိုက်ခတ်တယ်။ မိသားစုအလိုက်၊လုပ်ငန်းတွေ၊ အလုပ်သမားစွမ်းအားစုတွေ နောက်ပြီးလူ့အဖွဲ့အစည်းကြီးတစ်ရပ်လုံးကိုလည်း ရိုက်ခံတယ်။ ဒါပေမဲ့ အိုင်တီရဲ့ရိုက်ခတ်မှုသြဇာဟာလူတစ်ဦးနှင့် တစ်ဦး အပေါ်ကျတော့ တူညီမှု မရှိပြန်ဘူး။ အင်းပြောရရင် အိုင်တီရဲ့အကျိုးကျေးဇူးရလဒ်က ပညာဥာဏ်အဆင့်မြင့်သူက ပညာဥာဏ်အဆင့်နိမ့်သူထက် ပိုပြီး ခံစားရနိုင်တယ်လေ။ ဒီလိုဘဲ ပညာကွဲခြားသွားတာနဲ့လူတစ်ဦးချင်းစီရဲ့ ၀င်ငွေအနည်းအများက ကွဲပြားခြားနားသွားစေတာကိုတွေ့ရှိရတယ်။ သူများ ပြောလို့သာ အိုင်တီရတယ် အိုင်တီဆိုတာ ဘာလဲ။ ဒါဟာ ပြန်စဉ်းစားရမဲ့အချက်ပဲနော်။ သတင်းအချက်အလက် ဆက်သွယ်ရေးဆိုင်ရာ အဆင့်မြင့်နည်းပညာ(အိုင်တီ) ဆိုသည်မှာ အင်းအလွယ်ဆုံး ပြောရရင် ကွန်ပျူတာစနစ်ကို အသုံးချခြင်းကို ခေါ်ဆိုတာပဲ။ တစ်နည်းပြောရရင် အိုင်တီပေါ်ပေါက်လာတာနဲ့အမျှ လူတွေရဲ့လုပ်ဆောင်ချက်တွေ လုပ်အားတွေကို သက်သာစေပြီး တစ်နိုင်ငံနဲ့တစ်နိုင်ငံ၊ တစ်နေရာနဲ့ တစ်နေရာကိုမြန်ဆန်ပြီးစီးအောင် လုပ်ဆောင်ပေးတဲ့အတွက် အောင်မြင်မှုမြန်ဆန်လာတာကို တွေ့ရှိရတယ်။ ဒီလိုဘဲ အိုင်တီပေါ်ပေါက်လာတဲ့အတွက် ကျွန်မတို့လို အမျိုးသမီးများအတွက် အမျိုးသားများနဲ့ တန်းတူ အလုပ်လုပ်ဆောင်လာနိုင်သလို ၀င်ငွေလစာဟာလည်း တန်းတူနည်းပါး ရရှိလာခဲ့ပြီလေ။ တစ်နေ့နဲ့ တစ်နေ့ ပြောင်းလဲလာနေတဲ့ အိုင်တီခေတ်လို့ ဆိုရတော့မှာပေါ့။ ခုခေတ်အမျိုးသမီးများဟာ အမျိုးသားများနဲ့ ရင်ဘောင်တန်းပြီး မျက်စိဖွင့်နားဖွင့် လုပ်ဆောင်လာနိုင်ကြတာကိုကြည့်ခြင်းအားဖြင့် ပြောင်းလဲတိုးတက်နေတဲ့ခေတ်ကြီးကို ကျေးဇူးတင်ရမလိုတောင်ဖြစ်နေရပြီလေ။ ကျွန်မကရော အိုင်တီဆိုတာ နားလည်ပြီလား။ အိုင်တီပိုင်းကိုလေ့လာရင်ကော မတိုးတက်နိုင်ဖူးလား။ ကျွန်မလို နလပိန်းတုံးတစ်ယောက်ရဲ့ခေါင်းထဲ အတွေးတွေ ၀င်လာခဲ့တာ ဘာကြောင့်လဲ ဒါဟာ ရှင်းရှင်းလေးပဲ။ အိုင်တီကြောင့်ပေါ့။ ကျွန်မလည်း ဒီတိုးတက်နေတဲ့ခေတ်ကြီးထဲလူတွေထဲမှာကြိုးစားရင် ပါလာနိုင်တော့မှာပေါ့နော်။ သူများတွေ ရှေ့ရောက်နေတဲ့အချိန်မှာ ကျွန်မက နောက်ချန်နေရစ်ရရမလား။ ငါကော ကြိုးစားရင် မဖြစ်နိုင်ဖူးလား။ ခုမှ စတင်မဲ့လမ်းအတွက် တစ်ခါတလေ အားငယ်မိတာတော့ အမှန်ပါ။ စမ်းတ၀ါးဝါးလျှောက်နေတဲ့လမ်းမှာ ငါဟာ လမ်းဆုံးကို လျှောက်နိုင်ပါ့မလား။ ငါ့လို ဘာပညာဘာအစွမ်းအစမှ မရှိတဲ့ လူတစ်ယောက်အတွက် အိုင်တီနဲ့နီးလာမလား။ ဝေးနေသေးလားဆိုတာကို ဆန်းစစ်ရင်း အိုင်တီလောကကြီး အမြဲတည်တံ့တိုးတက်အောင်မြင်နေပါစေလို့ ဆုတောင်းနေမိပါတော့တယ်။

12/23/2007

အမှတ်တရ နေ့ရက်များ

အတူပျော်ခဲ့ နေ့ရက်များကို
ဘ၀တစ်သက်တာ
အမှတ်တရဖြစ်ခဲ့တယ်....
သွားလာလှုပ်ရှား နေ့ရက်များကို
မေ့ပစ်ဖို့တော့
ခဲယဉ်းနေခဲ့....
တစ်နေ့တစ်ချိန် ပြန်မဆုံခဲ့ရင်
မင်းတို့ရင်ထဲ
မှတ်မှတ်ရရ
ရှိနေခဲ့ရင်
အစ်မ....
ကျေနပ်ပီတိဖြစ်မိမှာပါ ညီမလေးတို့ရယ်....

(ခွဲခွာခဲ့ရသော ညီမလေးတို့အတွက်)

ငါးနှစ်တာအလွမ်း

အတူနေခဲ့ နှစ်ငါးနှစ်အတွင်း
အတူပျော်ခဲ့ အပြစ်မဲ့ပျော်ရွှင်မှုများ
ငါလေ တစ်နေ့မှ မေ့မရခဲ့ပါ
ညီမလေးတို့ရယ်...
ဒီအချိန်မှာ ပြန်တမ်းတလဲ
လွမ်းလို့ ဝေးပြီမို့
ဝေးခဲ့ရတဲ့ လပေါင်း
သုံးလကျော်ခဲ့ပြီပေါ့
ကံကြမ္မာရယ်...
ဆုတောင်းခွင့်သာရှိခဲ့ရင်
ငါနှင့်အတူ
သံယောဇဉ်ရှိတဲ့သူများကို
မခွဲမခွာ အမြဲအတူ
ရှင်သန်ခွင့်ပေးပါ....