11/29/2007

ဘသရဲ့ ခါးသီးမှုပမာ ငါတို့ ဝေးခဲ့ကြပြီဆိုပါတော့
မင်းကို နှုတ်ဆက်ဖို့ရာ
စကားလုံးတစ်လုံးတောင် ရှာမရခဲ့ဘူးဆိုပါတော့
ဝဋ်ရှိရင်လည်း ပြေပါစေ
ငါလေ လူခြေတိတ်တဲ့ ထောင့်လေး တစ်နေရာမှာ
ငါ တစ်ယောက်ထဲ ကြေကွဲနေပါ့မယ်
လောကမာယာ မင်းဖြတ်သန်း
လရောင်ဆန်းတဲ့အချိန်မှာ
ငါ့ကို မေ့ထားလိုက်ပါလေ...
အဆင်မပြေမှုတွေ များနေတဲ့အချိန်
ငါ့နာမည်ကို
သတိရပါလေ....

11/26/2007



11/24/2007

ချစ်စရာ့ ငါတို့ မြန်မာ

တန်ဆောင်မုန်းလဟာ မြန်မာလများထဲမှာ ရှစ်လမြောက်ဖြစ်ပြီး အောက်တိုဘာနှင့် နိုဝင်ဘာလတွင် ကျရောက်ပါတယ်။ ဒီလမှာ ကထိန်အလှူပွဲတော်၊ မသိုးသင်္ကန်းရက်လှူပွဲ၊ ပံ့သကူပစ်ပွဲံ၊ ကြာသင်္ကန်းကပ်လှူပွဲ၊ တန်ဆောင်တိုင်မီးထွန်းပွဲံတော်၊ နောက်ဆုံး ရှင်မာလဲပွဲတော်တို့ကို ကျင်းပကြတယ်လေ။ ဘယ်လောက် ပျော်စရာကောင်းလိုက်သလဲနော်။
ကထိန်သင်္ကန်းအလှူဆိုတာ တစ်နှစ်မှာ တစ်လ၊ တစ်လမှာ တစ်ကြိမ်သာ အချိန်အခါနှင့် ပြုရတဲ့ ကာလဒါနဖြစ်တယ်။ ကထိန်ပွဲတော်ကို ရိုးရိုးကထိန်ပွဲ၊ ဘုံကထိန်ပွဲနှင့် ပစ်စည်းရှင်တစ်ဦးက မတည် ဦးစီးပြီး လူများစုက ၀ိုင်းဝန်းလှူဒါန်းသော ကထိန်ဆိုပြီး ကျင်းပလေ့ရှိပါတယ်။ သင်္ကန်းအပ်နှင်းမှု၊ ချုပ်ဆိုးမှုများ ညတွင်းချင်း ပြီးစေပြီး အရုဏ်မတက်မီ လှူဒါန်းနိုင်တဲ့ သင်္ကန်းကို မသိုးသင်္ကန်းပွဲလို့ ခေါ်ခြင်း ဖြစ်ပါတယ်။
ပံ့သကူပစ်ပွဲကတော့ သင်္ကန်းစသည့် သံဃာ့အသုံးအဆောင်ပစ်စည်းများကို တိတ်တဆိတ် စွန့်ပစ်လှူဒါန်းခြင်းကို ဆိုလိုပါတယ်။ ပြီးတော့ ပိတ်သားပေါ်မှာ ရွှေရောင်စက်ကူ၊ ရွှေဝါရောင် ဖဲကြာပွင့်ကြီးများ ထိုးထားတဲ့ သင်္ကန်းများကို ကြာသင်္ကန်းလို့ သတ်မှတ်ကြတာကို သိခဲ့ရပြန်ပါတယ်။ ရှေးအခါက ဘုရားရှင်အား ကပ်လှူပြီး ယခုအခါမှာတော့ စေတီပုထိုးတွေနှင့် ဘုရားရုပ်တုတွေမှာ ရစ်ပတ်လှူဒါန်းကြပါတယ်။
တန်ဆောင်တိုင်မီးထွန်းပွဲတော်ကြတော့ နက်ခတ်ပွဲသဘင် မီးထွန်းပွဲတော်သာ ဖြစ်ပါတယ်။ နောက်ဆုံး ရှင်မာလဲပွဲကရော ဘာလဲ သိလား ယမင်းလည်း အရင်က သိဘူး။ ခုမှ သိတာ။ ရှင်မာလဲမထေရ်က တန်ဆောင်မုန်းလပြည့်နေ့ရောက်တိုင်း ဝေသာနရာဇာတ်တော်ကို ဟောကြားတာ အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ ပွဲပါတဲ့။ လှော်ကားကို ပုံပြုပြီး လှော်ကားထက်မှာ အသီးတစ်ထောင်၊ အပွင့်တစ်ထောင်၊ ထမင်းဆုပ်တစ်ထောင်၊ ဆီမီးတစ်ထောင် တင်ပြီး လှူဒါန်းကြခြင်းကြောင့် လှော်ကားပွဲတော်၊ ထောင်ပြည့်ပွဲတော်လို့လည်း ခေါ်ကြပါသေးတယ်။ အင်း ခုခေတ်တော့ ဒီပွဲဟာ ကွယ်ပျောက်လုရှိနေပါပြီလေ။
ဟော ဒီနေ့ တန်ဆောင်မုန်းလပြည့်မှာ ယမင်းကတော့ ထူးထူးခြားခြား အလုပ်ဆင်းရပါတယ်ရှင်။ ဒီနေ့မှာ ဆေးပင်အပေါင်းတို့ကို စောင့်တဲ့နတ်တို့ဟာ မဲဇလီပင်စောင့်နတ်မင်းအား လာရောက်ခစားကြတာကို အစွဲပြုပြီး မဲဇလီပင်သည် ဆေးပေါင်းခသည့် အပင်ဟု ယူဆကြပါတော့တယ်။ အနာမျိုး ၉၆ ပါး ကင်းရန် ရည်ရွယ်ချက်ဖြင့် တန်ဆောင်မုန်းလပြည့်နေ့မှာ မဲဇလီဖူးသုတ်စားကြပါသေးတယ်။ သင်ကော မစားချင်ဖူးလား။ မြန်မာနိုင်ငံသား ဖြစ်ရတာ ယမင်းတော့ ဂုဏ်ယူမိပါတယ်။ မြန်မာတွေရဲ့ ချစ်စရာ့ ဓလေ့စရိုက်များ အများကြီး လတိုင်း ကျန်ရှိနေတာကို တွေ့ရှိခဲ့ရပါတော့တယ်။ ယမင်း သိတာလေးကို တင်ပြလိုက်ပါတယ်။ မိတ်ဆွေများအားလုံး ကျန်းမာချမ်းသာကြပါစေရှင်...


11/21/2007



Peach rose, the elegant flower to wish someone a happy birthday.. An ideal way to say thanks for a great friendship. Whatever be the occasion, peach flowers show a personal touch to your gift of flowers because they are different. Its the perfect rose to show sociability, friendship, gratitude, desire and appreciation. In addition they can also be used to convey admiration or sympathy.



လိမ္မော်ဝါနှင်းဆီပန်းဖြစ်ပါတယ်။
အသိအမှတ်ပြုခြင်း၊ သဘောတူညီရရှိပြီ အထိမ်းအမှတ်၊ အတူနေဖို့၊ ရိုးသားမှုနဲ့ ကျေးဇူးရှိမှုတို့အတွက် ဖြစ်ပါတယ်။ သုံးတတ်ရင် အသုံးဝင်ပါလိမ့်မယ်။

ခရမ်းရောင်နှင်းဆီပန်း ဖြစ်ပါတယ်။

Nobility, courtly love, traditional affection, love at first sight.
မြင့်မြတ်မှု၊ မြင့်မြတ်တဲ့အချစ်၊ သမားရိုးကျတွယ်တာမှု၊ မြင်မြင်ချင်း ချစ်တဲ့အချစ်လို့ ဆိုလိုတဲ့ ပန်းဖြစ်ပါတယ်။



Agavanceae မိသားစုနှင့် Agave မျိုးစုပင် အပင်မျိုးများ ဖြစ်ကြပြီးး ရှားစောင်းလက်ပပ်ပင်အဖြစ် လူသိများကြသည်။ သစ်ရည် သို့မဟုတ် အစေးသည် အရေပြားကို တစ်ပတ်မျှ ကြာသည်အထိ လောင်ကျွမ်းစေပ်ါသည်။