8/19/2010

ယူကေ ပညာရေး ဆွေးနွေးပွဲ - International College Wales Swansea (ICWS) နှင့် Plymouth Devon International College (PDIC)

Time : *10:00 am ~ 11:45 am*

Date : *24 August 2010 (Tuesday)*

Venue : *Taung-Ngu Room, Level 3, Traders Hotel, Yangon*

Speaker : *Mr. Karl Abbey, Plymouth, UK*

*Register NOW @ AT&S Co., Ltd. - Tel (Ygn) : 521125, 652288, 09-5062171*

အင်္ဂလန်သို့ သွားရောက်ပညာသင်ကြားလိုသော မြန်မာနိုင်ငံမှကျောင်းသား/သူများအတွက်
အင်္ဂလန်နိုင်ငံရှိ International College Wales Swansea (ICWS) နှင့် Plymouth
Devon International College (PDIC) တို့မှတဆင့် အင်္ဂလန်နိုင်ငံ၏ Highly
Trusted တက္ကသိုလ်များဖြစ်သည့် Swansea University နှင့် University
of Plymouth တို့သို့ တိုက်ရိုက် တက်ရောက်နိုင်မည့် ယူကေ ပညာရေးဆွေးနွေးပွဲ
တစ်ရပ်အား ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ
တရားဝင်အသိအမှတ်ပြု ပညာရေး အတိုင်ပင်ခံ AT&S Co., Ltd. ထံမှ သိရှိရသည်။

အဆိုပါ ပညာရေးဆွေးနွေးပွဲအား (၂၀၁၀) ပြည့်နှစ် ၊ သြဂုတ်လ (၂၄)ရက် ၊
အင်္ဂါနေ့တွင် ရန်ကုန်မြို့ရှိ ကုန်သည်ကြီးများဟိုတယ် ၊ တောင်ငူ ခန်းမ၌ နံနက်
(၁၀) နာရီ မှ (၁၁း၄၅) နာရီ အထိ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ ဆွေးနွေးပွဲသို့
ICWS နှင့် PDIC တို့မှ တာဝန်ခံအရာရှိတစ်ဦးဖြစ်သူ Mr. Karl Abbey
ကိုယ်တိုင်လာရောက်၍ International College Wales Swansea (ICWS) နှင့်
Plymouth Devon International College (PDIC) တို့တွင်
တက်ရောက်သင်ကြားနိုင်မည့် ဘာသာရပ်
များအကြောင်း ၊ Swansea University နှင့် University of Plymouth တို့သို့
တိုက်ရိုက် ဆက်လက် တက်ရောက်ခွင့်ရမည့် ဘာသာရပ်များ အကြောင်းကို
အသေးစိတ်ရှင်းလင်းဆွေးနွေးပေးမည်ဖြစ်ပါသည်။

ICWS (UK) နှင့် PDIC (UK) တို့တွင် First Year တက်ရောက်ပြီး Swansea
University နှင့် University of Plymouth တို့ရှိ စီးပွားရေးဘာသာရပ်များ၊
အင်ဂျင်နီယာဆိုင်ရာဘာသာရပ်များ၊ ဆေးပညာဆိုင်ရာ ဘာသာရပ်များ၊
အိုင်တီဘာသာရပ်များ၊ ဇီဝဆေးသိပံ္ပဘာသာရပ်၊ ဥပဒေဘာသာရပ် နှင့် နိုင်ငံတကာ
လူမှုဆက်ဆံရေး ဘာသာရပ်များကို ဒီဂရီတန်း နှင့် ဘွဲ့လွန်သင်တန်းများတွင်
ဆက်လက်တက်ရောက် သင်ကြားနိုင်မည်ဖြစ်ကြောင်း AT&S Co., Ltd. ထံမှ
သိရှိရသည်။

Mr. Karl Abbey နှင့် ကျောင်းသားတစ်ဦးချင်း တွေ့ဆုံဆွေးနွေးပြီး
ကျောင်းလျောက်ထားလိုပါက မိမိတို့၏ ပညာအထောက်အထားစာရွက်စာတမ်းများကို
အပြည့်အစုံယူဆောင်လာရမည်ဖြစ်သည်။

ယူကေ ပညာရေးဆွေးနွေးပွဲကို တက်ရောက်လိုသော ကျောင်းသားများ ၊ မိဘများအနေဖြင့်
ဆွေးနွေးပွဲ တက်ရောက်ရန်အတွက် AT&S Co., Ltd. သို့
ကြိုတင်စာရင်းပေးသွင်းရမည်ဖြစ်ပြီး အသေးစိတ် စုံစမ်းသိရှိလိုပါက အဆောင်(၅) ၊
အခန်း(၄) ၊ မြန်မာအင်ဖိုတက်ခ် ၊ လှိုင်တက္ကသိုလ် နယ်မြေ ၊ ရန်ကုန်မြို့။
(ဖုန်း) ၅၂၁၁၂၅ ၊ ၆၅၂၂၈၈ ၊ ၆၅၂၃၂၀ တို့သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း
သတင်းရရှိပါသည်။

အားလုံးပညာတတ်များ ဖြစ်နိုင်ကြပါစေ......

8/18/2010

ဗုဒ္ဓကို ပူဇော်ခြင်း အဆင့်အမျိုးမျိုး

အဆင့် (၁) ဒါနဖြင့် ပူဇော်ခြင်း -

အဆင့် (၂) သီလဖြင့် ပူဇော်ခြင်း -

(ပ) ကိုယ်ချင်းစာတရားဖြင့် ငါးပါးသီလကို ကိုယ်နှုတ်စိတ်တို့ဖြင့် လုံခြုံအောင်ထိန်းသိမ်းခြင်း၊

(ဒု) (၈)ပါး (၉)ပါး သီလ၊......သံဃာတော်များသည် (၂၂၇)ပါး ၀ိနည်းသိက္ခာတော်ကို ထိန်းသိမ်းခြင်း၊
 



အဆင့် (၃) သမာဓိဖြင့် ပူဇော်ခြင်း -

ထို့ထက် အဆင့်မြင့်လိုသော ပုဂ္ဂိုလ်တို့သည်

(ပ) ကိုယ်ကျင့်သီလကို ကိုယ်နှုတ်အပြင် စိတ်ကိုပါ သမထဖြင့် (အခိုက်အတန့်အားဖြင့်) ဖြူစင်သန့်ရှင်းစင်ကြယ်အောင် ထိန်းသိမ်းနိုင်ခြင်း၊
(ဒု) ကိုယ်ကျင့်သီလကို သမာဓိဖြင့် (အချိန်ကြာရှည်စွာ) ခိုင်မြဲအောင် ထိန်းသိမ်းနိုင်ခြင်း၊ 
 

အဆင့် (၄) ၀ိပဿနာဘာဝနာဖြင့် ပူဇော်ခြင်း -

(ပ) တစ်သံသရာလုံးမှာ ပါလာသမျှ မိစ္ဆာဒိဋ္ဌိ (မှားယွင်းနေသောအမြင်၊ မှားယွင်းနေသောအယူများ) ကို သမ္မာဒိဋ္ဌိ (မှန်ကန်သောအမြင်) ဖြစ်အောင် ရှုပွားနိုင်ခြင်း၊
(ဒု) သောတပတ္တိမဂ်ဖိုလ် ဆိုက်ရောက်အောင် ကျင့်ကြံနိုင်ခြင်းမှသည် အရဟတ္တမဂ်ဖိုလ်သို့ ဆိုက်ရောက်အောင် ကျင့်ကြံနိုင်ခြင်း၊

ထို့ကြောင့် "ဗုဒ္ဓနှစ် ၂၆၀၀ ပြည့်" အထိမ်းအမှတ်ကို ပူဇော်လိုသူများသည် အထက်ပါအဆင့် (၁)၊ (ပ) (ဒု)မှသည် အဆင့် (၂)၊ (၃)၊ (၄) (ပ) (ဒု) စသည်တို့ဖြင့် မိမိစွမ်းနိုင်သမျှ (တတ်နိုင်သမျှ) ပူဇော်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းပို့သအပ်ပါသည်။

source :sskhinmgaye


ခရီးသွားအန္တရာယ်ကင်းဂါထာတော်

ကတာ မေ ရက္ခာ၊
ကတံ မေ ပရိတ္တံ။
ပဋိက္ကမန္တု ဘူတာနိ၊
သောဟံ နမော ဘဂ၀တော။
နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓေါနံ။


အဓိပ္ပာယ်က
ငါသည် အစောင့်ချအပ်ပြီ။
ငါသည် ပရိတ်အကာအကွယ်ပြုအပ်ပြီး အန္တရာယ်ပြုမည့် သတ္တ၀ါတွေ နောက်ဆုတ်ကြပါလော့။
ငါသည် ဂေါတမဘုရားရှင်အား ရှစ်ခိုးပါ၏။
ဝီပဿီဘုရား ၊ သိခီဘုရား။
ကကုသန်ဘုရား ၊ ကောဏဂုံဘုရား။
ကုဿပန်ဘုရား ၊ ဂေါတမဘုရား ၊ အရိမေတ္တယျဘုရား။
ဟူသော ( ၇ ) ဆူသော ဘုရားရှင်တို့အား ရှစ်ခိုးပါ၏။

ရွတ်ဆိုရခြင်း၏ အကျိုး

ဤဂါထာတော်သည် ခန္ဓသုတ်တော်မှလာသည် ။ ဤဂါထာတော်ကို အမြဲရွတ်ဖတ်ပူဇော်ပါက မည်သည့်အန္တရယ်မှ မတွေ့နိုင်။ အထူးသဖြင့် ခရီးသွားခါနီးတွင် ရွတ်၍သွားမည့်လမ်းနေရာအရပ်ကို မေတ္တာပို့ပါ။ အမျှဝေပါ။

အန္တရာယ်ကင်းပြီး ကိုယ့်စိတ်တိုင်းကျ ချမ်းသာစွာ သွားရပါမည်။ အဆင်ပြေကြပါစေနော်။

8/17/2010

ဘဝမှာနေတတ်စေဖို့

yangon_main_big.jpg

ဘ၀ဆိုတာကတော့ ကောင်းတစ်ချီ ဆိုးတစ်လှည့်ပေါ့။ အမြဲတမ်းကြီး နေ့မဟုတ်သလို အမြဲတမ်းကြီးလည်း ညမဖြစ်ပါဘူး။ လောကထဲမှာ ရှိနေသရွေ့ကတော့ လောကဓမ္မဆိုတဲ့ လောကဓံတရားတွေနဲ့ ကြုံနေရမှာပါ။ အကောင်းလောကဓံ၊ အဆိုးလောကဓံ နှစ်မျိုးရှိတဲ့အထဲက အကောင်းများများ ကြုံရဖို့ကတော့ ဒါန၊ သီလ၊ ဘာဝနာ များများလုပ်ဖို့ပါပဲ။ ဒါနက ပြင်ပပစ္စည်း စိုက်ထုတ်ဖို့ လိုပေမယ့် ကျန်တဲ့နှစ်ခုကတော့ လုပ်ချင်စိတ်လေး ရှိရုံနဲ့ လုပ်လို့ရပါတယ်။ ဘာမှလည်း မကုန်ပါဘူး။ အကျိုးလည်း ပိုကြီးပါတယ်။ အဆိုးတွေနဲ့ ကြုံရတယ်ဆိုတာ ဘယ်သူ့ကြောင့်မှ မဟုတ်ပါဘူး။ ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရပါဘူး။ အကုသိုလ်အကျိုး မပေးနိုင်လောက် အောင်ကို ငါ့ရဲ့ ကုသိုလ်တာရိုးက မလုံသေးပါလားလို့ပဲ မှတ်ရပါမယ်။ ပိုလုံအောင်၊ ပိုကောင်းအောင်ပဲ ကြိုးစားရပါမယ်။ ဒီလိုမှ မဟုတ်ဘဲ စိတ်တိုနေမယ်၊ စိတ်ဆင်းရဲနေမယ်ဆိုရင်တော့ အကုသိုလ်အတိုးယူသလို ဖြစ်နေမှာပါပဲ။ ဘ၀ထဲမှာ အလိုက်သင့်နေတတ်ဖို့က အလွန်ပဲ အရေးကြီးပါတယ်။ ဘာသာရေးအသုံးအနှုန်းနဲ့ ပြောရရင် ယောနိသောမနသိကာရ ရှိဖို့ပါ။ ခပ်ပေါ့ပေါ့ပြောရရင် အကောင်းမြင်တတ်ခြင်းပါ။ အဲဒါက ကုသိုလ် ဖြစ်ခြင်းရဲ့ အနီးဆုံး အကြောင်းပါပဲ။ မဂ်၊ ဖိုလ်ကိုတောင် ပေးနိုင်ပါတယ
ဥပမာဆိုရရင် လှိုင်းထန်တဲ့ ရေပြင်ကျယ်ကို လှေငယ်နဲ့ ဖြတ်ကူးတဲ့အခါ လှိုင်းရိုက်တာကို အလိုက်သင့်ခံပြီး လိုရာကို သွားတတ်ဖို့က အလွန်ပဲ အရေးကြီးပါတယ်။ ဒီလိုမှ မဟုတ်ဘဲ ကန့်လန့်ကြီး သွားခံမယ်ဆိုရင်တော့ ကိုယ့်လှေပဲ တစ်စစီဖြစ်ပြီး နစ်မြုပ်ဒုက္ခရောက်ရမှာပေါ့။ ဒီလိုပါပဲ လောကဓံ လှိုင်းထန်တဲ့ သံသရာရေကြောကို ဖြတ်တဲ့အခါမှာလည်း ပညာနဲ့ အလိုက်သင့်ခံပြီး လိုရာပန်းတိုင်ကို ရောက်အောင် သွားတတ်ရပါမယ်။ ကြားဖူးတဲ့ စကားလေး တစ်ခွန်းနဲ့ ခိုင်မာအောင် ပြောပါဦးမယ်။
စိတ်ဓာတ်မပြည့်ဝသေးတဲ့သူဟာ ပြဿနာတစ်စုံတစ်ခု ကြုံရရင် သူများကို အပြစ် တင်တတ်တယ်တဲ့။
အထိုက်အလျောက် ပြည့်ဝတဲ့သူကတော့ မိမိကိုယ်ကို အပြစ်တင်တတ်တယ်တဲ့။
လုံးဝပြည့်ဝပြီးသူများကတော့ ဘယ်သူ့ကိုမှ အပြစ်မတင်တော့ဘူးတဲ့။
လောကဓမ္မကို အမှန်အတိုင်း သိမြင်ပြီး မတုန်မလှုပ် လက်ခံသွားနိုင်တာပါ။ ဒါကို အလိုက်သင့် ခံယူတတ်တယ်လို့ ဆိုချင်တာပါ။ လောကမှာ အန္တရာယ်များတဲ့ ရေလမ်းခရီးကို သွားတဲ့အခါ ကိုယ့်လှေလေးကိုယ် အကောင်းဆုံးဖြစ်အောင်၊ ခိုင်သထက် ခိုင်အောင် ပြင်ဆင်၊ ရိက္ခာတွေ စိတ်တိုင်းကျ ဖြည့်တင်းပြီးမှ သွားကြသလို မိမိတို့ရဲ့ ရှေ့ဆက်ရမယ့် သံသရာခရီးကြီးအတွက် ပစ္စုပ္ပန်ဘ၀ ဆိုတဲ့လှေလေးကို ကုသိုလ်တရားတွေနဲ့ အကောင်းဆုံးဖြစ်အောင်၊ ခိုင်သထက် ခိုင်အောင် ပြင်ဆင်၊ ရိက္ခာတွေ ဖြည့်တင်းထား ရပါမယ်။ ရိုးရိုးခရီးက ကိုယ်စိတ်တိုင်းကျတဲ့နေ့မှ သွားလို့ရပေမယ့် သံသရာခရီးက ဘယ်အချိန် သွားရမယ်ဆိုတာ ကြိုမသိနိုင်တဲ့အတွက် အမြဲအသင့်ဖြစ်နေဖို့ အရေးကြီးပါတယ်။ သတိတရားလေး လက်ကိုင်ထားပြီး ကိုယ့်စိတ်ကိုယ် ကုသိုလ်ဖြစ်တိုင်း၊ အကုသိုလ်ဖြစ်တိုင်း အတတ်နိုင်ဆုံး သိနေပေးမယ်ဆိုရင် သတိပဌာန်တရား ပွါးများပြီးဖြစ်လို့ လှေကတော့ ခိုင်ပါပြီ။ ဒါန၊ သီလ ရိက္ခာတွေပါ တင်ထားပြီးပြီဆိုရင်တော့ ကိုယ့်ကိုယ်ကို အစိုးမရတဲ့ဘ၀မှာ သူက ဘယ်အချိန် လာထွက်ခိုင်း၊ ထွက်ခိုင်း ကျေကျေနပ်နပ်ကြီး သွားလို့ရပြီပေါ့။
စာဖတ်သူများအားလုံး ဘ၀ထဲမှာ အလိုက်သင့် နေတတ်ထိုင်တတ်ရှိနိုင်ကြပါစေ။

ဓမ္မရနံ့ဆိုက်မှ ပြန်လည်တင်ပြခြင်း ဖြစ်ပါသည်။


Money

ငွေ
If a man runs after money, he is moeny man.
ငွေနောက်လိုက်တော့ ဥစ္စာရူးတဲ့။

If he keeps it, he is capitalist.
ငွေရှာပြီး စုဆောင်းတော့၊ ဓနရှင်ဖြစ်ပြန်ရော။

If he spends it, he is a play-boy.
ငွေဖြုန်းတော့ လူ့ဘော်ကြော့လို့ ပြောကြတယ်။


If he doesn't get it, he lacks ambition.
ငွေရှာလို့ မရတော့၊ လူပျော့လူညံ့လို့ ကင်ပွန်းးတပ်ကြတယ်။

If he gets it without working, he is parasite.
ငွေက အလိုလို အိမ်ပေါ်ရောက်လာတော့၊ အချောင်သမားဘွဲ့ထူးပေးကြတယ်။

If he gets it after of hard labour, he is a fool who gets nothing from life.
ငွေကို အပတ်တကုတ် ကြိုးစားရှာတော့ ကျွန်ဇာတာပါတဲ့သူဆိုပြီး မေးငေါ့ကြပြန်ရော.......

ref : English Digest 1955

ကဲ သင်ကော ဘယ်လို မြင်လဲ။

8/16/2010

ရာဇလင်းဆေးတက္ကသိုလ် ပညာသင်ဆု အောက်တိုဘာလကုန် နောက်ဆုံး လျှောက်ထားနိုင်

ဆေးတက္ကသိုလ်တက်ရောက်ခွင့်ရရှိကြသည့် ကျောင်းသားများအားနှစ်စဉ်ပညာသင်ဆု ပေးအပ်နေသော ရာဇာလင်းဆေးတက္ကသိုလ်ပညာသင်ဆုအတွက် ကျောင်းသားရှစ်ဦးကို ရွေးချယ်သွားမည်ဖြစ်ကြောင်း ပညာသင်ဆုပေးအပ်သူဦးအေးကျော်ကပြောသည်။ ပြည်တွင်းရှိ ဆေးတက္ကသိုလ်များတွင် ပထမနှစ် သင်တန်းစတင်တက်ရောက်ရန် အရည်အချင်းပြည့်မီသော်လည်း ဆင်းရဲနွမ်းပါး၍ ပညာဆက်လက် ဆည်းပူးရန် အခက်အခဲရှိသူများအနေဖြင့် အောက်တိုဘာ ၃၁ ရက်နောက်ဆုံးထား၍ အမှတ် (၅ဝ) ကန်ရိပ်သာ (၃) လမ်း၊ Finger Lake, FMI City၊ လှိုင်သာယာမြို့နယ်သို့ ပေးပို့လျှောက်ထား နိုင်ကြောင်း သိရသည်။ "နိုဝင်ဘာလထဲမှာ ခေါ်စာပို့ပါတယ်။ ဒီဇင်ဘာလဆန်းမှာ အင်တာဗျူးလုပ်ပါတယ်။ အင်တာဗျူးအတွက် ၂၄ ယောက်ခေါ်ပြီး အဲဒီထဲက တစ်ယောက်ကို ရွေးချယ်ပါတယ်" ဟုဦးအေးကျော်ကပြောသည်။ ပညာသင်ဆုရရှိသူများကို ပထမနှစ်မှ ဘွဲ့ရသည်အထိ သတ်မှတ်စည်းမျဉ်း စည်းကမ်းများနှင့် ညီ လစဉ်ပညာသင် ထောက်ပံ့ကြေးကျပ်ငါးသောင်းချီးမြှင့်သွားမည်ဖြစ်သည်။ လျှောက်ထားလိုသူများသည် မိမိအမှန်တကယ် ပညာသင်ဆုလိုအပ်ကြောင်း ကြောင်းကျိုးပြည့်စုံစွာ ဖော်ပြထားသော ကိုယ်တိုင်ရေးလျှောက်လွှာ၊ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း သက်ဆိုင်ရာ မြို့နယ်ရဲစခန်းနှင့် ကျောင်းအုပ်ကြီးတို့၏ ထောက်ခံချက်မူရင်းများ၊ အမှတ်စာရင်းမိတ္တူ၊ ပတ်စပို့အရွယ်ဓာတ်ပုံ နှစ်ပုံ၊ ကျောင်းသားနှင့် မိဘအုပ်ထိန်းသူ တို့၏ ပါတီနိုင်ငံရေးကင်းရှင်းကြောင်း ကိုယ်တိုင်ဝန်ခံချက် အထောက်အထားများ နှင့်အတူ လျှောက်ထားရမည်ဖြစ်သည်။ အဆိုပါ ပညာသင်ဆုသည် ၂ဝဝ၈-၂ဝဝ၉ ပညာသင်နှစ်မှ စတင်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး နှစ်စဉ်ကျောင်းသား ရှစ်ဦးကို ရွေးချယ် ပေးအပ်လျက်ရှိသည်။

source: myanmartraining

8/12/2010

လူ့ဘ၀ဧ။်အကြီးမားဆုံးသောအသိတရား

၁။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ရန်သူသည် မိမိကိုယ်တိုင် ပင်ဖြစ်သည်။

၂။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ဆုံးရှုံးခြင်းသည် မိမိဧ။် မာနကြောင့်ဖြစ်သည်။

၃။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော အသိမဲ့ခြင်းသည် မိမိ ကိုယ့်ကိုမိမိ လိမ်လည်နေခြင်းဖြစ်သည်။

၎။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ၀မ်းနည်းရခြင်းသည် မိမိဧ။် မနာလို ၀န်တိုသောစိတ်ကြောင့်ဖြစ်သည်။

၅။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော မှားယွင်းမှု လုပ်ရပ်သည် မိမိဧ။် စိတ်ဓာတ်ကျဆင်းခြင်းကြောင့်ဖြစ်သည်။

၆။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ပြစ်မှုပြုခြင်းသည် မိမိဧ။် အနိုင်ကျင့်လိုသော စိတ်ဓာတ်ကြောင့် ဖြစ်သည်။

၇။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော သနားစရာကောင်းခြင်းသည် မိမိဧ။် စိတ်အားငယ်မှုဖြစ်သည်။

၈။ လူ့ဘ၀ဧ။် အကြီးမားဆုံးလေးစားခံရခြင်းသည် မိမိဧ။် ကြံ့ခိုင်သည့် စိတ်ဓာတ်ဖြစ်သည်။

၉။ လူ့ဘ၀ဧ။် အကြီးမားဆုံး စီးပွားပျက် ရခြင်းသည် မိမိဧ။် ကိုယ်ပိုင်အနာဂတ်မျှော်လင့်ချက် ကင်းမဲ့ခြင်း ကြောင့်ဖြစ်သည်။

၁၀။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ချမ်းသာရခြင်းသည် မိမိဧ။် ကျန်းမာရေးကောင်းမွန်ခြင်းဖြစ်သည်။

၁၁။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော အကြွေးသံသရာ ဖြစ်ခြင်းသည် လူမှုရေးအကြွေးသံသရာဖြစ်သည်။

၁၂။လူ့ဘ၀ဧ။် အကြီးမားဆုံးသော လက်ဆောင်မွန်သည် မိမိဧ။် သည်းခံခွင့် လွတ်တတ်သောစိတ်ဓာတ် ဖြစ်သည်။

၁၃။လူ့ဘ၀ဧ။် အကြီးမားဆုံးသော လိုအပ်ချက်သည် မိမိဧ။် အကြင်နာတရား မေတ္တာစိတ်ဓာတ်ဖြစ်သည်။

၁၄။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ပီတိသည် အလှူဒါန ပြုခြင်း ဖြစ်သည်။