8/11/2010

The Rules for Health

ကျန်းမာရေးအတွက် နည်းလမ်းကောင်းများ

(1) Eat moderately and chew your food well.
မျှမျှတတစား၊ အစားအသောက် ကြေညက်အောင်ဝါးပါ။

(2) Take deep brealth of fresh air.
လေကောင်းလေသန့် တစ်ဝကြီးရှူပါ။

(3) Sleep eight hours with a window open.
ပြတင်းပေါက်ဖွင့်ပြီး ၈ နာရီလောက် အိပ်ပါ။

(4) When walking upstairs, go slowly.
အပေါ်ထပ်တက်လျှင် ဖြည်းဖြည်းတက်ပါ။

(5) Cleanes the bowels daily.
နေ့စဉ် ၀မ်းမှန်ပါစေ။

(6) Avoid the use of drugs.
မူးယစ်ဆေးဝါး မသုံးပါနဲ့။

(7) Give yourself some recreation daily.
မိမိကိုယ်ကို နေ့စဉ် အနေအထိုင် အသွားအလာပြုပြင်ပါ။

(8) Look on the bright side od life.
ဘ၀ခရီး သာယာချမ်းမြေ့အောင် ရည်စူးပါ။

Royal Readers 1922

8/08/2010

Information Security ဟောပြောပွဲအကြောင်း

၇ ရက် ၈ လ ၂၀၁၀ ခု စနေနေ့ နေ့လည် ဟောပြောပွဲကို ၂ နာရီမှ စတင်ခဲ့ပါတယ်။ အရင်ဆုံး ပြောကြားတဲ့သူကတော့ ဦးရဲကျော်သိန်းဖြစ်ပါတယ်။
Security တွေ ဘယ်လိုလုပ်ရမယ်ဆိုတာတွေ ပြောပါတယ်။ ဒါပေမယ့် မှတ်မိသလောက်ပဲ တင်ပြပါမယ်။
Range of Security
-Generate
-General Security Concept
အီးမေလ်းတို့ ဆာဗာတို့မှာလည်း လုံခြုံမှုလိုအပ်ကြောင်း နောက် Security ဆိုတာ နေရာတိုင်းမှာ လိုအပ်ပါတယ်။
Commuation
Authentication

Web based Service
- Secure Sockets layer/Transport layer Security (SSL/TLS)
- Secure Hypertext Transfer Protocol (S- HTTP)
- Directory Services
- Linghtweight Directory Access Protocol(LDAP)
- Files Transfer
- File Transfer Protocol(FTP)

Devices
- Remod Access Service (RAS)
- Hardware base Virtual Private Network (VPN)
-
Security Topologies
DMZ, VLAN, NAT, Proxy
-Intrusion Detection
- IDS Plan (network bases/ host base)
- Active/Passive/Pro active Protection
- Security Baselines
- Secure OS/NOS
- ACL (important Security)

Basics of Cryptography
- Algorithms are the underlying foundation of cryptography
 နောက် စတဲ့ ဒေတာတွေနဲ့ပတ်သက်ပြီး တကယ်လို ဒေတာတွေကို backup လုပ်ထားသင့်ကြောင်း တကယ်လို့ ပျက်ခဲ့ရင် ဒေတာတွေ Recovery ပြန်လုပ်ဖို့ plan တွေလုပ်ထားသင့်ကြောင်း စတဲ့ information Security နည်းပညာအကြောင်းများ ဟောပြောပါတယ်။ နောက်တစ်ယောက်ကတော့ ဦးဇော်ဝင်းထွန်း ဖြစ်ပါတယ်။
ပြောတာတွေကတော့ အများကြီးပါပဲ။ နားထောင်နေတာနဲ့ မမှတ်လိုက်မိတာလည်း ပါပါတယ်။ မှတ်မိသလောက်ကို ပြန်ပြောရခြင်းသာဖြစ်ပါတယ်။

ဦးဇော်ဝင်းထွန်းကတော့ Security Solutions? ဘာတွေလုပ်သလဲတဲ့
အချက်အလက်တွေ၊ လုံခြုံရေးကို ဘယ်လိုလုပ်မလဲဆိုတာတွေ ပြောကြားပါတယ်။
နောက် Bank account တွေ ခိုးခြင်းခံရတဲ့ နိုင်ငံတွေမှာဆို ဘယ်လို လုံခြုံအောင် လုပ်သင့်တယ် လုပ်ထားတယ်ဆိုတာကို ပုံများနဲ့တကွ ရှင်းပြပါတယ်။ သူကတော့ ခုလက်ရှိ အဖြစ်များနေတဲ့ အကြောင်းအရာတွေကို အဓိကထားပြောပါတယ်။ Personal/ Dentity Theft လို့ ပြောပါတယ်။


SQL Injection to Bank Sites
Bank တွေရဲ့ ဆိုက်တွေကို နောက်ဆုံး Database ထဲ ၀င်မယ်ဆိုတဲ့ပုံစံ၊ Bank Sites တွေကိုလည်း ၀င်ဖို့လွယ်ကြောင်း နောက် အကောင့်တွေ ဘယ်လို ခိုးယူကြသလဲ နောက် အီးမေးလ် နမူနာပို့ပြီး အတုအယောင်ဖန်ဆင်းဖြည့်ခံရတာတွေ စတဲ့ ဟက်ကာတွေ ဘယ်လိုလုပ်ကြသလဲ ဒါတွေကို ဘယ်လိုလုံခြုံအောင် လုပ်မလဲဆိုတဲ့ အကြောင်းအရာတွေ အပြင်

Wireless Technology
ဒီ Wireless မှာ Security လုပ်ထားပေမယ့် ၀င်ဖို့နည်းလမ်းတွေ အများကြီး ရှိတဲ့ဆိုတဲ့အကြောင်း ဘယ်လိုအားနည်းချက်ဘက်က လှည့်ဝင်မလဲဆိုတာ ခဏလေးနဲ့ တွေ့ရှိတယ်လို့ ပြောပါတယ်။

Applications & Platforms
Types of Attack
- Computer Virues         - Network worms-
- Trojan Horses        - Logic Bombs
- Address Book Theft    - Hijacked Home Pages
- DNS Poisoning        - Zombies, IP Spoofing
- Password Grabbers    - Denial of Service Attacks
- Buffer Overruns        - Password Crackers

နောက်
- Technical
- Physical

Linux Devices Using
- Personal Steps to Protect Your Cyber Information

Steps to Protect
- Keep your password secret
- Backup important files
- Know who to Protect your family
- Consider setting parental controls
- Tech your children never to give out personal


Technical Safeguards in work
- Unique-in access        - Remote access security
- Passwords        - Safe e-mail use
- Workstation Security    - safe internet use
- Portable device Security   
- Data management
e.g back-up and archive
- Report security incidents and stolen devices
- Clean data off computers berfore reycling

Understanding & Addressing Security Threats
-
- Application
- System
- Networking
ISO 17799/ 27001/27002
- Business Continuity Planning        - Personal Security

Conclusions
- Security is a Process
- Security is Physical, Social and Technical
- Education
- Standard based Qulity focus
- Trends
- Preventipn +, Detection+, Response
- Applications and particularly Client
- Targeted
- Lability
စတဲ့ အကြောင်းအရာများကို ဟောပြောပြီးနောက် နောက်ဆုံးကျန်တဲ့ ဦးအောင်ဇော်မြင့်က ဆက်လက်ဟောပြောပါတယ်။
သူကတော့ ဘာတွေလဲဆိုတာ ကြည့်ရအောင်
Overview
- What is security?
- Why do we need security?
- Who is - nerable?
- Common security attacks and counter measures

ဆက်လက်ပြီး Security Penetration
- Firewalls & Intrusion Defetion System
- Denial of Service Attacks
- TCP Attacks
- Packet sniffing
- Social Problems

Common security attacks and their counter measures

- Finding a way into the network
- Firewall
- Exploiting software bugs, buffer overflows
- Intrussion Detection Systems
- Denial of Service
- Ingress fillering, IDS
- TCP hijacking
- IP
- Packet snifing
- Encryption (SSH, SSI, TTPS)
- Social problems
- Education


နောက်ဆုံး သမိုင်းကြောင်းလေးတွေပါ ဗဟုသုတရဖွယ် ပြောပြပါတယ်။
History Records
- 1960 US DoD(ARPA)
- Kleinrock 1964
- 200 hosts in ARPA (1970) (conference)
- E-mail 1972
- Telenet (late 1972)
- IBM SNA (1974)
- EThernet (1973 - 76)
- 1983 (NCP- TCY/IP)
- 1990 (www)
- 200 Web Server (1992)
- 1996 browser war
- 1995- 2001 (Interent in financial market)

စတဲ့ ဖြစ်ပေါ်လာပုံ နှစ်များကိုပါ ရှင်းလင်းပြောကြားပါတယ်။

နောက် Integrated Security Architecture မှာ ဆိုရင်
- ဘာတွေဘယ်လို ကြိုတင်ပြင်ဆင်ရမယ်
- ဒေတာတွေ ထပ်သိမ်းမယ်/ ပြုပြင်မယ်
- တကယ်လို့ တစ်ခုခုဖြစ်သွားခဲ့ရင် ဘယ်လိုလုပ်ရမယ်ဆိုတာတွေ အပြင် policies ကို အဓိက လေ့လာသင့်ကြောင်း၊ ဘယ်လောက်အရေးကြီးသလဲဆိုတာ သိထားဖို့ လိုအပ်တယ်ဆိုတဲ့အပိုင်းတွေအပြင်
System Security
Application Security
Network Security as a Continuous Process
တွေ Step by Step ဘယ်လိုလုပ်သင့်တယ်ဆိုတာ
Step 1 - Securire
Step 2 - Monitor
Step 3 - Test
Step 4 - Improve


yahoo ဘယ်ချိန်က ဘယ်လို ဟက်ခံရကြောင်း ဘယ်နှစ်ကဆိုတာပါ ထည့်သွင်းပြောပါတယ်။ ကြားထဲမှာ ပြောသေးတယ် မရေးတော့ဘူးနော်။

နောက်ဆုံးကတော့ အဓိက လုပ်ဆောင်သင့်၊ လေ့လာသင့်တဲ့အကြောင်းအရာ ဖြစ်တဲ့
Information Security Policies
- login policies
- Password policies
- Mail policies
- Web policies
- Storage policies
- Wireless policies,..... etc
စတဲ့ အကြောင်းအရာများကို ဟောပြောပြီးနောက် ၃ နာရီခွဲတွင် သိချင်သောအကြောင်းအရာများ မေးမြန်းနိုင်သည်ဆိုပြီး နိဂုံးချုပ်သွားပါတယ်။ မေးချင်တဲ့သူတွေ ကျန်ခဲ့ပြီး ကျွန်မလည်း ထပြန်လာခဲ့ပါတော့တယ်။ အမှန်က ကျွန်မက အသံသွင်းပြီး ရီကောဒင်းပါ တင်ပေးချင်တာပါ ညဘက် အားသွင်းထားရင်းနဲ့ မနက် ကျောင်းအသွား အိမ်မှာ မေ့ကျန်ခဲ့လို့ ဒီတိုင်းပဲ ပြောသမျှ မှတ်ထားခဲ့ရခြင်းသာ ဖြစ်ပါတယ်။

8/05/2010

မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း အသိအမှတ်ပြု စာမေးပွဲများ

MCPA အသိအမှတ်ပြု စာမေးပွဲဆိုတာ ဘာလဲ?
မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းက ကြီးမှူးပြီး
- ကွန်ပျူတာ ပညာရှင်များ ကွန်ပျူတာပညာရပ်နှင့်ပတ်သက်၍ နားလည်ပြီး
ကျွမ်းကျင်မှုအဆင့် တိုးတက်မြင့်မားလာစေရန်။
- သတင်းအချက်အလက် နည်းပညာနယ်ပယ်တွင် နားလည်တတ်ကျွမ်းသူတစ်ယောက်အဖြစ်
အသိအမှတ်ပြုစေရန် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ပါတယ်။

MCPA က ဘာစာမေးပွဲတွေကို ကျင်းပနေလဲ?

MCPA အနေနဲ့ Software Engineering နဲ့ Network Engineering တို့အတွက်
စာမေူးပွဲများကို ကျင်းပပေးနေပါတယ်။ ယခုအခါမှာ
- MCPA Certified Fundamental Engineer
- MCPA Certified Network Associate အောင်လက်မှတ်များပေးမည့် စာမေးပွဲ
(၂) ခုကို ကျင်းပပေးလျက်ရှိပါတယ်။ ထိုစာမေးပွဲများမှာ အိုင်တီနယ်ပယ်သို့
စတင်ဝင်ရောက်ရန်အတွက် လိုအပ်ချက်များ ပြည့်စုံမှုကို စစ်ဆေးပေးသော
စာမေးပွဲများ ဖြစ်ပါတယ်။

ဘယ်အချိန်မှာ ဖြေရမှာလဲ?

စာမေးပွဲများကို နှစ်စဉ် ဇွန်လနှင့် ဒီဇင်ဘာလများမှာ ကျင်းပပါတယ်။

MCPA အသိအမှတ်ပြု စာမေးပွဲအောင်ရင် ဘယ်လိုအကျိုးကျေးဇူးတွေရမှာလဲ?

- မြန်မာနိုင်ငံရဲ့ အကြီးဆုံး IT Professional Body ရဲ့ အသိအမှတ်ပြု
လက်မှတ်ရရှိမှာ ဖြစ်ပါတယ်။
- မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ စီစဉ်သော
နိုင်ငံခြားပညာသင်ဆုကိုလည်း လျှောက်ထားနိုင်ပါတယ်။

MCPA စာမေးပွဲဖြေဆိုရင် အရည်အချင်း ကန့်သတ်မှုရှိပါသလား?

- တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ပြီး ဘွဲ့ရပြီးနောက် အိုင်တီပညာကို
စိတ်ဝင်စား၍ အိုင်တီနယ်ပယ်သို့ ၀င်ရောက်ရန် ကြိုးပမ်းနေသူများ
- တက္ကသိုလ်ကျောင်းသား/ကျောင်းသူများ
- ကွန်ပျူတာနှင့် နည်းပညာတက္ကသိုလ် ကျောင်းသား/ကျောင်းသူများ
- အိုင်တီနယ်ပယ်တွင် လက်တွေ့လုပ်ကိုင်သူများ ဖြေဆိုရန် သင့်လျော်ပါတယ်။


MCPA စာမေးပွဲ ဖြေဆိုရင် ဘယ်လိုပြင်ဆင်မလဲ?

MCPA Certified Fundamental Software Engineer စာမေးပွဲအတွက်
Allocation of Question to the Knowledge Area.

* Part A
1. Computing Fundamental 20%
2. Programming Concepts 30%
3. Networking Essential 15%
4. Relational Database Model and SQL 35%

* Part B
Development of Program in Java Language.
Understanding of ROM.
Development of SQL Standards using SQL 92 Standard.

MCPA Certified Network Associate
Allocation of Question to the knowledge Area.
1. Desktop PC Hardware 20%
2. Desktop OS 10%
3. Networking Fundamental 25%
4. NOS and Network Environment 20%
5. Network Management 15%
6. WLAN 10%
7. WAN Technologies 5%
8. Network Security 5%

မိမိကိုယ်တိုင် လေ့လာဖြေဆိုလျှင် MCPA မှ ထုတ်ပြန်ထားသော
စာမေးပွဲလမ်းညွှန်များနှင့် ရည်ညွှန်းထားသော စာအုပ်များ၊
မေးခွန်းဟောင်းများကို လေ့လာနိုင်ပါတယ်ရှင်။

8/02/2010

Information Security ဟောပြောပွဲကျင်းပမည်

    သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်း မှ ကြီးမှူး၍ မျက်မှောက်ခေတ် ICT/ Internet နည်းပညာရပ်များ၏ နောက်ကွယ်ရှိ သတင်းအချက်အလက်ပိုင်းဆိုင်ရာ  လုံခြုံရေးစနစ်များ၊ Cyber Threats များ၊ ကွန်ပျူတာ၊ အင်တာနက်အသုံးပြုသူတိုင်း သိသင့်သိထိုက်သော Fundamental Security Concepts များအကြောင်း၊
နည်းပညာရပ်များကို အခြေခံသော မတူညီသော Cyber နှောင့်ယှက်မှုများ၊ ကာကွယ်ရေး စနစ်များအကြောင်းတို့ကို အပြန်အလှန် ဆွေးနွေးနိုင်ရန် ရည်ရွယ်၍ သြဂုတ်လ (၇)ရက် (စနေနေ့) နေ့လည် (၂း၀၀) နာရီ မှ (၅း၀၀)နာရီအထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ မြန်မာအင်ဖိုတက်ခ်၊ ပင်မဆောင်ရှိ အခန်း(၂၀၅) တွင်  မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်း မှ အလုပ်အမှုဆောင်များဖြစ်သည့် ဦးဇော်ဝင်းထွန်း၊ ဦးအောင်ဇော်မြင့်နှင့် ဦးရဲကျော်သိန်း တို့မှ "Information Security" ခေါင်းစဉ်ဖြင့် ရှင်းလင်းဟောပြောမည်ဖြစ်ပါသည်။

            ဆွေးနွေးဟောပြောပွဲသို့ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အသင်းဝင်များ၊ ကွန်ပျူတာ ပညာရပ်အထူးပြု ကျောင်းသား၊ ကျောင်းသူများ၊ ရုံးလုပ်ငန်းများတွင် သတင်းအချက်အလက်နှင့်
ကွန်ယက်လုံခြုံရေးလုပ်ဆောင်နေရသော Network Admin များ၊ Network နှင့် Information Security ကိုစိတ်ပါဝင်စားသူ မည်သူမဆို (အခမဲ့) တက်ရောက်ဆွေးနွေး နိုင်သည်။ အသေးစိတ်သိရှိလိုပါက
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ ဖုန်းနံပါတ်-၆၅၂၂၇၆ သို့ ဆက်သွယ်စုံစမ်းနိုင်သည်။

source: မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း

8/01/2010

လောကမှာ အနေတတ်ပြီး ပျော်ရွှင်ဖို့နည်း

လူဆိုတာ ကိုယ့်ကိုယ်ပိုင် သီးသန့်ကိုယ်ရည်ကိုယ်သွေးများကို ငါကွလို့
ပြလိုက်ရရင် အလွန်ပျော်တတ်တာပါပဲ။ တခြားနာမည်ကြီးတွေကို
လိုက်လုပ်တာမျိုးမှ မဟုတ်တာကိုး။ ဒီလိုပါပဲ ယောက်ျားဆိုရင်
မာမာထန်ထန်ဖြစ်ရမယ်။ မိန်းမကတော့ ပျော့နဲ့နဲ့လို့ အဲလို
ဘောင်ခတ်ထားဖို့လည်း မလိုပါဘူး။
ဥပမာ မြင်ယောင်ကြည့်လိုက်။ အသုဘလိုက်ပို့ဖူးတယ်မဟုတ်လား။ မိန်းမတွေ
ငိုနေ၊ ယောက်ျားတွေကတော့ မာတင်းတင်းမျက်နှာပေးတွေနဲ့လေ။ ယောက်ျားပဲကွာ
ခံစားမှုကို ဘယ်ထုတ်ဖော်လို့ကောင်းမလဲ။ မိန်းမက ခံစားရသမျှ
ဖော်ပြရတာချည်းပဲ။ အဲသလို သဘာဝလောကက သမားရိုးကျ
မျှော်လင့်ထားကြတဲ့အတိုင်း နေကြရတာပဲ မဟုတ်လား။ ဒါပေမယ့် ခက်နေတာက
လူတိုင်း လူတိုင်း မျှော်လင့်ထားတာတွေနဲ့ မကိုက်ညီနိုင်တာပါပဲ။
အော်ငိုချင်ပေမယ့် ကိုယ့်ကိုယ်ကိုယ် အတင်းချုပ်ထားရတဲ့ ယောက်ျားဟာ
တကယ်တော့ မာလှသူမှမဟုတ်တာ။ သူက အများ မျှော်လင့်ချက်နဲ့ကိုယ်အောင်
ဟန်ဆောင်ထားသူပဲ။ အဲ မိန်းမတွေလည်း ဒီအတိုင်းပဲပေါ့။ သူလည်း
သူ့စိတ်ခံစားမှုကို ဖော်ထုတ်ဖို့ ၀န်လေးချင် ၀န်လေးမှာပေါ့။
လောကကြီးမှာ နေတတ်သလို နေဖို့ပါပဲ။ ဘယ်အရာမှ ပုံသေကားချလိုက်လုပ်ဖို့ မလိုပါဘူး။
နောက်တစ်ခုက ကိုယ်သွားမယ့်ပန်းတိုင်ကို တခြားလူတွေ သတ်မှတ်ပေးလို့
ဘယ်ဖြစ်မလဲ။ တခြားသူ တွေးတောတာနဲ့ ကိုယ်ညီအောင်ရယ်လို့
ကိုယ့်ရည်မှန်းချက်ကို မချမိပါစေနဲ့။ ကိုယ်အမှန်တကယ် ဘာစိတ်ဝင်စားသလဲ၊
ကိုယ်နဲ့ ကိုက်ညီတာသာ လုပ်ပါ။
ကျွန်မ ဒီအကြောင်းကို ဘာကြောင့်ပြောရသလဲဆိုတော့ အစ်ကိုတစ်ယောက်က
ပြောဖူးတယ်။ ညီမလေးတဲ့ သူလည်း ညီမလေးလို့
ဆိုက်လေးတစ်ခုလောက်လုပ်ချင်တယ်တဲ့ ကဲ ဟုတ်ပြီ လုပ်ချင်တယ်ဆိုရင်
ကူညီမယ်ပေါ့။ မေးလိုက်တယ်။ ဘယ်လိုလုပ်ချင်လဲ ဘာအကြောင်းတွေရေးမယ်လို့
စိတ်ကူးသလဲလို့ မေးတော့ မသိဘူးတဲ့။ သူ့ကို အကြံပေးပါတဲ့။ ဒီတော့
ဝါသနာကြောင့်လုပ်ချင်တာလားလို့ ကိုယ့်ကိုယ်ကိုယ်
ပြန်မေးကြည့်သင့်တယ်နော်။ စဉ်းစားကြည့်လေ ကိုယ်ဘာဖြစ်ချင်လဲ
ဘာလုပ်ချင်တယ်ဆိုတာ မသိဘဲ ဘာလို့ အရာတစ်ခုကို အစကနေ ဖန်တီးချင်ရတာလဲ။
သူများလုပ်လို့ လိုက်လုပ်တာထက် ကိုယ့်ရဲ့စိတ် ကိုယ့်ရဲ့ပန်းတိုင်
ရည်ရွယ်ချက်မရှိပဲ ဘယ်အရာပဲလုပ်လုပ် အချိန်ကုန်ရုံသာ အဖတ်တင်မှာပေါ့။
ကျွန်မအနေနဲ့လည်း ကိုယ့်စိတ်နဲ့မတူတဲ့လူတွေကို အကြံဥာဏ်ပဲ ပေးလို့ရမယ်
ဆုံးဖြတ်ချက်ကို ဘယ်တော့မှ မချမှတ်ပေးပါဘူး။
ဥပမာ ကျွန်မ အိပ်မက်တစ်ခုမက်တယ်ဆိုပါစို့။ အိပ်မက်က အရမ်းကောင်းတော့
တခြားသူကလည်း မက်ချင်တယ် သူ့ကို လွှဲပေးပါပြောလာရင် ဒီအိပ်မက်က ကျွန်မကို
မမက်နဲ့ သူ့ကို လွှဲပေးလိုက်ပါလို့ ပြောလို့ရပါသလား။ တခြားသူတွေရဲ့
အတွေးအတောနဲ့သာ ညီအောင် လုပ်ရရင်တော့ လူတိုင်း ကောင်းသောနေခြင်းနဲ့
နေချင်ကြတဲ့သူတွေပါပဲ။
ဒီတော့ ကိုယ့်ဘ၀မှာ ပျော်ရွှင်ဖို့ အတွက်တော့ လုပ်သမျှတိုင်း
အောင်မြင်လိုက်တာလို့ ဖြစ်စရာ မလိုပါဘူး။ ကိုယ့်ဘ၀ပေါ်
ကိုယ်အကောင်အထည်ဖော်နိုင်ရန် ပြီးတာပါပဲ။ ကိုယ့်ဆုံးဖြတ်ချက်
ကိုယ့်နေရာအတွက် ကိုယ်တာဝန်ယူတယ်လို့ ခံစားရရင် ပျော်တာပါပဲ။
ပျော်ရွှင်နေတဲ့သူအတွက် အသက်အရွယ် အချိန်ကာလဆိုတာ မလိုအပ်ဖူးလို့လည်း
ကျွန်မ ပြောချင်ပါတော့တယ်ရှင်.......

7/25/2010

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာနေ့)

မနက်ဖြန်ဆို မြန်မာများရဲ့ ၀ါဆိုလပြည့်နေ့ဖြစ်ပါတယ်။ ၀ါဆိုလပြည့်နေ့မှာ
မြတ်စွာဘုရားရှင် ပဋိသန္ဓေနေတော်မူခြင်း၊ တောထွက်ခြင်း၊ တရားဦး
ဓမ္မစကြာကို ဟောကြားတော်မူခြင်း၊ ရေအစုံ မီးအစုံတန်ခိုးပြာဋိဟာများကို
ပြသတော်မူခြင်းဆိုတဲ့ ထူးခြားတဲ့နေ့ ဖြစ်ပါတယ်။ ၀ါဆိုလပြည့်ကျော် ၁
ရက်နေ့မှာ ရဟန်းသံဃာများ ပုရိမ၀ါကပ်ဆိုတော်မူကြပါတယ်။ ဒါကြောင့်
ဝါဆိုလကို လထူးလမြတ်အဖြစ်သတ်မှတ်ထားကြပါတယ်။ ၀ါဆိုလပြည့်ကျော် ၁ ရက်နေ့ဟာ
ကျွန်မရဲ့ မြန်မာမွေးနေ့ရက်လည်း ကျရောက်ပါတယ်။
ရှေးမြန်မာဘုရင်များသည် ဗုဒ္ဓသာသနာတော် တိုးတက်စည်းကားပြန့်ပွားရေးနှင့်
ဗုဒ္ဓယဉ်ကျေးမှု အမွေအနှစ်များကို ရရှိရေးဟူသော ရည်ရွယ်ချက်နှစ်ရပ်တို့ကို
အကြောင်းပြုပြီး ၀ါဆိုလမှာ ပဉ္စင်းခံရှင်ပြုပွဲတော်ကြီးကို
ရာသီပွဲတော်အဖြစ် ကျင်းပလေ့ရှိပါတယ်။ ၀ါဆိုလပြည့်နေ့မှာ ဖြစ်စေ၊
လပြည့်ကျော် ၁ ရက်နေ့မှာ ဖြစ်စေ၊ ၀ါဆိုလမှာ ဖူးပွင့်ကြတဲ့ ပုန်းညက်ပန်း
စတဲ့ ပန်းမျိုးစုံတို့ကိုစေတီပုထိုးများမှာ သွားရောက်လှူဒါန်းဖို့
ဝါဆိုပန်းခူးထွက်တဲ့ ကျွန်မတို့ရဲ့ မြန်မာများရဲ့ ကြည်နူးကျေနပ်စရာ
ယဉ်ကျေးမှုဓလေ့တစ်ရပ်လည်း ပေါ်ပေါက်ခဲ့ပါတာဆိုရင်ဖြင့်
ခုချိန်တိုင်ထိပေါ့လေ။
အချို့ကတော့ သံဃာတော်များ ၀ါဆိုတဲ့အခါ ပူဇော်ဆက်ကပ်နိုင်ဖို့
ဝါဆိုပန်းနှင့် ၀ါဆိုဖယောင်းတိုင်ကြီးတွေကို ဘုန်းတော်ကြီးကျောင်းများမှာ
လှူဒါန်းကြပါတယ်။ ထို့အပြင် သင်္ကန်းများကိုလည်းကပ်လှူကြပါတယ်။
ဝါဆိုတော့မယ့် သံဃာတော်များအား ၀ါဆိုလဆန်းမှာပင်
လှူဒါန်းကြတဲ့သင်္ကန်းဖြစ်တာကြောင့် "၀ါဆိုသင်္ကန်း" လို့ခေါ်ကြတာပေါ့ရှင်။
ကျွန်မလည်း ကျွန်မမွေးနေ့အတွက်ဝါဆိုသင်္ကန်းကပ်ဖို့ စီစဉ်ခဲ့ပါတယ်။
မြန်မာတို့ရဲ့ ယဉ်ကျေးမှု အစဉ်အလာတစ်ရပ်အဖြစ် အသက်၊
သိက္ခာဂုဏ်ဝါကြီးသူများကို ၀ါဝင်ခါနီးမှာ ပူဇော်ဖွယ်ရာများနဲ့
ပူဇော်ကန်တော့ကြတာဆိုရင်ဖြင့် ကျွန်မတို့ဘိုးဘေးဘီဘင်လက်ထက်ထဲက
ခုချိန်တိုင်အောင်ပင် ဖြစ်ပါတော့တယ်ရှင်။

လာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေမောင်နှမ သူငယ်ချင်းအားလုံးလည်း
ဝါဆိုလနှင့်အတူ ပျော်ရွှင်ခြင်းများစွာ ပိုင်ဆိုင်နိုင်ကြပါစေနော်....

7/24/2010

ဗုဒ္ဓဖြစ်စဉ်အကျဉ်း

ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေဖြင့် မိမိကိုးကွယ်သော ဗုဒ္ဓမြတ်စွာဘုရားနှင့်
ဗုဒ္ဓဘာသာအကြောင်းကို အသေးစိတ်မသိသော်မှ အကျဉ်းချုပ်၊ အနှစ်ချုပ်မျှကိုကား
သိထားရန်လို၏။ သို့မှသာ မိမိတို့ ယုံကြည်ကိုးကွယ်သော ဗုဒ္ဓအပေါ်
ပိုမိုကြည်ညိုသက်ဝင်လာရုံမျှမက ဗုဒ္ဓဘာသာတရားတော်၏ အနှစ်သာရကိုလည်း
သိလာမည်ဖြစ်သည်။ ဗုဒ္ဓဘာသာ၏ အနှစ်သာရအစစ်ကို သိရှိမှသာလျှင်
ဗုဒ္ဓဘာသာဖြစ်ရကျိုးနပ်ပေလိမ့်မည်။ ထို့အပြင် အခြားဘာသာများ
ဗုဒ္ဓဘာသာအကြောင်းမေးလာလျှင် အဆင်သင့် ဖြေနိုင်ရန်ဖြစ်သည်။
ဗုဒ္ဓအကြောင်းနှင့် ဗုဒ္ဓဘာသာတရားတော်အကြောင်းကို ဂဃနဏသိထားလျှင်
ဘာသာခြားများ၏ ဖျားယောင်းသိမ်းသွင်းမှုအန္တရာယ်ကိုလည်း
ကာကွယ်နိုင်ပေလိမ့်မည်။

ဗုဒ္ဓဖြစ်တော်စဉ်အကျဉ်း
ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားသည် ကပိလ၀တ်ပြည့် ဘုရင် သုဒ္ဓေါဒန
မဟာရာဇာ၏ သီရိမဟာမာယာဒေ၀ီမှ မဟာသက္ကရာဇ် ၆၈-ခု၊ ကဆုန်လပြည့် သောကြာနေ့တွင်
လုမ္ဗိနီမည်သော အင်ကြင်းတော၌ ဖွားမြင်တော်မူသည်။
အလောင်းတော်သည် အသက် ၁၆ နှစ်အရွယ်တွင် ယသော်ဓရာဒေ၀ီနှင့်အတူ နန်းမ ၃
ဆောင်၌ မင်းစည်းစိမ်ကို ၂၉ နှစ်အရွယ်အထိ ခံစားခဲ့သည်။ ထို့နောက်
နိမိတ်ကြီးလေးပါးကို မြင်တော်မူ၍ သံဝေဂရတော်မူသဖြင့် တောဝနာသို့ထွက်ကာ
တရားဓမ္မကျင့်သုံးခဲ့သည်။ ဒုက္ကရစရိယာဟုဆိုသော အကျင့်မျိုးကို
ပင်ပန်းကြီးစွာ ကျင့်သုံးခဲ့၏။ တရားမှန်ကို မရသဖြင့်
မဇ္ဈိမပဋိပဒါကျင့်ထုံးဖြင့် ပြောင်းလဲကျင့်သုံးခဲ့ရာ မဟာသက္ကရာဇ် ၁၀၃-ခု၊
ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် ဘုရားအဖြစ်သို့ ရောက်တော်မူလေသည်။
ဘုရားအဖြစ်သို့ ရောက်ရှိတော်မူပြီးနောက် ကျွတ်ထိုက်သော ဝေနေယျသတ္တ၀ါ
လူနတ်ဗြဟ္မာတို့အား တရားရေအေးအမြိုက်ဆေးကို တိုက်ကျွေးတော်မူ၏။ ၄၅ နှစ်
ကာလပတ်လုံး ဓမ္မဒေသနာတို့ကို ဟောကြားခဲ့သည်။ သက်တော် (၈၀) ၀ါတော် (၄၅) ၀ါ
ပြည့်သောအခါ မဟာသက္ကရာဇ် ၁၄၈-ခု၊ ကဆုန်လပြည့် အင်္ဂါနေ့၌ ကုသိနာရုံပြည်
မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်ဝယ် ပရိနိဗ္ဗာန်ပြုတော်မူလေသည်။


အလွယ်မှတ်ရန် ဗုဒ္ဓ၀င်အကျဉ်း
၁။ လူအမည် - သိဒ္ဓတ္ထ
၂။ ဘုရားဘွဲ့ - ဂေါတမ
၃။ မိဘအမည် - သုဒ္ဓေါဒနမင်းနှင့် မာယာဒေ၀ီ
၎။ ကြင်ယာတော် - ယသော်ဓရာ (ဘဒ္ဒကဉ္စနာ)
၅။ ရင်သွေးတော် - ရာဟုလာ
၆။ ယောက်ဖတော် - ဒေ၀ဒတ်
၇။ မိထွေးတော် - မဟာပဇာပတိ ဂေါတမီ
၈။ နေပြည်တော်- ကပိလ၀တ်ပြည် (သက္ကတိုင်း၊ မဇ္ဈိမဒေသ)
၉။ ဖွားရာဌာန - လုမ္ဗိနီဥယျာဉ် (ကပိလ၀တ်နှင့် ဒေ၀ဒဟအကြား)
၁၀။ နန်းစံနှစ် - ၁၃ နှစ် (သက်တော် ၁၆ နှစ်မှ ၂၉ နှစ်အထိ)
၁၁။ နိမိတ်ကြီးများ - သူအို၊ သူနာ၊ သူသေ၊ ရဟန်း
၁၂။ ဗျာဒိတ်ခံယူသောဘ၀ - သုမေဓာရသေ့ဘဝ
၁၃။ ဗျာဒိတ်ခံယူသောနေ့ - ကဆုန်လပြည့်နေ့
၁၄။ ဗျာဒိတ်ပေးသောဘုရား - ဒီပင်္ကရာမြတ်စွာဘုရား
၁၅။ ပါရမီဖြည့်ဘက် - သုမိတ္တာအမျိုးသမီး (ယသော်ဓရာအလောင်း)
၁၆။ ပါရမီဖြည့်ရာကာလ - လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း
၁၇။ ပါရမီဖြည့်ရခြင်း၏ ရည်ရွယ်ချက် - သတ္တ၀ါများ အကျိုးဆောင်ရွက်ရန်
၁၈။ ဒုက္ကရစရိယာကျင့်ရသောနှစ် - ၆ နှစ် (မဟာသက္ကရာဇ် ၉၇-ခုမှ ၁၀၃-ခု အထိ)
၁၉။ ဒုက္ကရစရိယာကျင့်သည့်နေရာ - ဥရုဝေဠတော
၂၀။ ဘုရားဖြစ်ချိန်သက်တော် - ၃၅ နှစ်အရွယ်
၂၁။ ဘုရားပွင့်ရာလူ့သက်တမ်း - နှစ် ၁၀၀ တမ်း
၂၂။ အလုပ်အကျွေး - ပဉ္စ၀ဂ္ဂီငါးဦး (ဒုက္ကရစရိယာကျင့်ခိုက်)
၂၃။ တရားဦးဟောသည့်နေရာ - ဗာရာဏသီပြည်၊ မိဂဒါဝုန်တော
၂၄။ ပထမဆုံးသာဝက - ပဉ္စ၀ဂ္ဂီငါးဦး (ကောဏ္ဍည၊ ၀ပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိ )
၂၅။ နောက်ဆုံးသာဝက - သုဘဒ္ဒပရိဗိုဇ်
၂၆။ လက်ယာရံအဂ္ဂသာဝက - အရှင်သာရိပုတ္တရာ
၂၇။ လက်ဝဲရံအဂ္ဂသာဝက - အရှင်မောဂ္ဂလာန်
၂၈။ အဆုံးအမသာသနာ - ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ
၂၉။ ကျင့်စဉ်သိက္ခာ - သီလ၊ သမာဓိ၊ ပညာ
၃၀။ ချမှတ်သောလမ်းစဉ် - မဇ္ဈိမပဋိပဒါ (မဂ္ဂင်လမ်းစဉ်)
၃၁။ သန္ဓေယူသောနေ့ - မဟာသက္ကရာဇ် ၆၇-ခု၊ ကြာသာပတေးနေ့
၃၂။ ဖွားမြင်သောနေ့ - မဟာသက္ကရာဇ် ၆၈-ခု၊ (ဘီစီ-၆၂၃) ကဆုန်လပြည့်၊
သောကြာနေ့
၃၃။ တောထွက်သောနေ့ - မဟာသက္ကရာဇ် ၉၇-ခု၊ ၀ါဆိုလပြည့်၊ တနင်္လာနေ့
၃၄။ ဘုရားဖြစ်သောနေ့ - မဟာသက္ကရာဇ် ၁၀၃-ခု၊(ဘီစီ-၅၈၉) ကဆုန်လပြည့်၊
ဗုဒ္ဓဟူးနေ့
၃၅။ ဓမ္မစကြာဟောသောနေ့ - မဟာသက္ကရာဇ် ၁၀၃-ခု၊ ၀ါဆိုလပြည့်၊ စနေနေ့
၃၆။ ပရိနိဗ္ဗာန်စံသောနေ့ - မဟာသက္ကရာဇ် ၁၄၈-ခု၊ (ဘီစီ-၅၄၄) ကဆုန်လပြည့်၊
အင်္ဂါနေ့
၃၇။ တေဇောဓါတ်လောင်သောနေ့ (မီးသဂြိုဟ်သောနေ့) - မဟာသက္ကရာဇ် ၁၄၈၊
ကဆုန်လဆုတ် (၁၂)ရက်၊ တနင်္ဂနွေနေ့။


သက္ကရာဇ်ရှင်းလင်းချက်
မဟာသက္ကရာဇ်ဆိုသည်မှာ ဘုရားမပွင့်မီက ဘိုးတော်အဉ္စနမင်း တည်ထားသော
သက္ကရာဇ်ကို ခေါ်သည်။
သာသနာတော်နှစ်ဆိုသည်မှာ ဘုရားပရိနိဗ္ဗာန်ပြုပြီးနောက်
ပထမသင်္ဂါယနာတင်သည့်နှစ်မှစ၍ ရေတွက်သောနှစ်ဖြစ်သည်။
မြန်မာသက္ကရာဇ်ဆိုသည်မှာ ပုပ္ပားစောရဟန်းမင်းလက်ထက် တည်ထားသော
သက္ကရာဇ်ဖြစ်သည်။
ခရစ်နှစ် (ဘီ၊စီ) ဆိုသည်မှာ ခရစ်မပေါ်မီနှစ်ကို ခေါ်သည်။
ခရစ်နှစ် (အေ၊ဒီ) ဆိုသည်မှာ ခရစ်တော်ပေါ်ပြီးနှစ်မှစ၍ ရေတွက်သည်။
သာသနာသက္ကရာဇ်သည် မြန်မာသက္ကရာဇ်ထက် ၁၁၈၂ နှစ် ကြီးသည်။ ခရစ်သက္ကရာဇ်ထက်
၅၄၄ နှစ် ကြီးသည်။
ခရစ်သက္ကရာဇ် (အေ၊ဒီ)သည် မြန်မာသက္ကရာဇ်ထက် ၆၃၈ နှစ် ကြီးသည်။ ထို့ကြောင့်
ဘုရားရှင်ပရိနိဗ္ဗာန်ပြုသောနှစ်ကို ခရစ်မပေါ်မီ ဘီစီ ၅၄၄ ဟု
သာသနာ့သမိုင်းများက အတည်ပြုထားသည်။

မှတ်ချက် - ကျမ်းကိုး (ဖတ်မှတ်မိသမျှ ပြန်လည်တင်ပြထားခြင်းဖြစ်ပါသည်။)