10/18/2009

ရွှေမြန်မာအတွက် ရ ကောက်

နာမည်လေးတစ်ခုကို ရေးရမယ်ဆိုတော့ ရွှေမြန်မာဆိုတော့ ရကောက်ကို ရေးရမှာပေါ့
ဟုတ်လား ညီမလေး။
နေ့အိပ်မက်ရဲ့ တဂ်တဲ့ ပိုစ့်လေးကို မနည်းစဉ်းစားပြီး ရေးလိုက်ရတာနော်
ညီမလေး။ မရေးရင်လည်း စိတ်ဆိုးဦးမယ်။ ရေးဖို့ကလည်း ဘာရေးရမှန်းမသိ ရော
ခက်ပြီ မထူးတော့ဘူး ပေါက်ကရ ဖြစ်လည်း ဖြစ်ပါစေတော့ ရေးသာချလိုက်ပြီ
ဟုတ်သော်ရှိ မဟုတ်သော်ရှိပဲ။ ဖတ်ပေတော့။

စကားလုံးလေးလုံးနဲ့စာလုံး… ရွှေရောင်အိပ်မက်
ကောင်လေးတစ်ယောက်နာမည်… ရဲတိုက်(ခုတစ်လော အရိုက်များလာတယ်နော်။)
ကောင်မလေးတစ်ယောက်နာမည်… ရွှေယမင်း(ဟဲဟဲ)
အလုပ်တစ်ခု…. ရွှေဆိုင်(လုမလားလို့)
အရောင်တစ်ရောင်…. ရွှေအိုရောင်
သင်ဝတ်တဲ့တစ်ခုခု….. ရဲမျက်မှန်(တပ်တော့တပ်တယ် ရဲမျက်မှန်ဆိုင်က မဟုတ်)
စားစရာတစ်ခု…. ရွှေရင်အေး
ရေချိုးခန်းထဲကတစ်ခုခု… ရေ(မရှိပဲ ချိုးလို့ဘယ်ရမလဲနော်)
နေရာတစ်ခု…. ရင်ခွင်(တောင့်တမိတာပြောတာပါ ဟိဟိ)
နောက်ကျရတဲ့အကြောင်းပြချက်… ရပ်စောင့်နေရလို့…. (လိုင်းကားကို ပြောတာပါ။ )
သင်ပြောတတ်တဲ့တစ်ခုခု.. ရော ခက်ပြီ(အဲလို ပြောတတ်တယ်ထင်တာပဲ)
ရုပ်ရှင်ကားနာမည်… ရွှေရောင်မိုးကောင်ကင်(မကြည့်တော့ မကြည့်ဖူးဘူး။ ရှိတယ်ထင်တာပဲ)
သောက်စရာတစ်ခုခု…. ရင်အေးတာ
ဂီတအဖွဲ့တစ်ဖွဲ့….. ရော့ခ်စတား(သိပ်တော့မကြိုက်)
တိရစ္ဆာန်တစ်ကောင်… ရေမြင်း
လမ်းတစ်လမ်းနာမည်…. ရောက်လမ်း(အသံထွက်နဲ့ဖတ် ဒါပဲ)
ကားတစ်မျိုး… ရင်ခွဲရုံမောင်းတဲ့ကား(နာရေးကူညီမှုကား)
သီချင်းတစ်ပုဒ်ခေါင်းစဉ်…. ရတုအဆက်ဆက်(ဘယ်သူဆိုတာလည်း မမှတ်မိပါ။ နားပဲထောင်သည်)
ကြိယာတစ်ခု… ရင်ကွဲသည်(ဘယ်သူလဲမသိ)

ဆွေးမြေ့ည

ညီမလေး ပန်းရင့်ရောင်အတွက် သီချင်းလက်ဆောင်နဲ့အတူ

သံစဉ်မမှန်တဲ့ ဂီတာအိုတစ်လက်နဲ့
မင်းအတွက် သံစဉ်တွေ ရှာဖွေရင်း...
မင်ကုန်ခါနီး ဖောင်တိန်တစ်ချောင်းနဲ့
မင်းအတွက် သီချင်းတွေ သီဖွဲ့ရင်း...
ယိုင်နဲ့နဲ့ သံစဉ်တွေနဲ့ မပီမသစကားလုံးတွေ
မင်းအတွက် ဟစ်ကြွေးသီဆိုရင်း...
မှုန်ဝါးဝါး မျက်ဝန်းတစ်စုံနဲ့
အိပ်မက်များကို တမ်းတရင်း...
မင်းရင်ထဲမှာ ငါ့အတွက် နေရာရှာဖွေရင်း....
မျှော်လင့်ရင်းနဲ့ စောင့်နေဆဲ.....

10/17/2009

နားထောင်ဖြစ်သော သီချင်းများ

ညီမလေး ပန်းရင့်ရောင် တဂ်တာကို ပြန်ဖြေခြင်းဖြစ်ပါတယ်။ ညီမလေး တဂ်တာကတော့ ညည်းဖြစ်မိသော သီချင်းများဆိုတဲ့ ခေါင်းစဉ်လေးပါ။ ဒါပေမယ့် ညီမလေးရေ မမက သီချင်းဆိုတာထက် နားထောင်တာပဲလုပ်လေ့ရှိတဲ့အတွက် ခေါင်းစဉ်လေးကို နည်းနည်းပြောင်းလိုက်ရတဲ့အတွက် တောင်းပန်ပါတယ်နော်။ လူဆိုတာ ပင်ပန်းတဲ့အခါ စိတ်ကို လန်းဆန်းစေမယ့်အရာတစ်ခုကို ပြုလုပ်တတ်ကြပါတယ်။ မမကတော့ အမြဲ စာဖတ်ဖို့ပဲ အားသန်ပါတယ်။ သီချင်းနားထောင်ပြီး ကော်ဖီသောက်ရင်း စာဖတ်ရတာကို အလွန်ပဲ ကြိုက်နှစ်သက်မိတယ်။ ဒါပေမဲ့ မျက်မှန်သမားဆိုတော့ အိမ်က သိပ်ပြီး စာဖတ်တာကို မကြိုက်တဲ့အတွက် ကွန်ပျူတာကိုင်တာပေါ့ ဟီး။ ပါဝါတွေလည်းတိုးလို့ တတ်နိုင်ဘူး။ ၀ါသနာကို မတားနဲ့ရှင် ဆိုသလို ဖြစ်နေပြီ။ ကွန်ပျူတာကိုင်ရင်းလည်း သီချင်းနားထောင်တယ်။ သီချင်းနားထောင်လွန်းလို့ နားဒုက္ခရောက်တာတောင် ခံစားခဲ့ရဖူးတယ်။ တော်တော်ဆိုးတဲ့ ခံစားမှုတစ်ခုပေါ့ ညီမလေးရ။ ဒါနဲ့ ဆေးရုံကို သွားပြပြီးမှ သက်သာသွားတာ နောက်ပိုင်း နားကြပ်နဲ့ သိပ်ပြီး နားမထောင်ဖြစ်တော့ဘူး။ ဒါပေမယ့် အခု ပြန်နားထောင်နေပြန်ပြီ ဟိ။ တစ်ခါတလေတော့ သံစဉ်မမှန်တဲ့ အသံကြောင်နဲ့ ဆိုညည်းတတ်ပါတယ်။ အိမ်မှာ နားထောင်ရင်လည်း လူကြီးတွေ မကြိုက်တတ်တဲ့ အော်တယ်လို့ အမြဲပြောတဲ့ သီချင်းတွေ များတယ်လေ။ မမ အမြဲနားထောင်ဖြစ်တဲ့ သီချင်းတွေကတော့
ခုတစ်လော နားထောင်ဖြစ်တာတွေက
ဝိုင်းစုခိုင်သိန်းရဲ့ အချစ်မမြင်ဆိုလား စာသားက (မချစ်ချင်ပါဘူး သတ်ချင်တာပဲ သိတယ်နော်....)
ညီမလေးလို တစ်စုံတစ်ယောက်ဆိုတာ မမရဲ့ဘ၀ထဲမှာ ခုထိမရှိသေးတဲ့အတွက် ဘယ်သူကို ဘယ်လိုလွမ်းရမှန်းကို မသိပဲ လွမ်းတိုင်း နားထောင်ဖြစ်တဲ့ သီချင်းကတော့
ဝိုင်ဝိုင်းရဲ့ လက်ခံမှာလား (မင်း စိတ်ဟာ ထိခိုက် မခံဘူးကွာxxx အားပေးသူ တစ်ယောက်လောက်တော့ ရှိနေမှာxxx သိမ်ငယ်စွာ တစ်ယောက်ထဲxxx သူစိမ်းသူများကြားမှာ စိတ်ညစ်နေမလား....)
နေနေရဲ့ ဖူးစာရှင် (ဘယ်လို ၀ဋ်ကြွေးများကြောင့်လဲxxx အဖော်မဲ့ ငါ့တစ်ယောက်ထဲ တစ်ခါမှ အသည်းလည်း မခွဲခဲ့ဖူးပါကွယ် xxx အကြင်နာကင်းမဲ့ စိတ်အားလည်းငယ် မြှားနတ်ရှင်ရယ် ဘာများမှားနေလဲxx နာကျင်ကြေမွခဲ့ချိန်များ ငိုကြွေးဖို့နေရာ ရင်ခွင်လေးတစ်ခု တိုးဝှေ့ဖို့ လိုတယ်xx ပြန်လည် နှလုံးသားကြွေးဆပ် ပေးအပ်ပါ့မယ် လွဲလို့နေဆဲ ကိုယ့်ဖူးစာရယ်xxx အတိတ်ဖူးစာရှင်ရယ် အိပ်နေသလားကွယ်xx အကြင်နာမှန်ရင် ဆုံဆည်းပါရစေသားxxx)
နောက်တစ်ပုဒ်က ကြိုးကြာရဲ့ အိပ်မက်မက်ခွင့်ရရုံနဲ့ ကျေနပ်ရသူပါ (အိပ်မက်မက်ခွင့်ရရုံနဲ့ ကျေနပ်ရသူပါxxx ဘာကြောင့်လဲကွယ် အတိတ်ကံလွဲ ဘာမှန်းမသိပါ ငါ့စိတ်ထဲ ငါ့ရဲ့ဘေးမှာ မင်းရှိရင် ကျေနပ်တယ်xxx)
ဇော်ပိုင်ရဲ့ ပြန်လာခဲ့ပါ (အချစ်အကြောင်း ငါတော့ နားမလည်xxx ကြုံလာတိုင်းလည်း အသိခက်ဆဲxx ရင်ထဲက ခံစားချက်ပါ )
နားထောင်တာတွေကတော့ များကြီးပဲညီမလေးရ။
ဆောင်းဦးလှိုင်ရဲ့အပိုဆု (ဘယ်တော့ ငါ့ကို ပစ်သွားမယ် ငါ မသိxxx ဘယ်တော့ ငါ့ကို ချစ်မိမလဲ ငါမသိxxx ဘယ်တော့ ငါ့ကို ပစ်သွားမယ် ငါမသိxx ပိုအော ချစ်မိတယ် လိုချင်ဆုံး မင်းဆီက မေတ္တာတရားပါxx)
နောက် နားထောင်ဖြစ်တာတွေက  Lဆိုင်းဇီ သီချင်းတွေများတယ်။ မှတ်မိသလောက် ခေါင်းစဉ်တွေက
မကြာခင်မှာ ကြင်နာမယ်၊ မလွမ်းရဲသေးဘူးမောင်ရဲ့ ပြောရရင် အများကြီးပဲ။
များသောအားဖြင့် နားထောင်တာတွေက လေးဖြူ၊ အငဲ သီချင်းတွေများတယ်။ ဘလက်ဝိုး သီချင်းတွေလည်း နားထောင်ဖြစ်တယ်။
အကြိုက်ဆုံးနဲ့ ဆိုညည်းတာကတော့ လေးဖြူရဲ့ အိပ်မက်ကဗျာထဲက မမေ့နိုင်သီချင်းပဲ ညီမလေးရဲ့။
(ညလေး.... မှောင်မဲ တိမ်ညိုတွေကြား အလင်းပျောက်ကွယ်xxx ဒီလိုညမျိုး အိပ်လို့ပျော်အောင် လာပြီး ဘယ်သူကများ နှစ်သိမ့်မလဲxxx )
နောက် အိမ်မှာကော ရုံးမှာကော နာဖြစ်တဲ့တရားတော်က  U Nyanissara ရဲ့ တရားတော်တွေပဲဖြစ်ပါတယ်။
ကဲ ဒီလောက်နဲ့ ကျေနပ်လောက်မယ်လို့ ထင်ပါတယ် တဂ်တဲ့ညီမလေး ပန်းရင့်ရောင်ရေ... နေ့အိပ်မက် တဂ်တာလည်း ရေးရဦးမယ် ဟင့်ဟင့် ဆိုးတဲ့ကလေးမတွေ ကိုယ့်အမ အေးဆေးနေတာကို မကြည့်ရက်ကြဘူးထင်တယ်။ ကဲ တော်ပြီနော် ညနေကို မိုင်စုဗူးအဖွဲ့နဲ့ ရွှေတိဂုံဘုရားကို တံမြက်စည်းလှည်းသွားရဦးမယ်ရှင့်။
ညီမလေးကိုလည်း ရွှေမြန်မာက မမယမင်းက အမြဲခင်မင်စွာ ကြိုဆိုလျှက်ပါနော်။

10/15/2009

ပိုက်ဆံတစ်ပြားမှ မကုန်ဘဲ ဒေါ်လာ ၆၅၀ တန် လက်ပ်တော့ကွန်ပျူတာရမယ်ဆိုပါလား

အိုင်တီစစ်တမ်း ကောက်ယူမည်၊ လူတိုင်းပါဝင်၍ ကံစမ်းမဲရယူနိုင်သည် ဆိုပဲ။
မြန်မာနိုင်ငံ၏ ကွန်ပျူတာသုံးစွဲမှု အခြေအနေ၊ အင်တာနက် သုံးစွဲမှုအခြေအနေများကို လေ့လာရန်နှင့် အနာဂတ် မြန်မာနိုင်ငံ၏ အိုင်စီတီဖွံ့ဖြိုးတိုးတက်မှုကို သုံးသပ်နိုင်ရန် ရည်ရွယ်၍ အောက်တိုဘာ ၁၅ ရက် (ကြာသပတေးနေ့)မှ စတင်ပြီး ရန်ကုန်မြို့ တပ်မတော်ခန်းမ၌ ကျင်းပမည့် မြန်မာအိုင်စီတီပြပွဲ ၂၀၀၉ တွင် မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အသင်းနှင့် Novel Light Media တို့ ပူးပေါင်း၍  မြန်မာနိုင်ငံ၏ ကွန်ပျူတာသုံးစွဲသူများထံမှ အိုင်တီအခြေအနေ သုံးသပ်ချက် စစ်တမ်းတစ်စောင်ကို ကောက်ယူမည် ဖြစ်သည်။ အဆိုပါ အိုင်တီစစ်တမ်းတွင် ကွန်ပျူတာသုံးစွဲသူတစ်ဦး၏ ကွန်ပျူတာဟာဒ့်ဝဲ သုံးစွဲမှုအခြေအနေ၊ ဆော့ဖ်ဝဲသုံးစွဲမှု အခြေအနေ၊ အင်တာနက်အသုံးပြုမှု အခြေအနေများကို လေ့လာသွားမည်ဖြစ်သည်။
    ပြပွဲလာ ပရိသတ်များအနေဖြင့် ပြပွဲခန်းမအ၀င်ဝ ညာဘက်ခြမ်းတွင်ရှိသော ကောင်တာတွင် Myanmar IT Exhibition 2009, IT Survey sheet  ကို အခမဲ့တောင်းယူပြီး အဆိုပါပုံစံတွင် မေးထားသော အိုင်တီဆိုင်ရာ မေးခွန်းများကို ဖြည့်စွက်ကာ ပြန်လည်ပေးအပ်ရန် ဖြစ်သည်။ IT Survey sheet ဖြေဆိုသူတိုင်းသည် ပထမဆု ဒေါ်လာ ၆၅၀ တန် လက်ပ်တော့ကွန်ပျူတာတစ်လုံး၊ ဒုတိယဆု ဒေါ်လာ ၄၅၀ တန် ကွန်ပျူတာတစ်လုံး၊ တတိယဆုဒေါ်လာ ၃၀၀ တန် နက်ဘုတ်ကွန်ပျူတာတစ်လုံးနှင့် ကွန်ပျူတာဆက်စပ်ပစ္စည်းနှင့် အခြားဆုမဲပေါင်း ၃၀ ကျော်ကို ကံစမ်းခွင့်ရရှိမည်ဖြစ်သည်။ ထို့ပြင် ပြပွဲဝင်ကုမ္ပဏီများမှ ထပ်မံပံ့ပိုး ချီးမြှင့်သော ဆုမဲများကိုလည်း ပူးတွဲရရှိမည်ဖြစ်သည်။ ထို့ကြောင့် IT Survey sheet ရယူပြီး ပြန်လည်ဖြည့်စွက်ပေးပို့သည့်အခါ ကံစမ်းမဲကူပွန်ကို ပြန်လည်တောင်းယူရန် ဖြစ်သည်ဆိုသည့် သတင်းထူး သတင်းကောင်းကို ရရှိပါတယ်။ ကဲ လက်မနှေးဖို့ အိုင်စီတီပြခန်းကို ချီတက်ကြပါစို့။

10/14/2009

Asia Bloggers Come Together!

Posted In: BlogFest09 by admin on September 25, 2009

Blogfest.asia is a festival for bloggers in Asia. This is the region's 1st cross-border gathering for blogger community. Everyone is welcome to join the festival and meet hundreds of bloggers from the neighborhood community — Australia, China, Hong Kong, Iran, Korea, Japan, Malaysia, Mongolia, Singapore, Taiwan, Thailand, Vietnam, etc.

The 3-day brainstorming and networking meet-up provides an unique opportunity to address "Change & Responsibility", in Asia perspective. Check out the latest program and register now!

The event program at-a-glance will consist of:

  • one full-day conference (11/6)
  • two evening gathering / parties exclusively for participating bloggers
    (11/5 & 6 evening)
  • 2009 Hong Kong Blogger Con (11/7)
  • Educational workshops for NGOs in Asia (11/8)

Blogfest.asia will support and work closely with associated blogger community and events in the region. It will also serve as an idea hub, community exchange point, and action camp for bloggers in Asia to make technological and social impact for the benefit of the region.


Source;http://www.blogfest.asia/

MyWeb Design


သင့်အတွက် မနက်ဖြန်

မဖြေရှင်းနိုင်တဲ့
ပြသာနာတွေကြားထဲ
ရောက်နေတဲ့အခါ
တအုံနွေးနွေးနဲ့
ရင်လေးမနေပါနဲ့....
သေချာစဉ်းစား
အနာခံထိုးဖောက်
လွတ်မြောက်အောင် ရုန်းကန်လိုက်ပါ....
မိတ်ဆွေတို့အတွက်
မျှော်လင့်ချက် မနက်ဖြန်
ရှင်သန်ပျိုမျစ်
ပျော်စရာနေ့သစ်တွေ
မလွဲမသွေရောက်လာမှာပါ....
ကဲ.... ဒီတော့ မိတ်ဆွေ
ပြသာနာအခက်အခဲတွေကို
ရဲရဲတင်းတင်းနဲ့
ဖောက်ထွင်းကျော်ဖြတ်လိုက်ပါ....

10/13/2009

ရွှေတိဂုံဘုရားရင်ပြင်ပေါ်မှာ Fan Club Member များ နှင့် သူငယ်ချင်းများ ကုသိုလ်ယူကြမည် ~

Mysubo Fan Club Member နှင့် သူငယ်ချင်းများခင်ဗျာ …
 

ကျွန်တော်တို့ Mysuboo Donation Group အနေဖြင့် ယခင်စီစဉ်ထားသောေ၇ွှတိဂုံဘုရားပေါ်တွင် တံမြက်လှည်း (သို့) ဘုရားရင်ပြင် သန့်ရှင်းခြင်း အမှုတို့ကိုဆောင်ရွက်ပြီး ကုသိုလ် ယူမည့်အစီအစဉ်အား အကြောင်းအမျိုးမျိုးကြောင့် အချိန်တော်တော်ကြာကြာရွှေ့ဆိုင်းထားခဲ့ပါသည်။


ယခု member နှင့် သူငယ်ချင်းများအား အသိပေးလိုသည်မှာ၊ လာမည့် စနေနေ့ (17.10.09) မှစ၍ အပတ်စဉ် စနေနေ့တိုင်း ညနေ (၅) နာရီအချိန်မှာစ၍် ကျွန်တော်တို့ သွားရောက် ကုသိုလ်ပြုနိုင်တော့မည်ဖြစ်သည်။ သို့ပါ၍ member များနှင့် သူငယ်ချင်းများအား အတူတကွာ ပူးပေါင်းကုသိုလ် ယူစေချင်သည်။ ဘုရားပေါ်တွင် ကျွန်တော်တို့ စုရပ်ကို အမြဲ အရှေ့ဘက်မုဒ် ရှိ ဆောင်းတန်းတွင် ထားရှိမည်ဖြစ်ပြီး ညနေ (၅) နာရီမှစ၍ ကုသိုလ်ယူမည်ဖြစ်သည်။ သို့ပေမယ့် ပထမဦးဆုံး လိုက်ပါသူများ အဆင်ပြေစေရန် စုရပ်အနေဖြင့် အောက်ဖော်ပြပါနေရာအား လာပေးကြပါရန် လေးစားစွာဖြင့် အကြောင်းကြားအပ်ပါသည်။

 

စုရပ်။    ။ မြေနီကုန်းရှီ ၊ ice berry café

 

အချိန် ။    ။ ညနေ ၄ နာရီ။

 

မှတ်ချက်။    ။ အသင်းတွက် တံမြက်စည်းလှူဒါန်းချင်သူများ ရှိပါက တစ်ချောင်းကို (၅၀၀) ကျပ်နှုန်းဖြင့်   

       လှူဒါန်းနိုင်ပါသည်။

 

လေးစားစွာဖြင့်
 

Mysuboo Fan Club (Admin)


--
ကိုလိန် @ စိုင်းနောင်

http://luulane.myanmarbloggers.info/

Mysuboo Fan Club





--
yamin
www.hlayamin.com
http://yamin.iblogger.org