2/03/2009

ဝန်းကျင်သစ်


နေရာတစ်နေရာကို ငါ ရောက်နေတယ်...
မြို့ငယ်လေးတစ်မြို့ပါ။
ငါ ဖြတ်သန်းမယ့် နေရာလေးတစ်ခုပေါ့....
တစ်ခါတစ်ရံ
အားငယ်တဲ့စိတ်က
အလိုလိုဖြစ်ပေါ်နေခဲ့
ခန်းဆောင်တွေထဲမှာက
စိတ်ရင်းနဲ့အားပေးခဲ့သူလည်း တွေ့ခဲ့ရ
အားပြိုင်မယ့်သူလည်း တွေ့ကြုံရ
အားလုံးပြည့်စုံပါပေ့...
အဲဒီလို အတုမရှိ လူ့အဖွဲ့အစည်းမျိုးထဲ
ငါ.... နေနိုင်ပါတယ်။

1/30/2009

Shopping ထွက်တတ်တဲ့ အစ်မတွေ ညီမတွေ သတိထားကြပါ။

ကျွန်မဆီကို မေးလ်ပို့ပြီး ဆိုက်မှာ တင်ပေးဖို့ ပြောလာလို့ အားလုံးသိရအောင် ပြန်တင်ပြလိုက်တာပါ။ လောကမှာ မဖြစ်သင့်တာတွေ ဖြစ်အောင် လုပ်ဆောင်နေကြတာ ဘယ်သူတွေပါလဲ... လူ လူချင်း မစာနာ၊ နှမသားချင်းမစာနာ လုပ်နေကြတာ ဘယ်ဥက ပေါက်တဲ့သူတွေလဲဆိုတာတော့ ခုလို လုပ်ဆောင်နေတဲ့ သူတွေသာ အသိဆုံးဖြစ်ပါလိမ့်မယ်။ ကျွန်မဆီကို ပို့တဲ့အတိုင်း ပြန်လည် မျှဝေ သတိပေးလိုက်ရခြင်း ဖြစ်ပါတယ်။

အလွန်မိုက်ရိုင်းတဲ့ ကိစ္စတစ်ခု ဒီနေ့ ကြားသိခဲ့ရပါတယ်။
ကျွန်တော့်ဆီ ရန်ကုန် က သူငယ်ချင်းတစ်ယောက် mail ပို့ လာလို့ ။
ကျွန်တော့် သူငယ်ချင်း က သူ့ အစ်မ ရင်ဆိုင် ကြုံတွေ့ ခဲ့တာတွေကို
ကျွန်တော့ ကိုပြောပြတယ်
ဘလောက်မှာတင်ပြီး အသိပေးပေးဖို့ ကိုလည်း ကျွန်တော့်ကို တောင်းဆိုတယ်လေ။
ဖြစ်ပုံက ဒီလို........တဲ့

ဒီနေ့ အိမ်ပြန်လာတော့ ဒေါကြီးမောကြီးနဲ့

ကျွန်တော်က ဘာဖြစ်လာတာလဲလို့မေးတော့
ဒီလိုပြောပါတယ်
သူ့သူငယ်ချင်း ပလာဇာမှာ အင်္ကျီသွားဝယ်တုန်းက အဝတ်လဲခန်းမှာ
အဝတ်လဲတဲ့ ပုံတွေ အင်တာနက်မှာရော ဖုန်းတွေမှာပါ ရှိတယ်တဲ့။
အဲလို ပလာဇာမှာ မိန်းကလေးတွေ အဝတ်လဲခန်းမှာ
camera တွေ တပ်ပြီး ဓာတ်ပုံတွေ ခိုးရိုက်
ပြီးတော့ forum တွေမှာတင်
ယောကျာင်္းဆိုတဲ့ကောင်တွေက အဲလိုကိစ္စတွေဆို
တခြားလူတွေပါ မျှတတ်တဲ့အကျင့်
ဖုန်းထဲမှာပုံတွေထည့်
ဖုန်းအခြင်းခြင်း bluetooth နဲ့ချိတ်ပြီးပေး
ပုံတွေကို share လုပ်ကြ
ပုံတွေကြည့်ပြီး
ပုံထဲက တစ်ယောက်ကို အပြင်မှာ မြင်တော့ ပြုံးစိစိနဲ့ကြည့်သွားကြတာ
စဉ်းစားကြည့်ဗျာ အခုတစ်ယောက်က ဆေးကျောင်းက
ဆရာဝန်ဖြစ်မယ့်သူ
အဝတ်လဲခန်းကလဲ နောက်မှာ အဖြူရောင်ကြီးကာထား
ဓာတ်ပုံထဲမှာတော့ background အဖြူကြီးနဲ့ပေါ့
မသိရင် မကောင်းတာလုပ်စားနေတဲ့ မိန်းကလေး
ဈေးခေါ်တာ ကျနေတာပဲ
တော်တော်မိုက်ရိုင်းတဲ့ကောင်တွေ
မြန်မာအချင်းချင်းဗျာ
အဲလို လူမဆန်တာတော့ မကောင်းဘူး

ဓာတ်ပုံခိုးရိုက်တဲ့ကောင်တွေ စဉ်းစားကြည့်ဗျာ
ခင်ဗျားတို့ညီမ
အဲ.. အဲလိုပြောရင် နာမှာမဟုတ်ဘူး
ခင်ဗျားတို့ ကောင်မလေး
ခင်ဗျားတို့ မိန်းမ
ခင်ဗျားတို့ သမီး
အဲလို ရိုက်ခံပြီး သူများတွေကို ပုံတွေ မျှခံထိရင် ဘယ်လိုလုပ်မလဲ
ခင်ဗျားတို့ ကိုယ်ချင်းစာဖို့ကောင်းတယ်
အဲလို လူမဆန်ပဲ
ကိုယ်ကျိုးအတွက် မလုပ်သင့်ဘူး

နောက်ပြီး ဆိုင်ရှင်တွေ ခင်ဗျားတို့ကော
ဘာကြောင့် လူမဆန်တာလဲ
ခင်ဗျားတို့ စီးပွားရေးလုပ်နေတာမဟုတ်လား
ဝယ်သူကိုလေးစားပေါ့ဗျာ။
ခင်ဗျားတို့ ပိုက်ဆံရတယ် အဲလိုမျိုး camera လာတတ်ထားတဲ့ကောင်တွေက
ခင်ဗျားတို့ကို ၁ပုံဘယ်လောက်နှုန်းနဲ့ ရှင်းပေးတယ်

ခင်ဗျားတို့လည်း ကိုယ်ကျိုးအတွက်ပဲ မလုပ်သင့်ဘူး
ကျွန်တော် ထပ်ပြောမယ်
ခင်ဗျားတို့ ကောင်မလေး
ခင်ဗျားတို့ မိန်းမ
ခင်ဗျားတို့ သမီး
အဲလို ရိုက်ခံပြီး သူများတွေကို ပုံတွေ မျှခံထိရင် ဘယ်လိုလုပ်မလဲ...?
နောက်ပြီး လာဝယ်တဲ့လူတွေက မိကောင်းဖခင်သားသမီးတွေ...?
အရင်ကဆို အဲလိုမျိုး ပုံတွေနဲ့ မိကောင်းဖခင်သားသမီးတွေကို
ငွေညှစ်၊ဖျက်စီးခဲ့တဲ့ အဖြစ်တွေရှိတယ်။
ကျွန်တော်သိတယ် မပြောချင်ဘူး
ပြောလို့လည်းမကောင်းဘူး။

နောက်ပြီး ကျွန်တော့်မှာ သက်သေလည်းမရှိဘူး။
ဘာပဲ ပြောပြော ကိုယ်ချင်းစာတရား
မျိုးချစ်စိတ်ဓာတ်လေး နည်းနည်းလောက် ထည့်ကြပါ

အစ်မတွေ ညီမတွေ က လည်း
အင်္ကျီ ဝယ်တဲ့အခါ သတိထားပါ
အပေါ်ကနေပဲ ထပ်ဝတ်ကြပါ
အဲလိုပဲ တခြား စကပ်တို့ ဘောင်းဘီတို့ဝယ်လည်း သတိထားပေါ့
မြန်မာနိုင်ငံမှာ နည်းပညာခုတုံးလုပ်ပြီး
လုပ်စားနေတဲ့ကောင်တွေ ရှိတယ်

အစ်မကမေးတယ်
ဘယ်လိုလုပ်သင့်လဲဆိုတော့
ကျွန်တော်က ပြောလိုက်တယ်
တရားစွဲပေါ့
တရားမစွဲခင် အမျိုးသမီးရေးရာကို တိုင်
တရားစွဲဖို့ ဆိုင်မမှတ်မိရင် ပလာဇာကို တရားစွဲဗျာ
တစ်ရှက်ကနေ နှစ်ရှက်ထက်
တခြားလူတွေ အဲလိုမဖြစ်ဖို့လိုတယ်ထင်တယ်
အဲလိုပဲ ပြောလိုက်တယ်
အစ်မလည်း ပြန်ရောက်ကတည်းက
ပါးစပ်က တတွတ်တွတ်နဲ့ ထိုင်ဆဲနေတာ
ဆဲလို့ဘာလုပ်လို့ရမှာလဲ
ဒါကြောင့် ငါလည်း ဒီစာလေးကို
BLOG တစ်ခုကို ရင်ထဲက ကိုယ်ပိုင် ခံစားချက်တွေ အားလုံးကို လွတ်လွတ်လပ်လပ် ရေးသားနိုင်ခွင့်ရတဲ့ သူငယ်ချင်း မင်း ဆီကိုပဲရေးပို့ လိုက်တယ်ကွာ
မင်း BLOG မှာလည်း ဒီအကြောင်းရာတွေ ဖော်ပြပေးစေချင်တယ် သူငယ်ချင်းရေ။


ဒီ POST ကို COPY လုပ်၍ FWRD MAIL ဖြစ်စေ၊
မိမိတို့ ရဲ့ BLOG များတွင် ကူးယူ တင်ပြ၍ ဖြစ်စေ၊

သင့်၏ ပတ်ဝန်းကျင်မှ နီးစပ်ရာ မိတ်ဆွေ အပေါင်းအသင်းများကို အသိပေး နှိုးဆော်ပေးခြင်းဖြင့်
ယဉ်ကျေးသိမ်မွေ့ မှူ့ ဆိုတဲ့ကျွန်တော်တို့  မြန်မာမိန်းကလေးများရဲ့ ချစ်မြတ်နိုးစရာ စရိုက်လေးတွေနဲ့ကမ္ဘာပေါ်မှာ ပြိုင်စံရှား အရမ်းကို အရှက်အကြောက် ကြီးမားတတ်ကြတဲ့
မြန်မာ့အမျိုးကောင်း သမီး ရတနာလေးများရဲ့ အရှက်နဲ့ သိက္ခာတို့ ကို
လူမဆန်စွာယုတ်မာရိုင်းစိုင်းနေကြပြီး ကိုယ်ချင်းစာတရား နဲ့ မျိုးချစ်စိတ်ဓာတ်တွေကင်းမဲ့နေကြတဲ့ သူတွေရဲ့ လုပ်ရပ်တွေမှ မိမိတို့ တတ်အားသ၍ ၀ိုင်းဝန်းကာကွယ် ပေးစေလိုပါကြောင်း
ကျွန်မက မိတ်ဆွေများအားလုံးကို တောင်းဆိုလိုက်ပါရစေဗျာ။

အစ်မတွေ ညီမတွေ အားလုံးကလည်း
ကိုယ့်အန္တာရာယ်ကိုကိုယ် ဂရုတစိုက်နဲ့ သတိထားရင်း ဈေးဝယ်ထွက်ကြပါလို့ ကျွန်မ ထပ်ပြီး သတိပေးလိုက်ပါတယ်
ကျွန်မကတော့ မ၀ယ်တော့ ရှောင်လို့ရတယ် ဟိဟိ။


----- သူငယ်ချင်းတစ်ယောက် အီးမေးပို့လိုက်လို့  သူငယ်ချင်းများထံ မျှဝေလိုက်ပါတယ် --------





1/27/2009

မအေးသော လေပြည်

ခုတစ်လော ဘာမှ မလုပ်ချင် မကိုင်ချင်၊ အလုပ်မှာလည်း မပျော်.... စိတ်ညစ်တယ်ဆိုတာ ဘာကို ဘယ်လို ခေါ်လည်းဆိုတာတောင် ပြန်စဉ်းစားရပြီ။ စိတ်ညစ်တယ်ဆိုတာတောင် မညည်းတွားချင်တော့ဘူး။ ကိုယ့်ကြောင့်လည်း သူများတွေ စိတ်မညစ်စေချင်ဘူး။ ပျော်နေတယ်လို့ ထင်နေတာလား။ စိတ်ညစ်တယ်ဆိုတဲ့စကား မပြောချင်ပါဘူး။ အပြုံးရဲ့ နောက်ကွယ်မှာ စိတ်မချမ်းသာမှုတွေ အများကြီး ရောက်ရှိနေတယ်ဆိုတာ မြင်မှမမြင်ကြတာကိုး....... ပြောကြတယ်။ ခုတစ်လော ပြုံးပြုံးနေပါလားတဲ့။ ဟုတ်ပါတယ်။ ကျွန်မက သူများတွေမတူတာတစ်ချက်က အရမ်းစိတ်ညစ်ရင်ပဲ ဖြစ်ဖြစ် နည်းနည်းစိတ်ညစ်ရင်ပဲ ပြုံးနေတတ်တာ ကျွန်မအကျင့်ပါ။ ဒါကြောင့် ကျွန်မ အကြောင်းသိတဲ့သူတွေက သူ ပြုံးနေပြီ သတိထားတဲ့။ တချို့ကလည်း ပြုံးတော့ ပြုံးတဲ့ ပြုံးဖြဲဖြဲ မလုပ်နဲ့တဲ့။ ကျွန်မ ဘ၀ကို အရှုံးပေးတဲ့သူ မဖြစ်ချင်ဘူး။ လောကဓံကို အပြုံးနဲ့ ကြံ့ကြံ့ခံမယ်လို့ လုပ်ထားခဲ့မိတာ။ ကျွန်မရဲ့ညီမလေးတွေက ပြောဖူးတယ်။ အမတဲ့ ဘ၀မှာ ဘာလိုပဲဖြစ်ဖြစ် ဘာတွေပဲ ကြုံကြုံ အပြုံးမပျက်ပဲ အသက်ကြီးတဲ့ထိ နေနိုင်ရမယ်တဲ့။ ဘ၀ဆိုတာ ပြောသလောက် မလွယ်ပါဘူး။ ပြောတော့သာ လွယ်တာ တကယ် နေထိုင်ကြည့်တော့ တော်တော်ကို မလွယ်တာကို တွေ့ရတယ်။ ခုတော့ တစ်ယောက်ထဲနေရတာ ပိုပြီး စိတ်ချမ်းသာမယ်ထင်လို့ ဘယ်သူမှလည်း စကားမပြောဘူး။ ပြောလည်းမပြောချင်ဘူး။ ခုတော့ ပြုံးတော့ ပြုံးနေတယ် မချိပြုံးပဲ ဖြစ်ဖြစ်နေတော့တယ်.... ဆိုက်လည်း မလုပ်တော့ဘူးလို့ စဉ်းစားထားတယ်။ နေနိုင်သရွေ့နေကြည့်ဦးမယ်လေ..... ပြဿနာဆိုတာ အဖြေတော့ရှိပါတယ်။ ဒါပေမယ့် ဖြေရှင်းလို့ရတာနဲ့ မရတာပဲကွာတယ်။ စိတ်ချမ်းသာမှုကို ငွေနဲ့ဝယ်လို့ရမယ်ထင်သလား။ ကျွန်မတော့ မထင်ဘူး။ ပထမတော့ ကျွန်မ မရေးချင်ပါဘူး။ ကျွန်မကြောင့် လာလည်တဲ့ မောင်နှမတွေ စိတ်မညစ်စေချင်ဘူးလေ။
ဒါပေမယ့် ကျွန်မရဲ့ စိတ်ထွက်ပေါက်ဟာ ဒီနေရာပဲရှိပါတယ်။ ဘယ်သူမဆို စိတ်ညစ်တာကို ကြုံဖူးကြမှာပါ။ ဘာကြောင့်ညစ်လည်း အဖြေရှာတော့ အဖြေတော့ တွေ့ပါရဲ့။ ဒါပေမယ့် ဖြေရှင်းခွင့်မရှိဘူး။ တစ်ချိန်ချိန်တော့ ပြီးသွားမှာပါလို့ပဲ စိတ်က ဖြေမိတယ်။ အင်း ဘာမှမပြောတော့ဘူးနော်။ စိတ်ညစ်ပြီး ပြန်သွားပြီလား.... အားလုံးအဆင်ပြေပါစေနော်....

1/26/2009

နိုင်ငံကျော် ပညာရှင်များရဲ့ အဆိုအမိန့်



Wisdom entereth not into a malicious mind.
( Rabelous)
အမြော်အမြင် ဥာဏ်ပညာဆိုတာ မလိုတမာရှိတဲ့စိတ်ထဲကို ၀င်ရောက်မလာပါဘူး။

**************************************************************
Most of the time
we think we're sick,
it's all in the mind.
(Themas Wolfe)

အချိန်တိုင်းလိုလိုမှာ ကျွန်ုပ်တို့ နေမကောင်းဘူးလို့ တွေးနေတတ်တယ်။ အဲဒီအတွေးဟာ စိတ်ထဲမှာ အမြဲရှိနေတယ်။

**************************************************************
We are, perhaps, uniquely among the earth's creatures, the worrying animal. We worry away our lives, fearing the future, discantent with the present, unable to take in the idea of dying, unable to sit still.
(Lewis themas)

**************************************************************
Every good thought you think is contributing its share to the ultimate result of your life.
(Grenville Kleiser)


**************************************************************
And we are here as on a darkling pkain swept with cenfused alarms of struggle and flight,
Where ignorant armies clash by night.
(Matthew Arnoid)


**************************************************************
It is common sense to take a method and try it. If it fails admit it frankly and try another. but above ally try something.
                          (Franklin D.Roosevelt)

နည်းလမ်းတစ်ခုကို ယူပြီးလုပ်ကြည့်တာက ဘ၀ပေးအသိဖြစ်တယ်။ မအောင်မြင်ဘူးဆိုရင် ပွင့်ပွင့်လင်းလင်း ၀န်ခံလိုက်ပြီး နောက်တစ်နည်းနဲ့ ကြိုးစားပါ။ ဒါပေမယ့် ဖြစ်နိုင်စရာ အကောင်းဆုံးကတော့ တစ်ခုခုကို ကြိုးစားနေပါ။

*****************************************************************
There is no cure for birth and death save to enjoy the interval.
                                                                                               (George Santayana)
မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကို ပျောက်ကင်းစေတဲ့ ကုထုံးမရှိပါ။ ကြားကာလကို မွေ့လျော်ဖို့ အချိန်ကို ဖယ်ထားပါ။

*****************************************************************
People diving deeply have no fear of dedth.
                                                                              (Anais Nin)
ဘ၀ထဲမှာ နက်နက်ရှိုင်းရှိုင်း နေနေကြသူတွေမှာ သေခြင်းကို ကြောက်ရွံ့မှု မရှိကြပါ။

*****************************************************************
For certain is death for the born
And Certuin is birth for the dead;
Therefore over the inevitable,
Thau Shouldst not grieve.
                                              (Bhagavad Gita)
သေခြင်းဟာ မွေးဖွားလာသူအတွက်ဆိုတာ ယိုးမှားဖွယ်မရှိပါ။ ထို့အတူ မွေးဖွားခြင်းဟာ သေဖို့ဆိုတာ ယုံမှားဖွယ်မရှိပါ။ ဒါတောင် ရှောင်လွှဲလို့မရတဲ့အပေါ်မှာ သင်တို့ ပူဆွေးသောက ဖြစ်နေစရာ မလိုပါ။

*****************************************************************
Is There "cure" for a broken heart?
Only time can heal your broken heart,
just as only time can heal his broken arms and logs.
                                                                                    (Miss Piggy)
အသည်းကွဲတာကို ကုသနိုင်တဲ့ဆေး ရှိပါသလား။
သူရဲ့ ကျိုးသွားတဲ့ခြေတွေ၊ လက်တွေကို အချိန်က ပျောက်ကင်းအောင် ကုသပေးနိုင်သလို ကွဲနေတဲ့ သင့်ရဲ့အသည်းကိုလည်း အချိန်က ကုစားပေးပါလိမ့်မယ်။
*****************************************************************
Love truth,
but pardon error
                            (Voltaire)
အမှန်တရားကို မြတ်နိုးပါ။
ဒါပေမယ့် အမှားကို ခွင့်လွှတ်ပါ။
*****************************************************************

1/23/2009

ကံ၊ ဥာဏ်၊ ၀ီရိယ


သိပ္ပံပညာရှင်ကြီး အေဒီဆင်သည် သူ၏ စမ်းသပ်ရှာဖွေမှု အောင်မြင်သည့်အတွက် အထိမ်းအမှတ်ပွဲ ကျင်းပပြုလုပ်နေသည်။ ပါတီ တက်ရောက်လာသော သတင်းစာဆရာ တစ်ဦးက သိပ္ပံပညာရှင်ကြီး အေဒီဆင်ကို
ဆရာ အောင်မြင်မှုဟာ ဆရာရဲ့ကံကြောင့်လား။
ဟု မေးလိုက်သည်။
သတင်းစာဆရာတစ်ဦးမေးသော မေးခွန်းကို အေဒီဆင်က ပြုံးပြီး အဖြေပြန်ပေးသည်။
ကံ မလို့ ကျုပ် အောင်မြင်တာ မဟုတ်ဘူး။ ကျုပ်အောင်မြင်မှုရဲ့ အကြောင်းတရားကို ရှာကြည့်မယ်ဆိုရင် ဥာဏ်က တစ်အောင်စလောက်ပါပြီး ၀ီရိယက တစ်တန်လောက်ပါတယ်။
အေဒီဆင်၏စကားကို အသေအချာ စဉ်းစားကြည့်သင့်သည်။ မိမိတို့၏ လုပ်ငန်းကိစ္စတစ်ခုခု အောင်မြင်မှုမရှိလျှင် ကံကို ရိုးမယ်ဖွဲ့ပြီး
ငါ ကံဆိုးလှချည်လား
ဟု မြည်တမ်းနေကြသည်။ မိမိတို့၏ လုပ်ငန်းကိစ္စထမြောက်အောင်မှု မရှိခြင်း၌ ၀ီရိယ၏ အပိုင်းအစ ဘယ်လောက်ပါသနည်းဆိုသည်ကိုမူ ထည့်တွက်ရမှန်းမသိ ဖြစ်နေကြသည်။ ကံကိုသာ အကြောင်းတရားအဖြစ် ပုံချနေကြသည်ဖြစ်၍ ၀ီရိယကို မေ့နေကြသည်။


ပါရဂူစာအုပ်မှ ကောက်နုတ်ချက်

1/20/2009

ဒီဇိုင်းဆိုင်ရာ လေ့လာသုံးသပ်မိခြင်း



အမြင်ဒီဇိုင်းပညာရပ်ဆိုတဲ့ Visual Art & Design ကိုတော့ အခြေခံအားဖြင့် သိနားလည်ထားဖို့လိုပါတယ်။ အမြင်ဒီဇိုင်းပညာဟာလည်း အနုပညာက ရှေးဆုံးကလို့ ဆိုလို့ရပါတယ်။ အင်း ဒါကြောင့် အနုပညာ ပါရမီရှင်များအဖို့တော့ အမြင်ဒီဇိုင်းဆိုင်ရာ အမြင် ခံစားနိုင်မှု၊ နားလည်သဘောပေါက်မှု၊ ဖန်တီးနိုင်စွမ်းဆိုတဲ့ အရာတွေဟာ မွေးကတည်းက ပါလာကြတာမို့ ဒီပညာရပ်ကို သိမထားပဲ ဖန်တီးနိုင်ကြပါတယ်။ ထူးခြားတဲ့ အနုပညာပါရမီရှင်များကို ချွင်းချက်ထားပြီး ဒီဇိုင်းပညာရပ်ကို တကယ်ဝါသနာပါ လိုက်စားလိုသူတွေအတွက် အမြင်ဒီဇိုင်းပညာရပ်ရဲ့ အခြေခံတွေကို မသိလို့ မဖြစ်နိုင်ပါဘူး။
ဒီပညာရပ်မှာ အရေးအကြီးဆုံးထားပြီး ပထမဆုံးအနေနဲ့ သိနားလည်ဖို့ လိုအပ်တာကတော့ ခံစားနားလည်မှု၊ ဝေဖန်အကဲဖြတ်နိုင်မှု စွမ်းရည် Appreciation ပါပဲ။ ဒီဇိုင်းတစ်ခုကို မြင်တဲ့အခါ ဒီဇိုင်းရဲ့အလှအပကို ခံစားနားလည်နိုင်မှု စွမ်းရည်ရှိမှသာ ကိုယ်ကိုယ်တိုင် ဒီဇိုင်းဖန်တီးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ပါရမီကို လိုက်လို့ တစ်ဦးနဲ့တစ်ဦး  ခံစားနိုင်ရည် မတူကြတာကို လေ့လာတွေ့ရှိရပါတယ်။ နောက်ပြီး ဒီဇိုင်းနဲ့ ပတ်သက်လို့ Sensitivity ကောင်းဖို့လည်း လိုအပ်ပါတယ်။ Sensitivity ကောင်းတယ်ဆိုတာ ဆက်ပြီး လေ့ကျင့်နေမှသာ အချိန်အခါလိုက် ပြောင်းလဲလာနေတဲ့ Space, Time, Motion စတဲ့ အနုပညာကို ထိရုံနဲ့ သိနေမှာ ဖြစ်ပါတယ်။
ကျွန်မ လေ့လာမိသလောက်ပေါ့လေ... အဲဒီတော့ အမြင်ဒီဇိုင်းရဲ့ အခြေခံဖြစ်တဲ့
၁။ ဒီဇိုင်းဆိုင်ရာ ခံစားနိုင်မှု (Sensitivity)
၂။ ဒီဇိုင်းအကဲဖြတ်နည်း (Appreciation)
၃။ ဒီဇိုင်းဆိုင်ရာ အတွေးအခေါ် (Design Thoughts)
၎။ ဒီဇိုင်းအခြေခခံမှုများ (Design Principles)
ဆိုတဲ့ အချက်လေးချက်ကို အနည်းဆုံး သိအောင် လုပ်ရမယ်လို့ ကျွန်မ လေ့လာသုံးသပ်မိပါတယ်။ ဒီဇိုင်းဆိုတာဟာလည်း ပြောတော့သာ လွယ်တာ လေ့လာမယ်ဆိုရင် တော်တော်လေးကို နက်ရှိုင်းလှပါတယ်။ ကျွန်မတို့လို မသိနားမလည်တဲ့သူတွေအတွက် ကိုယ်တိုင်လေ့လာရုံနဲ့ မရပါဘူး။ အိုင်တီနယ်ပယ်မှာရှိတဲ့ မိတ်ဆွေအပေါင်းအသင်း ဆရာသမားများက ပညာများ ဖြန့်ဝေမယ်ဆိုရင်တော့ အတိုင်းထက်အလွန် ဖြစ်မိမှာပါ။ ငပိဖုတ်တာတောင် ဆရာမပြရင် နည်းမကျဆိုသလိုပေါ့။  အရင်ရောက်နေတဲ့သူတွေက သွားမယ့်လမ်းကြောင်းပေါ်ကို ခေါ်ဆောင်မှသာ လမ်းမှန်ကို ဖြောင့်ဖြောင့်ကြီး ရောက်မယ်လို့ ကျွန်မ မျှော်လင့်မိပါတော့တယ်။

1/16/2009

မိန်းမတို့ ချစ်လိုသော `ချစ်သူကောင်း၊ ခင်ပွန်းကောင်း`


၁။ ပေးနိုင်ခဲသော ပစ္စည်းကို ပေးရဲ၏။
၂။ ပြုနိုင်ခဲသော အမှုကို ပြုရဲ၏။
၃။ သည်းခံနိုင်ခဲသော ပြဿနာကို သည်းခံရဲ၏။
၎။ လျှို့ဝှက်ခဲ၏။ ပွင့်လင်း၏။
၅။ ဇနီး ခင်ပွန်း၏ လျှို့ဝှက်မှုကို သိမ်းဆည်း၏။
၆။ ရန်ဘယာရှိသောအခါ ဇနီးအား မစွန့်ပယ်၊ ရဲဝံ့၏။
၇။ ဥစ္စာချို့တဲ့ ကုန်ခန်းသဖြင့် လည်းကောင်း၊ အရွယ်လွန်သဖြင့် လည်းကောင်း မငြိုငြင်၊ မထီမဲ့မြင် မပြုသော

ခင်ပွန်းကောင်းချစ်သူ.....


ချစ်သူ ခင်ပွန်းမြတ်

၁။ မပျင်းရိ၊ လုံ့လကြီး၏။
၂။ ကြမ်းတမ်းမှု မရှိ၊ ချိုသာ၏။
၃။ စဉ်းလဲမှုမရှိ၊ ဖြောင့်မှန်၏။
၎။ စင်ကြင်သန့်စင်သော ကိုယ်စိတ်အမူအရာများရှိ၏။
၅။ မှန်သော စကားမြဲ၏။ ကတိသစ္စာရှိ၏။
၆။ အရာရာ၌ မက်မောမှု လောဘနည်း၍ စီးပွားအရာ၌ သမာအာဇီဝ မျှတစွာရှိ၏။
၇။ သိမ်းဆည်းတတ်၍ တိုးပွားအောင်လည်း လုပ်တတ်၏။