2/22/2008

ကိုယ်ပိုင်ဆိုင်တဲ့ ကမ္ဘာ

သတင်းလာမေးကြတဲ့ မိတ်ဆွေမောင်နှမများအားကလုံိးကု ကျေးဇူးတင်ပါတယ်။ နေလည်းပြန်ကောင်းသလောက်ရှိနေပါပြီ။

အချိန်အားရင် အားလုံးနဲ့ ဗဟုသုတဖလှယ်ချင်ပါတယ်။ မမီပြောတာ မှန်သလို ယုန်ကလေးပြောတာလည်း မှန်သင့်သလောက် မှန်ပါတယ်။

တစ်ခါတလေကျတော့လည်း သည်းခံမှုဆိုတာ အတိုင်းအတာတစ်ခုထိပဲ ရှိသင့်ပါတယ်။ လူတွေက

သည်းခံလွန်းရောင့်တက်ကြတတ်တဲ့သဘာဝရှိတယ်လေ။ ဒါပေမဲ့ တတ်နိုင်သရွေ့တော့ လူထဲက

လူတစ်ယောက်ဖြစ်နေသေးတဲ့အတွက် လိုက်လျောညီထွေစါာ နေတတ်ကြရပါမယ်။

အခုတစ်လော ကွန်ပျူတာများတွင် ဗိုင်းရပ်စ်များတက်နေပါတယ်။ ကိုယ့်ရဲ့ကွန်ပျူတာတွင် ဟတ်ပီးဘတ်ဒေးလို့ ပေါ်လာရင် ၀င်နေပြီလို့ သတိပြုပါ။ ကွန်ပျူတာကို ဖျက်မယ့် ဗိုင်းရပ်စ် ရောက်ရှိနေတာ ဖြစ်ပါတယ်။  နှင့် ကို မခေါက်မိပါစေနဲ့။ ကွန်ပျူတာတစ်ခုလုံးပျက်သွားပါလိမ့်မယ်။ တတ်ကျွမ်းနားလည်တ့သူကို ပြသသင့်ကြောင်း သတင်းပေးလိုက်ရပါတယ်။

2/17/2008

သည်းခံခြင်းသည် မင်္ဂလာတစ်ပါး

 မာသာထွီစာဟာ အိန္ဒိယနိုင်ငံရဲ့ ကြီးမားတဲ့ မိဘမဲ့ကျောင်းကြီးကို တည်ဆောက်ပြုလုပ်ခဲ့တဲ့သူ ဖြစ်ပါတယ်။ သူဟာ လူအများ ပြုလုပ်နိုင်စွမ်း မရှိတဲ့အရာကို ပြုလုပ်နိုင်စွမ်းရှိတဲ့သူဖြစ်တဲ့အတွက် လေးစားအားကျ အတုယူသင်ပါတယ်။ ကျွန်မတို့ဝန်းကျင်မှာလည်း ဒီလိုလူမျိုးတွေ ရှိနေမှာပါ။   ကျွန်မလည်း မိဘမဲ့တွေ၊ အသက်ကြီးတဲ့ ဘိုးဘွားတွေ ပြီးတော့ အနာကြီးရောဂါသည်တွေ အားလုံးကို တစ်ဖက်တစ်လမ်းကနေ ကူညီချင်ပါတယ်။
အင်း ခုပြောချင်တာကတော့ မာသာကြီး မရှိတော့တဲ့နောက်မှာ နောက်ဆုံး သူ့မှာ ကျန်ရှိခဲ့တဲ့ စည်းစိမ်ဥစ္စာဟာ ပန်းခြင်းတစ်ခုရယ်၊ သူ့ရဲ့ဝတ်စုံရယ်၊ ခုဖော်ပြမယ့် စကားသာလျှင် သူ့ဘ၀အတွက် ကျန်ခဲ့ပါတယ်။ ကျန်ခဲ့တဲ့စာသားတွေကို လူငယ်တွေ ဖတ်ရှုမှတ်သားပြီး လိုက်နာနိုင်ဖို့ ယမင်း တင်ပြလိုက်ပါတယ်။ ခုစာသားကို မြန်မာလို့ ဘာသာပြန်သူကတော့ သိက္ခာတော်ရ ဦးလှမြင့်ဖြစ်ပါတယ်။ စာသားတွေကတော့...

 ဘယ်လိုပဲဖြစ်ဖြစ်
အကျိုးအကြောင်းမရှိ၊ ယုတ္တိမဆန် မိမိကိုယ်ကို ဦးစားပေးသော လူများကို ဘယ်လိုပဲဖြစ်ဖြစ် ချစ်ပါ။
သင်က ကောင်းတာပြုလည်း သင့်ကို ပြစ်တင်ရှုတ်ချသောသူများအတွက် ဘယ်လိုပဲဖြစ်ဖြစ် ကောင်းတာ ဆက်ပြုပါ။
သင်သည် အောင်မြင်သူအဖြစ် မိတ်ဆွေဆိုးများ၊ ရန်သူစစ်များအပေါ် ဘယ်လိုပဲဖြစ်ဖြစ်အောင်မြင်ခဲ့လျှင်
သင် ပြုသော ကောင်းသောအမှုများဟာ နက်ဖြန်မေ့လျော့ခဲ့လည်း
    ဘယ်လိုပဲဖြစ်ဖြစ်  ကောင်းတာကို ဆက်ပြုပါ။
သင့်ရိုးသားမှု၊ ဖော်ရွေမှုက သင့်ကို ဆိုးကျိုးဖြစ်စေခဲ့ရင်
ဘယ်လိုပဲဖြစ်ဖြစ် ဆက်လက်ရိုးသားပါ။ ဖော်ရွေပါ။
နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့သောအရာများ တစ်ညတည်းနှင့် ပြိုပျက်ခဲ့ရ လျှင် ဘယ်လိုပဲဖြစ်ဖြစ် ထပ်တည်ဆောက်ပါ။
လိုအပ်ချက်ရှိ လူသားများအား သင်ကူညီမစ၍ သူတို့က သင့်ကို တိုက်ခိုက်နေရင်လည်း လူသားများကို ဘယ်လိုပဲဖြစ်ဖြစ် ကူညီမစပါ။
သင့်ဆီမှာရှိတဲ့ အကောင်းဆုံးသော အရာကို လောကကြီးအားပေးလည်း၊ သင် သွားချင်းထိခိုက်ရိုက်ခတ်တိုင်အောင် ခံရသော်လည်း သင့်ဆီမှာရှိသော အကောင်းဆုံးကို လောကကြီးအား ဘယ်လိုပဲဖြစ်ဖြစ် ပေးအပ်လိုက်ပါ။ တဲ့
ဘယ်လောက်ကောင်းလိုက်တဲ့ စကားလေးတွေလည်းနော်။ လောကမှာ အသက်ရှင်နေသရွေ့ တစ်ဦးနဲ့တစ်ဦး ရန်သူချစ်သူခင်သူ ဒါတွေဟာ တွေ့ကြုံ နေရမှာပါ။ တတ်နိုင်သရွေ့ ခွင့်လွှတ်သည်းခံလိုက်ပါလို့ ယမင်း ပြောချင် ပါတယ်။ ခဏတာတွေ့ကြတဲ့သူတွေ ရေစက်ရှိလို့ လာဆုံကြတာလေ သူသာ ငါသာတယ် စိတ်မှာ ဖြစ်နေတဲ့အခါ ရင်ထဲမှာ အမြဲပူလောင်မှုကို ဖြစ်စေပါတယ်။ ဘယ်မှ မကြည့်ပါနဲ့ ကိုယ့်ဝန်းကျင်ကိုပဲ ကြည့်လိုက်ပါ။ လူအမျိုးမျိုး စိတ်အထွေထွေလေ ဒါတွေကို လိုက်ခံစားနေရရင် ကိုယ့်ရဲ့စိတ်ဟာ လွတ်လပ်မှုဆိုတာ မရှိတော့ဘူး။ ဒါဟာ ကိုယ့်ဘာသာ ခံစားရတာကို ပြောတာပါ။ အမြဲစိတ်ရှုပ် ထွေးနေမယ်လေ။ ဒီတော့ ကိုယ့်ရဲ့အလုပ်လည်း အောင်မြင်မှုဆိုတာ ဖြစ်လာ တော့မလား မဖြစ်လာတော့ဘူးနော်။ လူတွေပဲ တစ်ခါတလေတော့လည်း ခံစားရတော့ပေါ့။ ဘယ့်နဲ့ပြောပါလိမ့်။ ကျွန်မဆို ပိုဆိုးသေးတယ်။ တစ်ခါ တလေကျရင် ကိုယ်က စေတနာနဲ့ ကူညီတဲ့အရာက ဝေဒနာဖြစ်ရတာတွေလည်း ရှိတာပါပဲ။ ကိုယ်ကတော့ ကိုယ့်အတွက်မကြည့်ဘဲ ကူညီမိတာကို သူများ ပြောလည်းခံပေါ့လို့ ကိုယ့်ဘာသာ ဖြေသိမ့်ရတာပေါ့။ လူတွေကို မှန်လို ကြည့်လို့ ဆိုပေမယ့် မှန်ထဲမှာ မဲ့ပြလည်း တတ်နိုင်သမျှ ပြုံးပြမိတယ်။ ကျွန်မရဲ့စိတ်က သူများကို ကူညီရရင် ပျော်နေမိတာပဲ။ ကျွန်မတို့မိသားစုဟာ ခုချိန်ထိ စီးပွားရေးကို ပြေလည်တယ်ဆိုတာ မရှိသေးပေမဲ့ ကျွန်မ အားမလျော့ဘူး။ တစ်နေ့ ငါ့မိသားစုကို သူများထက်သာအောင် ထားနိုင်ရမယ်လို့ အမြဲ တွေးတယ်။ သူများ အလုပ်တစ်ခု လုပ်ရင် ကျွန်မ အလုပ် သုံးခုလုပ်တယ်။  တစ်ခါတလေလည်း ကျွန်မမောင်အကြီးကို အားမရဘူး။ သူက ခု ပထမနှစ် တက်နေတယ်။ ကျွန်မတို့က မောင်နှမများတော့ ပိုပြီးကြိုးစားရတယ်လေ။ မောင်လေးကို တက္ကသိုလ်တက်တော့ သူများနဲ့ တန်းတူထားချင်လို့ အဝေးသင်တောင် မထားခဲ့ဘူး။ ဒါပေမဲ့ သူဟာ လူငယ်စိတ်ပဲရှိသေးလို့လား မသိဘူး။ နားမလည်ဘူး။ ကျွန်မဖြစ်ချင်တာက လူငယ်ပီပီ ကြိုးစားစေချင်တယ်။ ကျွန်မရဲ့ မျက်စိရှေ့မှာ သူတို့ကို ဖြစ်ထွန်းစေချင်တယ်။ ကျွန်မ ဘယ်လောက် ပင်ပန်းပင်ပန်းလေ ဒါပေမဲ့ မောင်လေးက နားမလည်ခဲ့ဘူး။ အချိန်တန် လက်ဝါးဖြန့် ပိုက်ဆံတောင်းလို့ရနေတဲ့ဘ၀ဆိုတော့ ဘာမှမသိတတ်ဘူး။ အားမရဘူး။ တစ်ခါတလေ ကျွန်မလေ မေမေက ဘာလို့ ငါ့ကို ယောက်ျားလေး ဖြစ်အောင် မမွေးခဲ့ရတာလည်းလို့ တွေးမိတယ်။ မောင်လေးတွေက ငယ်သေးတော့ အကုန်ကျောင်းတက်နေကြတာလေ။ ကဲ ကျွန်မအကြောင်းပြောနေလို့ စိတ်ညစ်သွားဦးမယ်။ မပြောတော့ဘူးနော်။ တတ်နိုင်သရွေ့ ကိုယ့်ဝန်းကျင်မှာ အားလုံးနဲ့ လိုက်လျော ညီထွေစွာ နေကြည့်ကြပါနော်။


 ဂုဏ်

ရွှေဂုဏ် ငွေဂုဏ် ရာထူးဂုဏ်သည်
လူ့ဘုံလောက အကာမျှတည့်
သူက ငြူစူ မကြည့်ဖြူ၍
ခွာယူလိုက ခွာ၍ရ။
ရိုးဂုဏ် ဖြောင့်ဂုဏ် ယဉ်ကျေးဂုဏ်သည်
လူ့ဘုံလောက နှစ်သာရတည့်
သူက ငြူစူ မကြည်ဖြူလည်း
ခွာယူမရ ကွာမကျ။
သင့်ပေါ်၌ပင်
တည်လေသတည်း။

2/16/2008

အဓိပ္ပာယ်များနဲ့ ဖွဲ့စည်းထားသော ကိုယ့်အမည်လေး

သူငယ်ချင်း မိတ်ဆွေ၊ မောင်နှမအားလုံးကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ ခင်မင်ပါတယ်။



2/14/2008

Happy Valentine Day!





ချစ်သူများနေမှာ ပျှော်ရွင်နိုင်ပါစေနော်ုချစ်သူရှိသူများအတွက်ဆုတောင်းပေးတာ ဖြစ်ပါတယ်။ ယမင်းအတွက် မပါဝင်ကြောင်း။

Happy Valentine Day !!!



2/13/2008

Happy Birthday!!

Happy Birthday ပြည်သူများရဲ့ တို့ဖခင်

သူ့အကြောင်းကို ကြားဖူးတယ်။ ဒါပေမဲ့ ကိုယ်တိုင်မတွေ့ခဲ့ရဘူး။ သူ့ရဲ့အသံကို အမြဲကြားနေတယ်။ ဒါပေမဲ့ ခုတော့ မတွေ့နိုင်တော့ဘူးလေ။ သူ့အပြုံးကို မြင်ဖူးတယ်။ ဆုံးမစကားကိုတော့ ကြားဖို့ အခွင့်မရှိတော့ပါဘူးလေ။ သူဟာ လူတိုင်းရဲ့ ရင်ထဲမှာ အမြဲရှိနေမယ့် ကျွန်မတို့ ကြည်ညိုလေးစားရတဲ့သူတစ်ဦးပဲ ဖြစ်ပါတယ်။
သူ့အဘိုး ဗိုလ်လရောင်ဟာ နယ်ချဲ့ကို အံတု၊ မြန်မာ့သွေးကို ရဲရဲတောက်ပြခဲ့သူ အာဇာနည်တစ်ဦးပဲ ဖြစ်ပါတယ်။ သူဟာ ဖခင်ရှေ့နေ ဦးဖာရဲ့ Óဏ်ရည်Óဏ်သွေးနှင့် မိခင် ဒေါ်စုရဲ့ ထက်မြက်တဲ့စိတ်ထားတို့ကို ပိုင်ဆိုင်ထားတာဆိုရင်လည်း မမှားပါဘူး။ ပြောရရင် အဲ မှားလို့ ရေးရရင် ရေးစရာတွေ မကုန်မခမ်းနိုင်ပါဘူး။ ကျွန်မလည်း မအားတဲ့ကြားက ကျွန်မ ကြည်ညိုလေးစားတဲ့သူရဲ့ မွေးနေ့ကို ဂုဏ်ပြုချင်လွန်းလို့သာ မနည်းအားခဲ့ပြီး ရေးဖြစ်ခဲ့တာပါ။ အရင်နှစ်ကဆိုရင် နေ့ထူးနေ့မြတ်တိုင်း ကျွန်မရဲ့ရင်ထဲက ဖြစ်ပေါ်လာတဲ့ အကြောင်းအရာကို ရေးဖြစ်ခဲ့ပါတယ်။ အခုတော့ ကျွန်မရဲ့အချိန်နဲ့ အလုပ်တွေအားလုံးက ကွက်တိဖြစ်နေခဲ့ပါပြီ။ စာဖတ်ချိန်တောင် အိပ်ချိန်ထဲကဖဲ့ပြီး မနည်းယူထားရတဲ့အခြေအနေဖြစ်နေလို့ပါ။ အခု ကျွန်မရဲ့ လက်တစ်ဖက်က တော်တော်ကိုက်နေလို့ စာတိုတိုပဲ ရေးမိတာ တောင်းပန်ပါတယ်နော်။ ဗိုလ်ချုပ်ဟာ ၁၉၁၅ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။
ဖေဖော်ဝါရီလ ဆယ်သုံးရက်နေ့ ဒီကနေ့ဟာဖြင့် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ဖြစ်ပါတယ်။ ခုချိန်ထိရှိဦးမယ်ဆိုရင် ကိုးဆယ့်သုံးနှစ်တင်းတင်းပြည့်ဖြစ်ပါတယ်။
သူဟာ ငယ်ငယ်ကတည်းက မဟုတ်မခံစိတ်ဓာတ်နဲ့ အများအကျိုးသယ်ပိုးပြီး ကိုယ်ကျိုးမဖက်တဲ့သူတစ်ဦးဖြစ်လို့ အောင်ဆန်းဇာနည်ရယ်လို့ အများက ခေါ်ဝေါ်ခဲ့ကြတာပေါ့။ ဒါပေမဲ့ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာတော့ ပြည်သူပြည်သားအပေါင်း မျက်ရည်ဖြိုင်ဖြိုင်ကျပြီး စိတ်ညှိုးနွမ်းကြပါတော့တယ်။ ဒီကနေ့ဟာဖြင့် အခုရှိဦးမယ်ဆိုရင် ပြည်ထောင်စုကြီး လွတ်လပ်ရေးရအောင်
 
အောင်ဆန်းဇာနည် တို့မမေ့သည်
 
ဖေဖော်ဝါရီ ဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေဦးဖာသား။
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စုသား။
တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်
ပြောင်း<ကတမလွန်။
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ်တို့ဖခင်။
ကောင်းစေချင်တဲ့ မှာစကား
ငါတို့ မမေ့အား။
ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်
ပြည်ချစ်တို့ခေါင်းဆောင်။
ဆိုရှယ်လစ်ဆောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား။
လိုက်နာရမှာ တို့တာဝန်
ကြိုးစားရမှာပင်
ခုချိန်ခါ ဗိုလ်ချုပ်ရှိ
ကိုးဆယ့်သုံးနှစ်တိ
လူသေသော်ငြား
နာမည်ကျန်ဆဲ
ဒါ တို့ဗိုလ်ချုပ်ပဲ။
တို့နိုင်ငံတွင်း
ဗိုလ်ချုပ်ကိုယ်ပွားထားရှိခဲ့လျှင်
ဘယ်လောက်ကောင်းမည်လဲ။
နိုင်ငံ့အကျိုးပြု
သားဗိုလ်ချုပ်ကို
မွေးဖွားခဲ့သော မိခင် ဖခင်
ကျွန်မ ကျေးဇူးတင်
'ဒီလို မိဘများ
တို့ပြည်တွင်းဝယ်
အများအပြား ပေါ်ပေါက်ပါစေသား။
ကျွန်မအတွက် အကြည်ညိုဆုံး၊ အလေးစားဆုံး၊ အမြတ်နိုးရဆုံး ပုဂ္ဂိုလ်မှာလည်း သူမှတစ်ပါး တခြားမရှိတော့ပါတကား။

ကဲ... မိတ်ဆွေတို မေးခွန်းလေးနှစ်ခုကို ဖြေခဲ့ပေးကြပါနော်။
၁။ ဗိုလ်ချုပ်ရဲ့ ရဲရဲတောက် မိန့်ခွန်းများထဲက သမိုင်းဝင်မိန့်ခွန်းတစ်ခုကို ဖြေခဲ့ပေးပါ။
၂။ ဗိုလ်ချုပ်အောင်ဆန်းသည် သူ့ဇနီး ဒေါ်ခင်ကြည်ထံ ရေးခဲ့သည့် စာထဲက စာကြောင်းလေးတစ်ကြောင်းကို ပြောပြပါ။