အနုပညာရဲ့ ရည်မှန်းချက်ဟာ ခံစားချက်ကို အတွေးအဖြစ် ကြည်လင်အောင် လုပ်ဖို့ ပြီးတော့... အဲဒီအတွေးကို ပုံသဏ္ဌာန်တစ်ခုနဲ့ ဖော်ပြဖို့ ကမ္ဘာလောကကြီးရှိနေသရွေ့ အနုပညာဟာ သေမသွားဘဲ အမြဲရှင်သန်ကြီးထွားနေမှာပါ...
2/11/2008
စေညွှန်ရာ
ဘ၀မှာ
ဖြစ်ချင်တာမဖြစ်
မဖြစ်ချင်တာ ဖြစ်
နေပျော်လို့လည်း မနေရ
သေချင်လို့လည်း မသေရ
ဒုက္ခဟူသမျှ ကြုံဆုံရ
ငါးလည်းအသိ
မင်းလည်းအသိ
ရရှိနေတဲ့ ခဏတာဘဝ
ဘ၀ဇာတ်ခုံ အဖုံဖုံမှာ
ဇာတ်ဆရာအလိုကျ
ကနေရ ငါတို့ဘဝ
မဆုံးသော သံသရာခရီး
ဘယ်ဆီရောက်မည် မှန်းသနည်း...
ကိုယ့်နာမည်လေး
တစ်ဆက်တည်း ပြောချင်တာကတော့ ယမင်းကို လာရောက်အားပေးကြတဲ့ မိတ်ဆွေသူငယ်ချင်း မောင်နှမတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဘ၀မှာ ဖြစ်ချင်တာတွေ များပြီး ဘာတစ်ခုမှမဖြစ်လာသေးတဲ့သူအဖြစ် ခံစားနေရတဲ့အချိန်မှာ ရေနှစ်တဲ့သူတစ်ယောက် ၀ါးတစ်ပင်ဟာ တန်ဖိုးရှိသလို ယမင်းအတွက်တော့ မောင်နှမတွေ၊ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေရဲ့ စကားလေးတစ်ခွန်းဟာလည်း ဘာနဲ့မှ မလဲနိုင်အောင် အရမ်းတန်ဖိုးရှိပါတယ်။ ၀မ်းလည်းသာမိသလို ၀မ်းလည်းနည်းမိပါတယ်။ ၀မ်းသာတာကတော့ ယမင်းကို အမြဲအားပေးနေတဲ့မောင်နှမတွေအတွက်ပေါ့။ ၀မ်းနည်းတာကတော့ ယမင်းလေးလေ ခုထိ ဘယ်သူ့ကိုမှ ထိထိရော၇်ရောက် အားမပေးခဲ့ဖူးလို့ပါဘဲ။ အားလုံးကိုလည်း ယမင်း တတ်နိုင်သလောက် ဆက်လက်ကူညီသွားမှာပါ။ ပြောမှားဆိုမှားရှိရင်လည်း ခွင့်လွှတ်ပေးကြပါနော်။
မောင်လေးကိုလည်း မမကြီး ကျေးဇူးတင်မိပါတယ်။ မမကြီးရဲ့ နာမည်ဟာ အဓိပ္ပာယ်တွေနဲ့ ပြည့်စုံနေလိမ့်မယ်လို့ မထင်ခဲ့မိပါဘူး။
ကဗျာကို နောက်နေ့မှ တင်ပြပေးပါမယ်နော်။
ကိုယ်ပိုင်တဲ့ခြေအစုံ
ကံကြမ္မာတစ်ခု စေစားပြု
လူ့ဘ၀ကို ရရှိခဲ့တယ်
ခက်ခဲကြမ်းတမ်း
လှိုင်းတံပိုးထန်နေတာ
ဒါဟာ လူ့ဘ၀တဲ့လား....
ငါမတွေးလို
ဖြစ်ချင်တာတွေ မျိုသိပ်
ဖြစ်သင့်တာတွေ ဦးစားပေး
ဒါဟာ လူ့ဘ၀တဲ့လား...
ငါတို့သမိုင်းတစ်လျှောက်မှာ
ကန့်သတ်ချက်တွေနဲ့
စည်းချထားလေသလား...
ဒါမှမဟုတ်
ဗီဇအတိုင်းနေရမလား
အခြေအနေအတိုင်း နေရမလား
မေတ္တာဆိုတာရောင်ပြန်
အသွားအပြန်ရှိတယ်ဆိုတဲ့စကား
မှားများနေသလား...
ဘ၀ဆိုတာ
သင်ခန်းစာတွေ သင်ယူဖို့လား
ပို့ချဖို့လား
ကိုယ်တိုင်ကရော ဘာလဲ
ကိုယ့်ကိုယ်ကိုယ်တောင်
ဘာမှန်းမသိတဲ့
လူတစ်ယောက်အဖြစ်
ငါဟာ လှုပ်ရှားနေတာလား...
လှိုင်းကြီးရင်လှေအောက်
တောင်ကြီးရင် ဖ၀ါးအောက်
လျှောက်နိုင်မယ့်
လူသားတစ်ယောက်အဖြစ်
ငါ ရပ်တည်ချင်တယ်....
2/09/2008
တို့ရပ်ဝန်း
(ဤပို့စ်ကို ညီမလေးသဲသဲဘလော့ဂ်မှ ပြန်လည် ကူးယူဖော်ပြပါသည်။)
How လား၊ Why လား
How ကို သိတဲ့လူဟာ အလုပ်သမားကောင်းဖြစ်မယ်။ Why ကို သိတဲ့လူဟာ အလုပ်ရှင်ကောင်းဖြစ်မယ်။ လူ့အသက်ဟာ ၂၅ နှစ်မတိုင်ခင်ပဲ ကြာနေတာ ကျော်လွန်သွားတာနဲ့ ကုန်တာ အရမ်းမြန်မတယ်။ ခံယူချက်နဲ့ ရည်မှန်းချက်ကို ၂၅ နှစ်မတိုင်ခင် တိတိကျကျ ဆုံးဖြတ်မှ အောင်မြင်မှု ခိုင်မာမယ်။
သေသေချာချာ ကြီးပွားချင်ရင် သေသေချာချာ လုပ်ပါ။ လူတစ်ယောက်မှာ အရည်အချင်းရှိ မရှိဆိုတာ သူ ရရှိထားတဲ့နေရာကို ဘယ်လောက်ကြာကြာ ထိန်းသိမ်းထားနိုင်သလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။
အခက်အခဲ၊ ဒုက္ခတစ်ခုခုနဲ့ ရင်ဆိုင်ရရင်
ငါ့ရဲ့စိတ်ကို ကြီးမြင့်အောင်။ ငါ့ကို ခံနိုင်ရည် ဘယ်လောက်ရှိလဲ စမ်းနေပြီ။
ဆိုပြီး အံကြိတ်ပြီးတော့သာ ခံပေတော့။ အဲဒါအခါမှာ စိတ်ဓာတ်စွမ်းအား ပြည့်လာလိမ့်မယ်။ မယုံရင် စမ်းသပ်ကြည့်လိုက်ပါနော်။
2/08/2008
၂၀၀၆ ခုနှစ် အကောင်းဆုံးဆု
၂၀၀၆ ခုနှစ် အမျိုးသားဇာတ်ပို့ဆုရှင်ကတော့ တက်သစ်စ ဇာတ်နဲ့အံဝင်ခွင်ကျဖြစ်အောင် သရုပ်ဆောင်သွားတဲ့ ဖိုးကျော်ပဲ ဖြစ်ပါတယ်။ မျှော်လင့်ခြင်းများစွာဇာတ်ကားတွင် ပီပြင်အောင်သရုပ်ဆောင်နိုင်သူလည်း ဖြစ်ပါတယ်။
အမျိုးသမီးဇာတ်ပို့ဆုရှင်ကတော့ မေသဉ္စာဦးပဲ ဖြစ်ပါတယ်။
အောကာင်းဆုံးဇာတ်ကားဆုရှင်ကတော့ န၀ရတ်ရုပ်ရှင်ထုတ်လုပ်ရေးဖြစ်ပြီး ဇာတ်ညွှန်းဆုကီးဇော်မြင့်ဦးပဲ ဖြစ်ပါတယ်။
အကောင်းဆုံး ဒါရိုက်တာဆုရှင်ကတော့ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ပဲ ဖြစ်ပါတယ်။
အကောင်းဆုံး တေးဂီတဆုရှင်ကတော့ ကိုသော်ဇင် လ၀န်းအိမ်ဖြစ်ပါတယ်။
တည်းဖြတ်ဆုရှင်ကတော့ ဇော်မင်း (ဟန်သာမြေ) ဖြစ်ပါတယ်။
ဓာတ်ပုံဆုရှင်ကတော့ ဦးသန်းညွန့် (ပန်းသာ) ဖြစ်ကြပါတယ်။
