12/18/2007

မြောက်ပြန်လေနှင့်အတူ

တစ်ခါ ဆောင်းရာသီကို ရောက်လာပြန်ပေါ့
မိုးအကုန် ဆောင်းအကူး
ဆောင်းလေမြူးတဲ့ချိန်ခါ
တစ်နှစ်မှာ တစ်ခါသာ ပွင့်တဲ့
"ဆောင်တော်ကူး" ချိန်ခါမို့
မျှော်ခဲ့မိတာတော့အမှန်
ဖျင်ကြမ်းလေးနှင့် အနွေးထည်ဝတ်လို့
ဆောင်းအကူးကို ငါ ကြိုဆို
နှင်းလေးတွေ ဝေနေရင်
ရင်ထဲမှာ ပြုံးပျော်ရွှင်
မြောက်ပြန်လေတိုက်ပြန်တော့
ဆောင်တော်ကူးတွေ ပွင့်ပါပေါ့....

ပင်ပန်းလိုက်တာ မင်္ဂလာဆောင်ကူညီပေးရတာ

တော်သေးတယ် ပြီးသွားလို့ ဟွန်း...

12/14/2007

ယမင်းကို အကူအညီတောင်းလို့ မင်္ဂလာပွဲတစ်ခု လက်ခံပေးလိုက်ပါတယ်။

















ယမင်းပြောတာ ဟုတ်ဖူးနော်....

ပန်းချစ်သူတို့ တော်ဝင်မြေ

နန်းလယ်မှာ မတင့်ပေမယ့်
ပျိုမေတို့ရဲ့ ခေါင်းမှာ တင့်စေဖို့
သူ ကြွေပေးရရှာ
သူ့ခမျာ ဂုဏ်မ၀င့်ပေမဲ့
ရနံ့သင်းစေခဲ့
ပျိုမေတို့စိတ်မှာ ကြည်နူးစေဖို့
ပွင့်ခဲ့ရရှာ
နွမ်းသွားရင်လည်း
မွေးရနံ့သင်းနေဆဲ
အကြွေပန်းပေမယ့်
ရွှေနန်းတော်ထိုက်ပေတဲ့
ပန်းခရေဘဝ
ကျွန်မဖြစ်ရရင်
ကျေနပ်ပါပြီလေ.....
ယမင်းရဲ့ရွှေမြန်မာကို လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်နော်..... အ၀သာ စားသွားနော်...





12/11/2007

တစ်လပြည့်အလွမ်း

ဘွားဘွားရယ် မြေးတို့နဲ့ ခွဲခွာသွားခဲ့တာ ၁၁.၁၁.၂၀၀၇ နေ့ ညနေ ၄း၁၀ မိနစ်ကနေ ဒီနေ့ ဆို တစ်လပြည့်ခဲ့ပြီပေါ့။ အချိန်တွေဟာ မြန်ဆန်လိုက်တာနော်။ ဘွားကို ဒီနေ့ထိ မြေးလေ မေ့မရခဲ့သေးပါဘူး။ ဘယ်တော့မှလည်း မေ့မှာ မဟုတ်ပါဘူး။ မြေးတွေကို လိမ်မာအောင်၊ ယဉ်ကျေးအောင်၊ လူတွေကို တတ်နိုင်သရွေ့သည်းခံနိုင်အောင် သွန်သင်ဆုံးမခဲ့လို့ မြေးလေ လူတွေအပေါ် နားလည်ပေါင်းများစွာနဲ့ နေလာခဲ့ရတာ ဘွားရဲ့ကျေးဇူးတရားတွေကြောင့်ပါနော်။ ဘယ်သူတွေ ဘယ်လောက် ကောင်းကောင်း မကောင်းကောင်း ကိုယ်အမြဲတမ်းကောင်းဖို့ လမ်းပြခဲ့တဲ့ကျေးဇူးဟာ ဘာနဲ့မှ မလဲနိုင်ခဲ့ပါဘူး။ ဘွားရဲ့အေးရိပ်ဟာ မြေးတို့အတွက် အလုံခြုံဆုံးဖြစ်ခဲ့ပါတယ်။ လူတိုင်းဟာ ဘွား သွားတဲ့လမ်းကို ဆက်လျှောက်ရမယ်ဆိုတာ နားလည်ထားခဲ့ပေမဲ့ တကယ်တမ်းခွဲခွာခဲ့တဲ့အခါ ရင်ထဲမှာ မဖြေနိုင်ခဲ့ပါဘူး။ ဘွားရယ် ယမင်းလေ ဘာဆက်ပြောရမှန်း မသိတော့ဘူး။ ဘွားအတွက် ရင်ထဲက စကားတွေကို ကဗျာအဖြစ် သွန်းလောင်းခဲ့ပါတယ်။ ဘွား ကောင်းရာဘုံဘ၀မှာ ပျော်ရွှင်နေမယ်ဆိုတာ ယမင်းသိထားပါတယ်။

တစ်လပြည့်အလွမ်း

လင်းပြီး မမှောင်၊ အေးမြမြစ်တာ
နေရောင်ဖျော့ဆင်း၊ ညနေခင်းသို့
မာန်ကင်းချိုသာ၊ ဘွား မျက်နှာသည်
ကြည်သာဘိခြင်း၊ ရင့်ကျက်ခြင်းဖြင့်
အလှမာန၊ ဒေါသမောဟ
တဏှာဆန်န၊ ကင်းစင်ပလျက်
လက်က ပုတီး၊ ပွားစည်းရွတ်ကြား
နှုတ်တရားနှင့်၊ အဘွား မပြတ်
နေပျော်တတ်၏။
ကွမ်းမြုံ့ငုံဝါး၊ ရေနွေးသောက်လျက်
တရားပွေ့ပိုက်၊ အခါးကြိုက်ကာ
ဘွားမျက်နှာသည်၊ ဇရာရိပ်တိုး
အရွယ်မျိုးမို့၊ နိုးကြားမှုကင်း
နုမျစ်ခြင်းတို့၊ ပကင်းရင့်နွမ်း
ပါးရေတွန့်လျက်၊ ပပ်ကြားအက်နှင့်။
နုခြင်း လှခြင်း စိုပြေခြင်းတို့
အလျဉ်းကွယ်ပျောက်၊ ပင်အိုခြောက်ဟု
တွေးထောက်ဆင်ခြင်၊ ဘွားကိုမြင်စဉ်
ယမင်းရဲ့ရင်ထဲ ကြည်နူးရိပ်ထင်
ပြုံးပျော်ရွှင်မြဲ
အိမ်အပြန် ယမင်းရဲ့အရိပ်
မြစ်တာနဲ့ ကြိုဆိုလက်ကမ်း
ဘွားအိုဘ၀၊ နေညိုစလည်း
အလှဝေစု၊ အနုလက်ကျန်
ရှင်သန်နေမြဲ၊ ဘွားရဲ့အပြုံး
အလျှံဖိတ်ဖိတ်၊ ယမင်း အရိပ်ထင့်
အမြဲ မြင်ယောင်နေဆဲပါတကား။ ။

ဘွားရဲ့ဆုံးမမှုတွေကို အသက်ရှင်နေသရွေ့ကာလပတ်လုံး မြေးလေ အမြဲလိုက်နာသွားမှာပါ။
ပြုပြုသမျှ ကောင်းမှုတွေကို ရောက်ရာဘုံဘ၀မှ သာဓုခေါ်နိုင်ပါစေဘွားဘွားရယ်....

ဘွားဘွား...
နှုတ်ဆက်ခွဲခွာအပြီးတိုင်သွားခဲ့ပေမယ့်
ယမင်းရဲ့အိပ်မက်ထဲမှာ ခဏခဏတွေ့နေရတာ
ယမင်းရဲ့အတွေးထဲမှာ ခဏခဏ တွေ့နေရတာ
ဘာကြောင့်ပါလဲ ဘွားရယ်။
ဟောဒီ ကဘာမြေက
ဘာကိုမှ သယ်ဆောင်မသွားတဲ့အပြင်
ဘွားရဲ့ ချစ်မြစ်တာကို
ယမင်း သွားလေရာ ရောက်လေရာမှာ
ဝန်းရံနေပါစေသားရယ်လို့များ
ဆုတောင်းပေးခဲ့လေသလား
ယမင်းမှာတော့ မမေ့သာ
တမ်းတမှုတွေနဲ့အတူ
တကယ်လို့များ ဘ၀တစ်ခုခုမှာ
ဘွားနဲ့ပြန်ဆုံတွေ့ရရင်တောင်
ဘွားရဲ့မြစ်တာက ယမင်းအပေါ်မှာ ကြီးမားခဲ့လေတော့
ဘွားက ယမင်းကို နားလည်ပြုံးလေးပြုံးလို့
ခုတော့ ဘွားဘွား
ယမင်းတို့နဲ့ ခွဲခွာခဲ့တာ
တစ်လတည်းတည်း ပြည့်ခဲ့ပါပေါ့
ကံမကုန်သေးရင်
ဘ၀များစွာ ပြန်ဆုံချင်ပါသေးတယ်
ဘွားဘွားရယ်....။