When wealth is lost,
Nothing is lost.
When health is lost,
Something is lost.
When character is lost,
All is lost.
အနုပညာရဲ့ ရည်မှန်းချက်ဟာ ခံစားချက်ကို အတွေးအဖြစ် ကြည်လင်အောင် လုပ်ဖို့ ပြီးတော့... အဲဒီအတွေးကို ပုံသဏ္ဌာန်တစ်ခုနဲ့ ဖော်ပြဖို့ ကမ္ဘာလောကကြီးရှိနေသရွေ့ အနုပညာဟာ သေမသွားဘဲ အမြဲရှင်သန်ကြီးထွားနေမှာပါ...
12/10/2007
12/02/2007
ဖြစ်ချင်ရာ
အကွေ့အကောက်၊ ဖြောင့်တန်း
လျှောပြေ မတ်စောက်
ကြမ်းတမ်း ချောမွတ်
ဘယ်လိုပင် ဖြစ်စေ
လမ်းဟာ လမ်းပါပဲ။
ဝန်တွေ ဘယ်လောက်ပိပိ
ဘယ်သူတွေ ဘယ်လိုသုံးသုံး
သူကတော့ ခံနိုင်ရည်အပြည့်နဲ့လေ
အဲဒီဘ၀ ငါ ရချင်တယ်။
နှစ်တွေကြာ အသက်တွေရ
အိုမင်းလာတဲ့ ဓာတ်တိုင်အို
သူ့တာဝန်သူထမ်း
ပခုံးထက် အမာရွတ်တွေနဲ့ပေါ့
အဲဒီဘ၀ ငါ ရချင်တယ်။
ပြိုလဲတော့မယ့်အိမ်
အထောက်လိုနေပေါ့
အဲဒီအချိန်မှာ
ငါ ၀ါးတစ်လုံးဖြစ်ချင်တယ်။
ဒါပေမဲ့...
ငါဟာ လမ်းတစ်ခုဖြစ်ခဲ့ရင်
ဘယ်သူမှ မသုံးတဲ့ လမ်းပဲ ဖြစ်လိမ့်မယ်။
ဓာတ်တိုင်တစ်ခုဖြစ်ခဲ့ရင်
ယိုင်နဲ့နဲ့ ခါကြိုးနေတဲ့
သစ်သားချောင်းတစ်ချောင်းပဲ ဖြစ်မယ်
ငါဟာ ၀ါးတစ်လုံးဖြစ်ခဲ့ရင်
ဆွေးနေတဲ့ ၀ါးပဲ ဖြစ်မယ်။
ဘ၀ရဲ့ လှိုင်းကြား
ခိုင်မြဲတဲ့ ငါ ဖြစ်ချင်တယ်....
အကွေ့အကောက်၊ ဖြောင့်တန်း
လျှောပြေ မတ်စောက်
ကြမ်းတမ်း ချောမွတ်
ဘယ်လိုပင် ဖြစ်စေ
လမ်းဟာ လမ်းပါပဲ။
ဝန်တွေ ဘယ်လောက်ပိပိ
ဘယ်သူတွေ ဘယ်လိုသုံးသုံး
သူကတော့ ခံနိုင်ရည်အပြည့်နဲ့လေ
အဲဒီဘ၀ ငါ ရချင်တယ်။
နှစ်တွေကြာ အသက်တွေရ
အိုမင်းလာတဲ့ ဓာတ်တိုင်အို
သူ့တာဝန်သူထမ်း
ပခုံးထက် အမာရွတ်တွေနဲ့ပေါ့
အဲဒီဘ၀ ငါ ရချင်တယ်။
ပြိုလဲတော့မယ့်အိမ်
အထောက်လိုနေပေါ့
အဲဒီအချိန်မှာ
ငါ ၀ါးတစ်လုံးဖြစ်ချင်တယ်။
ဒါပေမဲ့...
ငါဟာ လမ်းတစ်ခုဖြစ်ခဲ့ရင်
ဘယ်သူမှ မသုံးတဲ့ လမ်းပဲ ဖြစ်လိမ့်မယ်။
ဓာတ်တိုင်တစ်ခုဖြစ်ခဲ့ရင်
ယိုင်နဲ့နဲ့ ခါကြိုးနေတဲ့
သစ်သားချောင်းတစ်ချောင်းပဲ ဖြစ်မယ်
ငါဟာ ၀ါးတစ်လုံးဖြစ်ခဲ့ရင်
ဆွေးနေတဲ့ ၀ါးပဲ ဖြစ်မယ်။
ဘ၀ရဲ့ လှိုင်းကြား
ခိုင်မြဲတဲ့ ငါ ဖြစ်ချင်တယ်....
12/01/2007
ဘ၀ခရီးကြမ်း ငါ ဖြတ်သန်း
ယမင်းတို့အားလုံးဟာ သံသရာ ခရီးသည်ပါနော်။ မွေးလာပြီးကတည်းက အချိန်တွေနဲ့ ကြီးပြင်းခဲ့ကြရတယ်။ ဒုက သုက တွေအားလုံးကို ရင်ဆိုင်ဖြတ်သန်းကြရတယ်။ ပျော်ရွှင်မှု ၀မ်းနည်းမှုတွေ ကြုံလာခဲ့ရတယ်။ ခုချိန်မှာ ကလေးဘ၀ဆိုတာကိုလည်း ပြန်မရရှိတော့ဘူး။ ဟန်ဆောင်မှု လောကကြီးကို ဖြတ်သန်းနေရပြီ။ ခရီးကို ဘယ်ထိသွားရမယ်။ ဘယ်လောက်သွားရမယ်ဆိုတာ အချိန်က တန်ဖိုးဖြတ်ပေးနေသလိုပဲ ခံစားနေရတယ်။ ယမင်းဆို ခု ဘ၀ရဲ့သုံးပုံတစ်ပုံကို ရောက်ရှိလဲ့ပြီပေါ့။ ခုချိန်ထိ ဘာမှ ဖြစ်မလာသေးဘူးလေ။ ခုတော့ တော်တော်ကို စိတ်ဓာတ်ကျနေတယ်။ ဒီလိုပုံစံနဲ့ သေမသွားချင်သေးဘူး။ ကိုယ်သွားချင်တဲ့နေရာ ကိုယ်ရောက်ချင်တဲ့နေရာကို ရောက်အောင်သွားချင်သေးတယ်။ မိတ်ဆွေတို့ရေ.... ဖြစ်နိုင်ရင် ခရီးလမ်းပြပါဦး...
Subscribe to:
Posts (Atom)


