10/18/2009

ဆွေးမြေ့ည

ညီမလေး ပန်းရင့်ရောင်အတွက် သီချင်းလက်ဆောင်နဲ့အတူ

သံစဉ်မမှန်တဲ့ ဂီတာအိုတစ်လက်နဲ့
မင်းအတွက် သံစဉ်တွေ ရှာဖွေရင်း...
မင်ကုန်ခါနီး ဖောင်တိန်တစ်ချောင်းနဲ့
မင်းအတွက် သီချင်းတွေ သီဖွဲ့ရင်း...
ယိုင်နဲ့နဲ့ သံစဉ်တွေနဲ့ မပီမသစကားလုံးတွေ
မင်းအတွက် ဟစ်ကြွေးသီဆိုရင်း...
မှုန်ဝါးဝါး မျက်ဝန်းတစ်စုံနဲ့
အိပ်မက်များကို တမ်းတရင်း...
မင်းရင်ထဲမှာ ငါ့အတွက် နေရာရှာဖွေရင်း....
မျှော်လင့်ရင်းနဲ့ စောင့်နေဆဲ.....

3 comments:

  1. အစ်မရေ

    ကဗျာလေးက အရမ်းမိုက်တယ်။ကျေးဇူး လက်ဆောင်အတွက်။

    အိပ်မက်များကို တမ်းတရင်း....
    မင်းရင်ထဲမှာ ငါ့အတွက်နေရာရှာဖွေရင်း.....
    မျှော်လင့်ရင်းနဲ့ စောင့်နေဆဲ.......

    အဲတာလေးကို အရမ်းကြိုက်တယ်....

    ReplyDelete
  2. အင်ကြင်းလည်းပန်းရောင်နဲ့ အတူတူပဲ

    မင်းရင်ထဲမှာ ငါ့အတွက်နေရာရှာဖွေရင်း.....
    မျှော်လင့်ရင်းနဲ့ စောင့်နေဆဲ.......

    အဲဒီနေရာလေးကို အရမ်းကြိုက်တယ်

    ReplyDelete
  3. ကိုယ်တိုင် ကဗျာမရေးတတ်ပေမယ့် သူများတွေရေးထားတဲ့ ကဗျာလေးတွေကို ဖတ်ရတာတော့ ဝါသနာ အရမ်းပါပါတယ်၊ အတွေးလေးတွေ ကောင်းလိုက်တာ ဒီလို ကဗျာလေးကို ဖတ်ခွင့်ရတဲ့ အတွက် ကျေးဇူးပါ။

    ReplyDelete