11/16/2008

ခြင်နဲ့ ပုရွက်ဆိတ်

ခြင်
ဆင်ခြင်ဥာဏ်ကင်း
ညံ့ဖျင်းတဲ့လုံ့လနဲ့
ဝမ်းဝရုံရှာစား
ပစ္စုပ္ပန်မှာ နားနေတဲ့သတ္တ၀ါ
ပုရွက်ဆိတ်
ထူးခြားသွက်လက်
ထက်မြက်တဲ့ဆင်ခြင်ဥာဏ်
ရင့်သန်တဲ့လုံ့လနဲ့
မနိုင်ဝန်အားမာန်နဲ့ထမ်း
ဘ၀အတွက် စုဆောင်း
နောင်ရေးအတွက် မျှော်ကြည့်
အနာဂတ်ကို သိတဲ့သတ္တ၀ါ
လူ
ဘ၀ထဲကလူ
အူကြောင်ကြားနဲ့ လမ်းသွား
သွေးပျက်နေတဲ့ အယူအဆများနဲ့
ကမ္ဘာလောကကြီးထဲ လျှောက်သွား
အတ္တတရားကို ရှေ့တန်းတင်
ခြင်သတ္တ၀ါကို အားကျ
တစ်ဘ၀စာနဲ့ ကျေနပ်မှာလား....
ဒါမှမဟုတ်
ပုရွက်ဆိတ်ကို နည်းယူ
ကြည်ဖြူတဲ့စိတ်ထား
မြင့်မြတ်တဲ့ သဒ္ဓါတရားနဲ့
ကုသိုလ်တံတားတွေ တည်ဆောက်
သံသရာလမ်းကို လျှောက်မှာလား...
အဲဒါကို
သင် စဉ်းစား.....

2 comments:

  1. အရမ်းကောင်းတဲ့ကဗျာလေးအမရေ..
    ဖတ်ရတာ သင်ခန်းစာရတယ်ဗျာ...
    ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ...

    ReplyDelete
  2. ဟိုက် တယ်ကောင်းတဲ့ ကဗျာပါလား

    ကောင်းတယ်အစ်မယမင်းရေ

    ကဗျာလေးက တော်တော်လေးကို ပေါ်လွင်ပါပေတယ်
    ပုရွက်ဆိတ်ကို နည်းယူ
    ကြည်ဖြူတဲ့စိတ်ထား
    မြင့်မြတ်တဲ့ သဒ္ဓါတရားနဲ့
    ကုသိုလ်တံတားတွေ တည်ဆောက်
    သံသရာလမ်းကို လျှောက်မှာလား

    ခင်မင်လျက်

    ReplyDelete