ကံကြမ္မာတစ်ခု စေစားပြု
လူ့ဘ၀ကို ရရှိခဲ့တယ်
ခက်ခဲကြမ်းတမ်း
လှိုင်းတံပိုးထန်နေတာ
ဒါဟာ လူ့ဘ၀တဲ့လား....
ငါမတွေးလို
ဖြစ်ချင်တာတွေ မျိုသိပ်
ဖြစ်သင့်တာတွေ ဦးစားပေး
ဒါဟာ လူ့ဘ၀တဲ့လား...
ငါတို့သမိုင်းတစ်လျှောက်မှာ
ကန့်သတ်ချက်တွေနဲ့
စည်းချထားလေသလား...
ဒါမှမဟုတ်
ဗီဇအတိုင်းနေရမလား
အခြေအနေအတိုင်း နေရမလား
မေတ္တာဆိုတာရောင်ပြန်
အသွားအပြန်ရှိတယ်ဆိုတဲ့စကား
မှားများနေသလား...
ဘ၀ဆိုတာ
သင်ခန်းစာတွေ သင်ယူဖို့လား
ပို့ချဖို့လား
ကိုယ်တိုင်ကရော ဘာလဲ
ကိုယ့်ကိုယ်ကိုယ်တောင်
ဘာမှန်းမသိတဲ့
လူတစ်ယောက်အဖြစ်
ငါဟာ လှုပ်ရှားနေတာလား...
လှိုင်းကြီးရင်လှေအောက်
တောင်ကြီးရင် ဖ၀ါးအောက်
လျှောက်နိုင်မယ့်
လူသားတစ်ယောက်အဖြစ်
ငါ ရပ်တည်ချင်တယ်....
အနုပညာရဲ့ ရည်မှန်းချက်ဟာ ခံစားချက်ကို အတွေးအဖြစ် ကြည်လင်အောင် လုပ်ဖို့ ပြီးတော့... အဲဒီအတွေးကို ပုံသဏ္ဌာန်တစ်ခုနဲ့ ဖော်ပြဖို့ ကမ္ဘာလောကကြီးရှိနေသရွေ့ အနုပညာဟာ သေမသွားဘဲ အမြဲရှင်သန်ကြီးထွားနေမှာပါ...
ကဗျာလေး ကောင်းသဗျ။ အားပေးနေပါတယ် ယမင်း။ နောက်ထပ် ကဗျာများကိုလဲ မျှော်လင့် နေပါတယ်။
ReplyDelete