ထောင့်ကိုးရာမျိုး
ခုနစ်ဆယ့်ရှစ်၊ တည်ရှိမိုးနှောင်း
လမြတ်ဝါဆို၊ လပြည့်ကျော်တွင်
လဆန်းတစ်ရက်
နေ့ဝယ်ကြာသပတေး၊ တစ်မနက်တွင်
သံသရာတစ်ကြော
လောကကြီးတွင်း
ဖြစ်တည်လာခဲ့
အကျွန်ုပ်သည်
လူ့ဘုံခန်းဝါ
သုခဒုက္ခ အဖုံဖုံကြား
လူမှန်းသိစ
အရွယ်ကပင်၊ မာန၀င်ကာ
တငါငါနှင့် စားကာသောက်ကာ
ပျော်ပါးကာလျှင်၊ သာယာချိုမြ
ကိုယ့်ဘ၀ကို ပြည့်ဝစုံလင်
အဟုတ်ထင်ခဲ့...
အရွယ်ရောက်လတ်
ဘ၀ရုန်းကန်
လူ့လောကထဲဝင်ကာမျှ
ကျဆင်းစိတ်ဓာတ်
အဖန်ဖန်တင်းရင်း
ဘ၀အမောတွေ ပြေခဲ့ရ
နှစ် လ ရာသီ
အလီလီပြောင်းရင်း
မသေသေးသရွေ့
ဆက်လက်ဆောင်ရွက်
လမ်းမှန်ကိုလျှောက်
အောင်မြင်မှုကို ရှေးရှုနေရင်း
တက်လှမ်းလာမည့်
အနာဂတ်ခရီး
မျှော်မှန်းရင်း
အကျွန်ုပ်သည်
အောင်မြင်မှု ပန်းတိုင်ဆီသို့......
ခုနစ်ဆယ့်ရှစ်၊ တည်ရှိမိုးနှောင်း
လမြတ်ဝါဆို၊ လပြည့်ကျော်တွင်
လဆန်းတစ်ရက်
နေ့ဝယ်ကြာသပတေး၊ တစ်မနက်တွင်
သံသရာတစ်ကြော
လောကကြီးတွင်း
ဖြစ်တည်လာခဲ့
အကျွန်ုပ်သည်
လူ့ဘုံခန်းဝါ
သုခဒုက္ခ အဖုံဖုံကြား
လူမှန်းသိစ
အရွယ်ကပင်၊ မာန၀င်ကာ
တငါငါနှင့် စားကာသောက်ကာ
ပျော်ပါးကာလျှင်၊ သာယာချိုမြ
ကိုယ့်ဘ၀ကို ပြည့်ဝစုံလင်
အဟုတ်ထင်ခဲ့...
အရွယ်ရောက်လတ်
ဘ၀ရုန်းကန်
လူ့လောကထဲဝင်ကာမျှ
ကျဆင်းစိတ်ဓာတ်
အဖန်ဖန်တင်းရင်း
ဘ၀အမောတွေ ပြေခဲ့ရ
နှစ် လ ရာသီ
အလီလီပြောင်းရင်း
မသေသေးသရွေ့
ဆက်လက်ဆောင်ရွက်
လမ်းမှန်ကိုလျှောက်
အောင်မြင်မှုကို ရှေးရှုနေရင်း
တက်လှမ်းလာမည့်
အနာဂတ်ခရီး
မျှော်မှန်းရင်း
အကျွန်ုပ်သည်
အောင်မြင်မှု ပန်းတိုင်ဆီသို့......
ရောက်တော့မှာပါ ရောက်တော့မှာပါ.. ယမမင်းဆီကို.. :P
ReplyDeletelovelessguiter said...
ReplyDeleteရောက်တော့မှာပါ ရောက်တော့မှာပါ.. ယမမင်းဆီကို.. :P
ယမမင်းဆီ ရောက်သွားရင်လည်း တော်သေးတာပေါ့၊ တော်ကြာ လမ်းခုလတ်မှာတင် တောင်ရောက်မြောက်ရောက် ဖြစ်နေရင် ဒွတ်ခ~~~!!!
(ကဗျာလေးကတော့ Comment ပေးတဲ့သူတွေ ဝိုင်းဖျက်လို့ ပျက်ပါပြီ၊ စိတ်မဆိုးဘူး... ဟုတ်??)