10/30/2008

သဘာဝတရား

လောကအလယ်
နေသာသလို ဖြေလိုက်စမ်း
ဖြစ်ချင်တာတွေ မျိုသိပ်
ကျိတ်မှိတ်ခဲ့တဲ့ ရက်တွေသိပ်များ
ဖြတ်သန်းနေကျ ၀န်းကျင်အသိုင်းအ၀ိုင်း
ကောင်းတဲ့သူတွေရှိသလို
မကောင်းတဲ့သူတွေ သိပ်များ
ဘယ်သူ ဘယ်ဝါဆိုတာ မစဉ်းစားချင်
ဒါဟာ လောကသဘာဝတရား
နေထွက်ချိန်ရှိနေသလို
နေ၀င်ချိန်လည်း ရောက်လာစမြဲ
အရာအားလုံးကို အပြုံးမပျက်ရင်ဆိုင်နိုင်ဖို့
အားတင်းကာ လျှောက်နေဆဲ
ပန်းတိုင်ကို အရောက်လှမ်း
တို့တွေ ကြိုးစားကြစို့

4 comments:

  1. ကြိုးစားကြတာပေါ့အမရယ်
    ကောင်းလိုက်တဲ့ကဗျာလေးပါ

    ReplyDelete
  2. လောကအလယ်
    နေသာသလို ဖြေလိုက်စမ်း
    ဖြစ်ချင်တာတွေ မျိုသိပ်

    လှလိုက်တဲ့ကဗျာလေးနော်---
    မျိုသိပ်နိုင်ပါစေ--
    တနေ့ ကိုယ်လိုတာဖြစ်လာမှာပါ--
    ဆက်ရေးပါ---အားပေးနေပါတယ်--
    ခင်မင်လျက်
    မသက်ဇင်

    ReplyDelete
  3. တစ်ကယ့် ခွန်အားပေးတဲ့ ကဗျာလေးပါပဲ
    အရမ်းကြိုက်ပါတယ်ဗျာ

    ReplyDelete
  4. ကောင်းလိုက်တဲ့စာသားလေး
    လေးစားပါတယ်

    ReplyDelete