11/11/2007

နတ်ရေးတဲ့ဖူးစာ လူဖျက်၍ မရနိုင်

တစ်ရပ်တစ်ကျေးမှာနေတဲ့ မောင်နဲ့ မေ တစ်နေရာမှာ တွေ့ဆုံပြီး အိမ်ထောင်ကျကြစေလို့ ဖူုးစာရေးနတ်မင်းက သူတို့ နဖူးမှာ မမြင်ရတဲ့ ရွှေမင်နဲ့ စာရေးလိုက်တယ်။ နဖူးစာပါသူချင်း ဆုံဆည်းပေါင်းဖက်မိကြတယ်။ ဒီအယူအဆက ကျွန်မတို့ မြန်မာနဲ့တူတ်။ မောင်ရဲ့နဖူးမှာ မေ့ရဲ့အမည်ရေးထိုးပေးလိုက်တယ်။ မေရဲ့နဖူးမှာ မောင့်ရဲ့အမည်ရေးထိုးပေးလိုက်တယ်။ ဒီနည်းနဲ့ ဖူးစာရေးနတ် ဖန်တီးပေးလိုက်လို့ နဖူးစာပါလို့ ပေါင်းဖော်မိကြတယ်။ ဖူးစာရေးနတ်က ရေးပေးလိုက်လို့ လူဝင်ဖျက်လို့ မရပါဘူးတဲ့။ ဆိုရိုးစကားကြားခဲ့ဖူးပါတယ်။
မိတ်ဆွေတို့ကော ကိုယ့်နဖူး ကိုယ်မှန်နဲ့ ကြည့်ကြဦးနော်။ အမည်မှားမှာစိုးလို့ပါ....

2 comments:

  1. bar lal kywa fu sar yay nat so dar

    ReplyDelete
  2. ညီမနှင်းနှင်းရေ
    ဖူးစာရေးနတ်မင်းဆိုတာမသိဘူးလား..
    ခန္တာကိုယ်မှာ ပြိုးပြိုးပြက်ပြက်(ဘာတွေလဲမသိ) ဦးခေါင်းမှာလဲဟိုနားကထိုးထိုးထောင်ထောင်နဲ့ ဒီနားကထိုးထိုးထောင်ထောင်နဲ့ နတ်မင်းကြီးလေညီမရဲ့..
    မမလဲ ဇာတ်ပွဲထဲမှာမြင်ဘူးတာ..ဟဲဟဲ

    ReplyDelete