10/20/2012

ဗြိတိသျှကောင်စီ စာကြည့်တိုက်မှ လူတိုင်းတက်ရောက်နိုင်သော "Ethic And Logical Thinking" ဟောပြောပွဲ

ဗြိတိသျှကောင်စီ စာကြည့်တိုက်တွင် "Ethic And Logical Thinking" ခေါင်းစဉ်ဖြင့် ဟောပြောပွဲကို အောက်တိုဘာလ၂၄ရက် ဗုဒ္ဓဟူးနေ့ ညနေ ၅ နာရီတွင် ကျင်းပပါမည်။
ဟောပြောဆွေးနွေးမည့်သူမှာ Wise College တွင် Principal နှင့် ADDA System Software Development Group တွင် CEO တာဝန်ယူထားသော ဦးကျော်မင်းထွန်း ဖြစ်ပါသည်။

စိတ်ပါဝင်စားသူများအနေဖြင့် အောက်တိုဘာလ ၂၃ရက် အင်္ဂါနေ့ နောက်ဆုံးထား၍ ဗြိတိသျှကောင်စီစာကြည့်တိုက်တွင် စာရင်းပေးသွင်းနိုင်ပါသည်။ တယ်လီဖုန်း၊အီးမေးလ်
တို့ဖြင့်လည်းစာရင်းပေးသွင်းနိုင်ပြီး ဆက်သွယ်ရန် ဖုန်းနံပါတ်မှာ ၂၅၄၆၅၈/၂၅၆၂၉၀ လိုင်းခွဲအမှတ် ၃၃၁၆ နှင့် အီးမေးလ်လိပ်စာမှာ library.enquiries@mm.britishcouncil.org
ဖြစ်ပါသည်။ အသင်းဝင်မဟုတ်သူများ ဆွေးနွေးပွဲသို့ စာရင်းပေးတက်ရောက်နိုင်ပြီး စာကြည့်တိုက်သို့ လာရောက်သောအခါ မှတ်ပုံတင်(သို့) ယာဉ်မောင်းလိုင်စင်(သို့) ကျောင်းသားကဒ်
တစ်ခုခုယူဆောင်လာရန်လိုပါသည်။

စာကြည့်တိုက်ဝန်ဆောင်မှုများအကြောင်းကိုအသေးစိပ်သိရှိလိုပါက British Council Website သို့မဟုတ် www.myanmar-network.net သို့မဟုတ်

www.facebook.com/britishcouncil.myanmar သို့ဝင်ရောက်ကြည့်ရှုကာဆက်သွယ်မေးမြန်းနိုင်ပါသည်။

No comments: