5/25/2012

အလှရှာသူ

အလှတရား
ရင်မှာထား
ရေကြည်တစ်အိုး
ထမ်းပိုးလှူကာ
အလှရှာသူ....။
ကြာငုံတစ်ဖူး
ဆွတ်ခူးလှူကာ
အလှရှာသူ...။
ဆီမီးတစ်ခွက်
တင်ဆက်လှူကာ
အလှရှာသူ...။
ပုတီးတစ်ကုံး
စွဲသုံးမွေ့စွာ
အလှရှာသူ...။
ယူတတ်လျှင်ရ
လှူတတ်လျှင် လှသတဲ့...။
ဘ၀မှာ အလှရှာ
ရှာတတ်ရင် ခရီးမဝေး
ကုသိုလ်ရေးမို့
ပီတိဝေစေဖို့
တစ်နိုင်တစ်ပိုင်
အလှူပြုကြပါစို့....

No comments: