1/20/2012

သီတဂူဆရာတော်ကြီး ၇၅ နှစ်ပြည့်အတွက် စာပေပန်းကုံး

သီတဂူဆရာတော်ကြီး ၇၅ နှစ်ပြည့်အတွက် စာပေပန်းကုံး
စာမိတ်ဆက်
သီတဂူဆရာတော်ကြီးသည် ယခုနှစ် ၂၀၁၂ မတ်လ (၇) တပေါင်းလပြည့်နေ့မှာ ၇၅ နှစ်
ပြည့်မည်လို့ ဘုန်းဘုန်းသီတဂူစတားက ပြောလာပါသည်။ တပည့်တော်သည် ဘုန်းဘုန်း
သီတဂူဆရာတော်ကြီးရဲ့ ဂုဏ်အင်တွေကို ဖွဲ့ဆိုနိုင်ဖို့ငြား အတတ်ပညာ
အသိပညာမရှိပါမူလည်း တပည့်တော်ရဲ့ စာပေပန်းကုံးဖြင့်
ဘုန်ဘုန်းသီတဂူဆရာတော်ရဲ့ မွေးနေ့တွင် အလှူအဖြင့်
ပါဝင်ကုသိုလ်ပြုခွင့်ပေးဖို့ ဘုန်းဘုန်းသီတဂူစတားကို ခွင့်ပန်ခဲ့ပါသည်။
သို့ပေသည့်ငြား သာသနာရေးတင်မက လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိသည့်
ပရဟိတ လုပ်ငန်းတွေကိုပါ
အင်တိုက်အားတိုက် ကိုယ်တိုင်ကိုယ်ကျ ပါဝင်သာနာပြုနေသော
ဘုန်းဘုန်းသီတဂူဆရာတော်ကြီးအတွက်
စာပန်းကုံးသီရေးဖို့ရန် လက်တွန့်နေခဲ့ပါသည်။ အမှန်ပြောရလျှင် တပည့်တော်
ဘာရေးလို့ ရေးရမှန်းမသိအောင် ဖြစ်မိပါသည်ဘုရား။

ရေးစရာမရှိလို့တော့မဟုတ်ပါဘူး။ ရေးမယ်ဆိုတော့ ဆရာတော်ကြီးရဲ့
ကုသိုလ်တရားတွေ ဒါန၊ သီလ၊ ဘာဝနာတွေ အလွန်များပြားနေသဖြင့်
ဘယ်ကနေစမှန်းမသိဖြစ်နေမိပါသည်။ တပည့်တော် အမှားများ ပါသွားမှာလည်း
အလွန်စိုးရိမ်မိပါသည်။ ဘုန်းဘုန်းသီတဂူစတားကတော့ ပြောပါသည်။
အဆင်ပြေသလိုသာ ရေးပေးပါတဲ့။ တပည့်တော် စာပေဖြင့်
ကန်တော့ပန်းဆင်ချင်လွန်းသဖြင့် အမှားများ ပါခဲ့သည်ရှိသော် ဒီနေရာလေးမှ
လက်ဆယ်ဖြာ ဦးထိပ်မိုးလျှက် ကန်တော့အပ်ပါသည်ဘုရား။

သည်မှာ ဘုရား၊ သည်တရားပင်
သည်ကား သံဃာ၊ သည်မှာ မိဘ
ဂုဏ်ကိုပြ၍ သည်က ဆရာ
လင်္ကာပန်းစုံ သီကုံးပုံသည်
သီတဂူဆရာတော်ကြီး လက်ရာတည်း။
ငါးပါးအနန္တ ဦးခိုက်ကြသော်
သာသနာရေး ရှေ့က ဦးဆောင်
နိုးကြားတက်ကြွ ဆော်သြကာဖြင့်
သီတဂူသာသနာပြုအဖွဲ့ကြီး ဖြစ်တည်ခဲ့သည်။
သီတဂူအရေး တို့အရေးဟု
ဝင့်ကြွားဂုဏ်ရောင် ပညာရောင်ဖြင့်
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ပေါ်ပေါက်ခဲ့သည်။
သာလိမ့်ကျက်သရေ တက်ဖြိုးဝေဟု
စာပေဆော်သြ ဘုရားဟောနှင့်
ပုတ္တောဝါဒ ဆုံးမစာဖြင့်
ဘာသာအရေး ပြန့်ပွားစေခဲ့သည်။
လူ့ဘောင်သာသစ်၊ တရားချစ်ကြ
တားမြစ်မရ၊ အိုကြရလိမ့်.....
တားမြစ်မရ၊ နာကြရလိမ့်....
တားမြစ်မရ၊ သေကြရလိမ့်....
ဘ၀မငြိမ် ခန္ဓာအိမ်ကို
အချိန်နှင့် ဆောက်၊ အပျောက်နှင့်ရှု
အပြုနှင့် ပြင်၊ အလှဆင်လော့
အိုလူသားတို့.... နိုးဆော်ရင်းဖြင့်
ဘာသာ သာသနာ
လူမှု ပညာ၊ ကျန်းမာရေးကို
အစဉ်ကုသိုလ်ပြုဖို့အရေး
သက်တော် ၇၅ နှစ်မှ
နောင် ၁၂၀ တိုင်စေသော်
သက်တော် တည်တံ့စေဖို့
တပည့်တော် စာပန်းကုံးဖြင့်
လက်ဆယ်ဖြာချီ ထိပ်ဆီအုပ်မိုး
ရှိခိုးပူဇော်လိုက်ပါသည်ဘုရား.....


www.sitagustar2020.net ဆိုက်တွင် ဖော်ပြပြီး ဖြစ်ပါသည်။

No comments: