4/08/2011

ဂျာနယ်ကျော် မမလေး အထ္ထုပ္ပတ္တိ (၁၉၁၇ - ၁၉၈၂)

အမျိုးသမီး စာရေးဆရာမ ဖြစ်သည်။ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်
ကမာကလူကျေးရွာ၌ ဖွားမြင်သည်။ အမည်ရင်း မတင်လှိုင်ဖြစ်သည်။ ရန်ကုန်မြို့မ
အမျိုးသမီး အထက်တန်းကျောင်းတွင် ၉ တန်းအထိ ပညာသင်ယူခဲ့သည်။ ဘိုကလေးမြို့
တို့ဗမာအစည်းအရုံးဝင်၊ တက်ခေတ်အမျိုးသမီးအဖွဲ့ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။
၁၉၃၈ ခုနှစ် မြန်မာ့အလင်းသတင်းစာ တာဝန်ခံ အယ်ဒီတာ ဦးချစ်မောင်နှင့်
လက်ထပ်သည်။ ၁၉၃၉ ခုနှစ် ဂျာနယ်ကျော် ထုတ်ဝေသူ၊ ၁၉၄၆ ခုနှစ်
ပြည်သူ့ဟစ်တိုင် သတင်းစာ၊ ၁၉၄၈ ခုနှစ် ဂျာနယ်ကျော်၊ ၁၉၅၃ ခုနှစ်
ဂန္ထဝင်ဂျာနယ် ထုတ်ဝေသူအဖြစ် ဆောင်ရွက်သည်။ ၁၉၃၆ ခုနှစ်
မြန်မာ့အလင်းသတင်းစာ၌ စာစတင် ရေးသည်။ အမျိုးသမီး ကလောင်ရှင်အသင်း ဥက္ကဋ္ဌ
(၁၉၄၇)၊ မြန်မာနိုင်ငံ စာရေးဆရာအသင်း အလုပ်အမှုဆောင် (၁၉၅၀ - ၅၃)၊ ဥက္ကဋ္ဌ
(၁၉၅၅)၊ ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ) ဒုတိယဥက္ကဋ္ဌ၊
စာရေးဆရာ စာပေကလပ် အတွင်းရေးမှူး (၁၉၆၁ - ၆၂) တာဝန်ထမ်းဆောင်သည်။ ၁၉၅၅
ခုနှစ် နယူဒေလီ အာရှစာရေးဆရာများ ကွန်ဖရင့်၊ ၁၉၅၂ ခုနှစ် တရုတ်နှင့်
ဆိုဗီယက်နိုင်ငံသွား မြန်မာ့ယဉ်ကျေးမှုအဖွဲ့ဝင်၊ ၁၉၅၈ ခုနှစ် ဂျပန်နိုင်ငံ
ဟီရိုရှီးမား အနုမြူဆန့်ကျင်ရေးနှင့် ငြိမ်းချမ်းရေး ကွန်ဖရင့်သို့
တက်ခဲ့သည်။ ထင်ရှားသော စာပေလက်ရာအချို့မှာ သူလိုလူ (၁၉၄၇)၊ မုန်း၍မဟူ
(၁၉၅၅)၊ ရင်နင့်အောင်မွှေး (၁၉၆၇)၊ သွေး (၁၉၇၃) တို့ဖြစ်သည်။ ၁၉၈၂ ခုနှစ်
ဧပြီ ၆ ရက်တွင် ကွယ်လွန်သည်။

1 comment:

Nyein said...

ဆရာမ ဂျာနယ်ကျော်မမလေးဟာ..
အလွန်တရာအရည်အချင်းရှိ ထက်မြက်သော မြန်မာအမျိုးသမီးတစ်ဦးဖြစ်တယ်။
ဆရာ ဂျာနယ်ကျော် ဦးချစ်မောင် အတွက် ပြီးပြည့်စုံသော ပါရမီဖြည့်ဖက် အိမ်ထောင်ဖက်ဖြစ်တယ်။
မယားဝတ္တရားအလွန်ကျေပွန်တဲ့ ဆရာမဂျာနယ်ကျော်မမလေး
ထက်သန်ရည်မှန်းခဲ့သော ယောက်ျားဆုကို ဧကန်ရမှာလို့ယုံကြည်နေပါတယ်။