12/25/2010

မဂၤလာပါ ဘေလာဂ္ဂါ

တစ်ကမ္ဘာလုံးဆိုင်ရာ ဘလောဂ်ဂါတွေရဲ့ ကိုယ်စား
ကိုယ်တို့မြေရဲ့ ဘလောဂ်ဂါများကို
လေးစားစွာ နှုတ်ခွန်းဆက်လိုက်ပါရဲ့။
ယနေ့ကမ္ဘာမှာ
မရေရာမသေချာတာတွေဖယ်ထား
မှုန်မွှားမွှားေ၀၀ါးဝါးတွေမရှိ
ပကတိအတိုင်း ထိတွေ့ရသလို
တိုးလျှိုပေါက်ကို တွေ့မြင်ပတ်သက်ခွင့်ရခဲ့။
ပညာခေတ်ရဲ့ အိုင်တီနယ်ပယ်
ကျယ်ဝန်းသလောက်  နက်ရှိုင်း
လှိုင်းတွေ အဆင့်ဆင့်ပွား
ကမ္ဘာမခြား တစ်သားတည်းဖြစ်။
ဒီကာလ ပညာရှာ
မသိနိုင်တာ ဘာမှမရှိ
သိချင်တက်ချင်စိတ်သာ အရင်းခံထား
ဘာများသိချင်ပါသလဲ။
ဘလောဂ်တွေဖွင့် အသင့်တင်ပေးထားရဲ့
လိုချင်တာလား၊ သိချင်တာလား
လျှို့ဝှက်ခေတ်များ လွန်မြောက်
ဝေပေးတဲ့ခေတ်ရောက်နေပြီ
တစ်ယောက်သိအကုန်မျှ
တစ်ယောက်ရအကုန်ယူ
သာလည်းအတူ နာလည်းအတူ
ဝါသနာတူ စေတနာတူ
ဝေဒနာပါတူတဲ့ ဘလောဂ်ဂါတွေကိုယ်စား
ကိုယ်တို့မြေရဲ့ တာဝန်ကျေ ဘလောဂ်ဂါများကို
လေးစားစွာနှုတ်ခွန်းဆက်
ကမ္ဘာကြီးအတွက် ရှင်သန်စေ။

No comments: