9/18/2010

အလည်တစ်ခေါက် လာရောက်စေချင်...

ခါတစ်လှဲ့ လာခဲ့ပေါ့
ရွှေမြန်မာ
ဝေးမကွာ ပြေးလာလျှင်
တာမထောက်ပါဘူး
connection ကောင်းစဉ်ခါ
ဖွင့်တဲ့ချိန်
ကိုးနက်ရှင် နောက်သမို့
ခဏတော့ ချော့မြူရရှာ
စိတ်ရှည်ကာ သည်းခံစောင့်ပါလို့
တစ်ခေါက်ကယ်
အလည်မရောက်ရင်ဖြင့်
ကြုံခဲ့လျှင် နောက်တစ်ကြိမ်ပေါ့
ကြောက်မက်ဖွယ် ကိုးနက်ရှင်ကို
ကျော်လွှားခါ အရောက်လှမ်းခဲ့ပေါ့.....
ဖိတ်ခေါ်တဲ့ ဒီဘလောဂ့်မှာဖြင့်
ရေးကူကို တွေးပူရတာကြောင့်
ဆွေးပူရရှာ......

1 comment:

ဇော်သိင်္ခ said...

ခဏတော့ ချော့မြူရရှာ
စိတ်ရှည်ကာ သည်းခံ စောင့်ပါလို့
တစ်ခေါက်ကယ် အရောက်လှမ်းခဲ့ပေါ့...
ကြုံခဲ့လျှင် နောက်တစ်ကြိမ်လည်း
ကျော်လွှားကာ အရောက်လာခဲ့ ပါအုံးမယ်လို့...

နှုတ်ခွန်းဆက် သွားပါတယ်...

ခင်မင်စွာဖြင့်
ဇော်သိင်္ခ