8/18/2010

ခရီးသွားအန္တရာယ်ကင်းဂါထာတော်

ကတာ မေ ရက္ခာ၊
ကတံ မေ ပရိတ္တံ။
ပဋိက္ကမန္တု ဘူတာနိ၊
သောဟံ နမော ဘဂ၀တော။
နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓေါနံ။


အဓိပ္ပာယ်က
ငါသည် အစောင့်ချအပ်ပြီ။
ငါသည် ပရိတ်အကာအကွယ်ပြုအပ်ပြီး အန္တရာယ်ပြုမည့် သတ္တ၀ါတွေ နောက်ဆုတ်ကြပါလော့။
ငါသည် ဂေါတမဘုရားရှင်အား ရှစ်ခိုးပါ၏။
ဝီပဿီဘုရား ၊ သိခီဘုရား။
ကကုသန်ဘုရား ၊ ကောဏဂုံဘုရား။
ကုဿပန်ဘုရား ၊ ဂေါတမဘုရား ၊ အရိမေတ္တယျဘုရား။
ဟူသော ( ၇ ) ဆူသော ဘုရားရှင်တို့အား ရှစ်ခိုးပါ၏။

ရွတ်ဆိုရခြင်း၏ အကျိုး

ဤဂါထာတော်သည် ခန္ဓသုတ်တော်မှလာသည် ။ ဤဂါထာတော်ကို အမြဲရွတ်ဖတ်ပူဇော်ပါက မည်သည့်အန္တရယ်မှ မတွေ့နိုင်။ အထူးသဖြင့် ခရီးသွားခါနီးတွင် ရွတ်၍သွားမည့်လမ်းနေရာအရပ်ကို မေတ္တာပို့ပါ။ အမျှဝေပါ။

အန္တရာယ်ကင်းပြီး ကိုယ့်စိတ်တိုင်းကျ ချမ်းသာစွာ သွားရပါမည်။ အဆင်ပြေကြပါစေနော်။

No comments: