8/16/2010

ရာဇလင်းဆေးတက္ကသိုလ် ပညာသင်ဆု အောက်တိုဘာလကုန် နောက်ဆုံး လျှောက်ထားနိုင်

ဆေးတက္ကသိုလ်တက်ရောက်ခွင့်ရရှိကြသည့် ကျောင်းသားများအားနှစ်စဉ်ပညာသင်ဆု ပေးအပ်နေသော ရာဇာလင်းဆေးတက္ကသိုလ်ပညာသင်ဆုအတွက် ကျောင်းသားရှစ်ဦးကို ရွေးချယ်သွားမည်ဖြစ်ကြောင်း ပညာသင်ဆုပေးအပ်သူဦးအေးကျော်ကပြောသည်။ ပြည်တွင်းရှိ ဆေးတက္ကသိုလ်များတွင် ပထမနှစ် သင်တန်းစတင်တက်ရောက်ရန် အရည်အချင်းပြည့်မီသော်လည်း ဆင်းရဲနွမ်းပါး၍ ပညာဆက်လက် ဆည်းပူးရန် အခက်အခဲရှိသူများအနေဖြင့် အောက်တိုဘာ ၃၁ ရက်နောက်ဆုံးထား၍ အမှတ် (၅ဝ) ကန်ရိပ်သာ (၃) လမ်း၊ Finger Lake, FMI City၊ လှိုင်သာယာမြို့နယ်သို့ ပေးပို့လျှောက်ထား နိုင်ကြောင်း သိရသည်။ "နိုဝင်ဘာလထဲမှာ ခေါ်စာပို့ပါတယ်။ ဒီဇင်ဘာလဆန်းမှာ အင်တာဗျူးလုပ်ပါတယ်။ အင်တာဗျူးအတွက် ၂၄ ယောက်ခေါ်ပြီး အဲဒီထဲက တစ်ယောက်ကို ရွေးချယ်ပါတယ်" ဟုဦးအေးကျော်ကပြောသည်။ ပညာသင်ဆုရရှိသူများကို ပထမနှစ်မှ ဘွဲ့ရသည်အထိ သတ်မှတ်စည်းမျဉ်း စည်းကမ်းများနှင့် ညီ လစဉ်ပညာသင် ထောက်ပံ့ကြေးကျပ်ငါးသောင်းချီးမြှင့်သွားမည်ဖြစ်သည်။ လျှောက်ထားလိုသူများသည် မိမိအမှန်တကယ် ပညာသင်ဆုလိုအပ်ကြောင်း ကြောင်းကျိုးပြည့်စုံစွာ ဖော်ပြထားသော ကိုယ်တိုင်ရေးလျှောက်လွှာ၊ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း သက်ဆိုင်ရာ မြို့နယ်ရဲစခန်းနှင့် ကျောင်းအုပ်ကြီးတို့၏ ထောက်ခံချက်မူရင်းများ၊ အမှတ်စာရင်းမိတ္တူ၊ ပတ်စပို့အရွယ်ဓာတ်ပုံ နှစ်ပုံ၊ ကျောင်းသားနှင့် မိဘအုပ်ထိန်းသူ တို့၏ ပါတီနိုင်ငံရေးကင်းရှင်းကြောင်း ကိုယ်တိုင်ဝန်ခံချက် အထောက်အထားများ နှင့်အတူ လျှောက်ထားရမည်ဖြစ်သည်။ အဆိုပါ ပညာသင်ဆုသည် ၂ဝဝ၈-၂ဝဝ၉ ပညာသင်နှစ်မှ စတင်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး နှစ်စဉ်ကျောင်းသား ရှစ်ဦးကို ရွေးချယ် ပေးအပ်လျက်ရှိသည်။

source: myanmartraining

No comments: