6/14/2010

Enroll Now - International Study Camp @ NUS

           နိုင်ငံရပ်ခြားသို့ သွားရောက်ပညာဆည်းပူးရန် ရည်ရွယ်ထားသော ကျောင်းသား လူငယ်များအနေဖြင့် စင်ကာပူနိုင်ငံရှိ ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်ကြီး များကို ယှဉ်တွဲလေ့လာနိုင်ရန် ရည်ရွယ်၍ မြန်မာကျောင်းသား/သူများ အားလုံးအတွက် (၂၀၁၀)ခုနှစ်၏ International Study Camp @ National University of Singapore အစီအစဉ်တစ်ရပ်အား ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း AT&S Co., Ltd. ထံမှ သိရှိရသည်။ လေ့လာရေးခရီးစဉ်တွင် အသက် (၁၄) နှစ်နှင့် အထက် မည်သူမဆို လိုက်ပါနိုင်ပြီး ၂၀၁၀ ဇွန် (၂၇)ရက်နေ့မှ ဇူလိုင် (၁၀)ရက် နေ့အထိ စင်ကာပူနိုင်ငံရှိ နာမည်ကြီး အစိုးရတက္ကသိုလ်ကြီးများ ၊ ပုဂ္ဂလိကကျောင်းများသို့ သွားရောက်လေ့လာခြင်းနှင့် အတူ စင်ကာပူအထင်ကရနေရာများသို့ (၁၄)ရက်ကြာ လေ့လာလည်ပတ်ကြရမည် ဖြစ်သည်။

             ဤလေ့လာရေးခရီးစဉ်သည် ကျောင်းများကို သာမန်လည်ပတ်ခြင်းမျိုး မဟုတ်ဘဲ စင်ကာပူနိုင်ငံ၏ အကောင်းဆုံး အစိုးရ တက္ကသိုလ်ကြီး ဖြစ်သော NUS ၏ နာမည်ကြီး ကထိကများမှ သက်ဆိုင်ရာ ဘာသာရပ်အလိုက် Business ၊ Computing ၊ Sustainable Built Environment ၊ Entrepreneurial Marketing ၊ Bio Technology ၊ Singapore Law ၊ Engineering ၊ Arts နှင့် Social Sciences စသည့် ဘာသာရပ်ဆိုင်ရာ သင်ကြားပို့ချဟောပြောမှုများကို နေ့စဉ်တက်ရောက်ရမည်ဖြစ်ပြီး NUS သို့ ကျောင်းလျှောက်ထားခြင်းဆိုင်ရာ သိကောင်းစရာများကို Admission Department ၏ တာဝန်ရှိသူများမှ  ရှင်းလင်း ပို့ချပေး သွားမည်ဖြစ်ပါသည်။

             ခရီးစဉ်တွင် လိုက်ပါသော ကျောင်းသားများကို NUS ၏ ကျောင်းသားဆောင် Pince George Park Residences တွင် တစ်ဦးကို တစ်ခန်းစီ နေထိုင်ရမည်ဖြစ်ပြီး တက္ကသိုလ်ကျောင်းသားဘ၀ နေထိုင်စားသောက်မှုပုံစံများကို ကိုယ်တိုင် ကြုံတွေ့ သိရှိ နိုင်မည် ဖြစ်ပါသည်။

            စင်ကာပူနိုင်ငံရှိ နာမည်ကြီး အစိုးရနည်းပညာတက္ကသိုလ်ကြီးဖြစ်သည့် Nanyang Technological University (NTU) နှင့် စီမံခန့်ခွဲမှု တက္ကသိုလ်ကြီး ဖြစ်သော Singapore  Management  University (SMU) နှင့် Ngee Ann Polytechnic ၊ စင်ကာပူနိုင်ငံတွင် နာမည်ကြီး ပုဂ္ဂလိကကျောင်းများဖြစ်သော Singapore Institute of Management (SIM) PSB Academy နှင့် Lasalle College of Arts ကျောင်း များကိုလည်း သွားရောက်ပြီး သက်ဆိုင်ရာကျောင်း၏ တာဝန်ရှိသူများမှ ဘာသာရပ်များအကြောင်း နှင့် ကျောင်း ၀င်ခွင့်များအကြောင်းကို စုံလင်စွာ ရှင်းလင်းပေးမည်ဖြစ်ပါသည်။

            ကျောင်းအားလုံး၏ စာသင်ခန်း ၊ စာကြည့်တိုက် နှင့် လက်တွေ့ခန်းများ ကိုလည်း လေ့လာကြရမည်ဖြစ်သည်။ ဗဟုသုတတိုးပွားစေရန် NUS Museum ၊ Raffles Biological Museum ၊ Singapore Science Centre နှင့် Singapore Discovery Centre များသို့ သွားရောက် လေ့လာမည့် သိပ္ပံနှင့် နည်းပညာ လေ့လာရေး ခရီးစဉ်ကိုပါ ပူးတွဲစီစဉ်ထားသည်။

            ညနေခင်းနှင့် အားလပ်ရက်များတွင် စင်ကာပူနိုင်ငံရှိ အထင်ကရနေရာများသို့ သွားရောက်လည်ပတ်ရမည်။ အာရှတိုက်၏ အကြီးမားဆုံးနှင့် အကောင်းမွန်ဆုံး Universal Studio Theme Park နှင့် အာရှတွင် အကောင်းဆုံး ရေကစားပန်းခြံ Wild Wild Wet (Water Theme Park)ို့ သွားရောက် ဆော့ကစားရမည်ဖြစ်ပြီး စင်ကာပူတိရစ္ဆာန်ရုံတွင် တောရိုင်းသတ္တ၀ါများ ညအခါ သွားလာလှုပ်ရှားနေသည်ကို ကြည့်ရှုနိုင်မည့် Singapore Night Safari သို့လည်း လေ့လာမည်ဖြစ်သည်။

            စင်ကာပူ၏ အဓိက Tourism Attraction ဖြစ်သည့် Sentosa ကျွန်းပေါ်သို့ သွားရောက်လည်ပတ်ရမည်ဖြစ်သည်။ ကမ္ဘာ့အကြီးဆုံး ချားရဟတ် Singapore Flyer ကို သွားရောက်စီးနင်းရမည်ဖြစ်ပြီး အရှေ့ပိုင်း ပင်လယ်ကမ်းခြေ East Coast Beach သို့ အပန်းဖြေ ခရီးထွက် ရမည်ဖြစ်သည်။

            ခရီးစဉ်သို့ လိုက်ပါလိုသော ကျောင်းသား/သူများအနေဖြင့် စင်ကာပူအစိုးရ အသိအမှတ်ပြု ပညာရေးအတိုင်ပင်ခံ AT&S Co., Ltd. အဆောင် (၅) ၊ အခန်း (၄) ၊ မြန်မာအင်ဖိုတက်ခ် ၊ လှိုင်တက္ကသိုလ်များနယ်မြေ ။ ဖုန်း - ၅၂၁၁၂၅ ၊ ၆၅၂၂၈၈ ၊ ၀၉-၅၀၆၂၁၇၁ တို့သို့  ဆက်သွယ်စုံစမ်းပြီး စာရင်းပေးသွင်း နိုင်ကြောင်း သိရသည်။

            နိုင်ငံရပ်ခြားတွင် ပညာသင်ကြားလိုသော ကျောင်းသားများအနေဖြင့် စင်ကာပူနိုင်ငံ၏ နာမည်ကြီးကျောင်းများကို မျက်မြင်ကိုယ်တွေ့ သုံးသပ်ကာ တက်ရောက်လိုသော ကျောင်းနှင့် ဘာသာရပ်များကိုပါ ရွေးချယ်နိုင်မည်ဖြစ်သည်။

            ခရီးစဉ် အစအဆုံးအတွက် စင်ကာပူ ဗီဇာ လျှောက်ထားခြင်း ၊ လေဆိပ်ကြို / ပို့ ၊ နေ / စား / သွား / လာ စရိတ်ငြိမ်း စီစဉ်ထားသော လေ့လာရေးခရီးစဉ် တစ်ခုဖြစ်သောကြောင့် လိုက်ပါလိုသူများအနေဖြင့် Passport ရှိထားရန် လိုအပ်ပြီး ခရီးစဉ် ကုန်ကျစရိတ် သက်သာစေရန်အတွက်လည်း အထူးစီစဉ်ထားကြောင်း သိရှိရပါသည် ။

1 comment:

CalmHill said...

ဒီလိုသွားကြည့် လေ့လာနိုင်တယ်ဆိုတာ ကောင်းပါတယ် တစ်ခြားနိုင်ငံကလူတွေ ဒီလိုပဲ အုပ်စုလိုက် လေ့လာရေးခရီးလာကြတယ် ကျောင်းထဲလျောက်သွားကြပေါ့ သဘောကျလို့ တက်ချင်လို့လျောက်ကြပေါ့ ပျော်စရာကြီးပါ။

အစိုးရကျောင်းတွေ ပုဂ္ဂလိကကျောင်းအကြီးတွေက ဘာမှပြဿနာမရှိပါဘူး။ မဟုတ်ရင် နိုင်ငံခြားကတက္ကသိုလ်ဆိုပြီး လာပြောတိုင်း မသိတဲ့လူတွေ ယုံလိုက်ကြရတာ ဟိုကကျောင်းကိုလည်း ဘယ်လိုရှိမှန်းမသိ။ ရောက်လာမှာ ကျောင်းကကိုယ့်ဆီက အထက်တန်းကျောင်း လောက်အဆောက်အဦးနဲ့ဖြစ် နာမည်ပြောလို့တောင် သူ့နိုင်ငံကလူတောင် အဲဒီ့ကျောင်းက ဒီမှာရှိလို့လားမေးခံရနဲ့ အတော်လေး ပြဿနာတက်ကြတယ်။