5/19/2010

Tool များအကြောင်း

Retangle tool
Square, Rectangle ပုံများကို ရေးဆွဲတဲ့အခါမှာ အသုံးပြုတယ်။ Short Cut Key အနေနဲ့ Function Key F6 ကို နှိပ်လိုက်တဲ့အခါမှာ ရွေးချယ်ပြီးသား ဖြစ်သွားတာကို တွေ့ရမယ်။ Retangle tool ကို ရွေးချယ်လိုက်တဲ့အခါမှာ Cursor position ဟာ Cross hairs သို့ ပြောင်းလဲသွားလိမ့်မယ်။ အဲဒါဆိုရင် အလိုရှိတဲ့ Rectangle များကို ရေးဆွဲနိုင်ပြီပေါ့။ Rectangle ကို ဆွဲနည်း နှစ်မျိုးရှိတယ်။
(၁) Corner point ဆွဲနည်းနဲ့
(၂) Center Point ဆွဲနည်းတွေပဲ ဖြစ်တယ်။
Corner Point ဆွဲနည်းမှာ Cross hairs ပေါ်လာပြီး မိမိတို့ အလိုရှိတဲ့နေရာမှာ Click တစ်ချက် (Left mouse button) လုပ်လိုက်ပါ။ ပြီးရင် mouse button ကို မလွှတ်ဘဲ diagonal အတိုင်း drag လုပ်ချလိုက်ပါ။ Corner point Rectangle တစ်ခု ရရှိလာပါလိမ့်မယ်။ center point ဆွဲနည်းမှာ Shift Key ကို ဖိပြီး မိမိတို့အလိုရှိတဲ့နေရာမှာ Click လုပ်ပါ။ ပြီးရင် mouse button ကို မလွှတ်ပဲ Center Point (မိမိတို့ ကလစ်လုပ်တဲ့နေရာ)မှ ဝေးရာဘက်သို့ drag လုပ်ချလိုက်ပါ။ Center Point နဲ့ ရေးဆွဲတဲ့ Retangle တစ်ခုရရှိလာပါလိမ့်မယ်။ Square တစ်ခုကို အတိအကျ ရေးဆွဲလိုချင်ရင်တော့ Ctrl Key ကို ဖိပြီး အထက်က ဖော်ပြပါနည်းအတိုင်း ရေးဆွဲလိုက်ပါက တိကျမှန်ကန်တဲ့ Square တစ်ခုရရှိလာပါလိမ့်မယ်။

Ellipse tool
Ellipse နဲ့ Circle များကို ရေးဆွဲနိုင်တယ်။ Short Cut Key ကတော့ Function Key (F7) ကို နှိပ်လိုက်တဲ့အခါမှာ ရွေးချယ်ပြီးသား ဖြစ်သွားလိမ့်မယ်။ Cursor position ဟာလည်း Rectangle tool ကဲ့သို့ Cross hairs ပေါ်လာပြီး မိမိအလိုရှိရာ နေရာမှာ click လုပ်ပြီး (Left mouse button) drag လုပ်ချလိုက်ပါ။ corner Point Ellipse တစ်ခု ရလာပါလိမ့်မယ်။ ဒုတိယနည်း Center point ဆွဲနည်းမှာ Shift Key ကိုဖိရင် Rectangle tool မှာကဲ့သို့ ရေးဆွဲနိုင်တယ်။ မိမိကြိုက်နှစ်သက်တဲ့ အချင်းရှိတဲ့ Circle များကိုလည်း Ctrl Key သုံးပြီး ရေးဆွဲနိုင်ပါသေးတယ်။


Text Tool
Text tool ပေါ်မှာ mouse နဲ့ click လုပ်ပြီး ကိုင်ဆွဲချလိုက်တဲ့အခါမှ Text flyout menu ထွက်ကျလာလိမ့်မယ်။ အဲဒီ Text tool ထဲမှာ two icon ပါတာကို တွေ့ရမယ်။ Corel DRAW version 5.0 မှာ ပါလာတာ ဖြစ်ပါတယ်။ ဗားရှင်း ၄ မှာဆို three icon ပါတယ်။ version 5.0 မှာတော့ (1) Artistic text နဲ့ (2) Paragraph text တို့ပဲ ဖြစ်တယ်။ version 4.0 မှာကတော့ တစ်ခုပိုလာတယ်။ အဲဒါဟာ symbols roll-up ပဲ ဖြစ်တယ်။
Artistic Text
အင်္ဂလိပ်အက္ခရာ A ပုံစံနဲ့ဖော်ပြထားတဲ့ icon ကလေးပဲ ဖြစ်တယ်။ Artistic text ကတော့ Corel DRAW မှာ ပန်းချီစာလုံးဒီဇိုင်းတွေကို ဖန်တီးလို့ရတယ်။ Special effects တွေကို သုံးပြီးတော့ပေါ့။ စိတ်ကူးရှိမယ်ဆိုရင် ရှိသလောက် ဖန်တီးနိုင်တယ်။ Artistic text မှာ ရိုက်ထည့်နိုင်တဲ့ string limited ကတော့ 250 characters ပဲ ဖြစ်တယ်။ Artistic text တစ်ခုစီကို ဆိုလိုတာဖြစ်တယ်။ Short Cut Key အနေနဲ့ကတော့ Function Key F8 ကို နှိပ်လိုက်တဲ့အခါ Text tool (Artistic text) ကို ရွေးချယ်ထားတာကို တွေ့ရလိမ့်မယ်။

Paragraph Text
Paragraph Text ကတော့ စာရွက်ပုံစံလေးနဲ့ ဖော်ပြထားတာဖြစ်တယ်။ စာပိုဒ်တွေကို တစုတစည်းတည်း ဒီဇိုင်းအမျိုးမျိုးပြောင်းတဲ့အခါမှာ လွယ်ကူစေတယ်။ Paragraph Text ကို ရွေးချယ်လိုက်မယ်ဆိုရင်တော့ စာရွက်ပေါ်မှာ text block (rectangular frame ပေါ်လာတာကို တွေ့ရမယ်။ အဲဒီ frame ထဲမှာ စာတွေရိုက်ပြီး Format အမျိုးမျိုး လုပ်နိုင်တယ်။ အဲဒီ frame ထဲမှာ Characters 9000 ထိ ရိုက်ထည့်ထားနိုင်တယ်။ Paragraph တစ်ခုအတွက် ဆိုလိုတာ ဖြစ်တယ်။) Short Cut Key အနေနဲ့ကတော့ Shift+F8 ကို နှိပ်ကြည့်လိုက်ပါ။ Paragraph Text icon ကို ရွေးချယ်ထားတာ တွေ့ရလိမ့်မယ်။
Symbol roll -up ကတော့ အသင့်ဆွဲထားတဲ့ပုံတွေကို အကြောင်းအရာလိုက်ပြီး စုထည့်ထားတာဖြစ်လို့ အသုံးလည်းဝင်တယ်။ အလွယ်တကူလည်း ခေါ်သုံးလို့ရပါတယ်။ Symbol roll-up ထဲမှာပါတဲ့ မိမိတို့ နှစ်သက်တဲ့ပုံပေါ်မှာ Click (left mouse button) လုပ်ပြီး မိမိရေးဆွဲနေတဲ့ စာရွက်ပေါ်ကို mouse button ကို မလွှတ်ဘဲ drag လုပ်ချလိုက်ပါ။ မိမိအလိုရှိတဲ့ပုံ page ပေါ်ကို ခေါ်တင်ပြီးပြီဆိုရင် မိမိတို့ ကြိုက်နှစ်သက်သလို ပြင်နိုင်တာပေါ့။

Outline tool
မိမိတို့ ရေးဆွဲလိုက်တဲ့ Object ရဲ့ Outline တွေ thicknesses, Colour တွေကို ပြောင်းလို့ရတယ်။ On-Screen Palette သို့မဟုတ် Pen roll-up window တွေကလည်း Outline တွေကို ရွေးချယ်အသုံးပြုနိုင်တယ်။ Status line မှာလည်း မိမိတို့ ရွေးချယ်ထားတဲ့ object ရဲ့ outline thickness နဲ့ Color ကို ဖော်ပြနေတာကို တွေ့ရမယ်။ ဒါဆိုရင် Outline tool မှာ ပါတဲ့ တခြား icon ပုံကလေးတွေက ဘာတွေလုပ်ပေးနိုင်တယ်ဆိုတာကို ကြည့်ရအောင်။ (မှတ်ရန် - on-screen palette မှသုံးရင် Right mouse button ကို သုံးပါ။)


Custom Outline
မိမိတို့ ရေးဆွဲလိုက်တဲ့ Object တွေကို select မလုပ်ဘဲနဲ့ ဒီ icon ကို ရွေးလိုက်မယ်ဆိုရင်တော့ Outline Pen dialog box (သို့) Outline pen for new object dialog box တွေကို ဖော်ပြတာ တွေ့ရမယ်။ ဆိုလိုတာက အခုလုပ်မယ့် object တွေအတွက် အမြဲသုံးမယ့် Outline style တွေကို default လုပ်ခိုင်းတာ ဖြစ်တယ်။ ပထမဦးဆုံး ပေါ်ထွက်လာတဲ့ outline dialog box မှာ ပါတဲ့ Graphic, Artistic Text နဲ့ paragraph text တွေကို mouse ဖြင့် click လုပ်ပြီး ရွေးချယ်လိုက်ပါ။ Cross အမှတ်အသားများနဲ့ ရွေးချယ်ပြီးသွားတာ တွေ့ရလိမ့်မယ်။ ပြီးရင်တော့ OK Key ကို နှိပ်လိုက်တဲ့အခါမှာတော့ ဒုတိယ Outline dialog box တစ်ခုပေါ်ထွက်လာတာ တွေ့ရလိမ့်မယ်။ အဲဒီ box ထဲမှာ Color, Width, Corners, Line Caps, Arrows head, Line Style, Colligraphy, Streten, Angle, Nib Shape စတဲ့ Outline နဲ့ ပတ်သက်တာတွေ ပါတယ်။ အဲဒီတစ်ခုစီထဲက မိမိကြိုက်နှစ်သက်ရာများကို ရွေးချယ်ပြီးရင်တော့ default key ကို နှိပ်လိုက်ပါ။ ပြီးရင်တော့ OK Key ကို နှိပ်လိုက်ပါ။ ဒါဆိုရင် မိမိတို့ ကြိုက်နှစ်သက်တဲ့ setting ကို ချလိုက်တဲ့သဘောပဲ။ setting ကို ချလိုက်တဲ့သဘောပဲ။ setting ချ ရွေးချယ်ပုံတွေကို လေ့ကျင့်ခန်းများလုပ်တဲ့အခါမှာ ပြောပြသွားတာပေါ့။ Short Cut Key အနေနဲ့ကတော့ F12 ကို နှိပ်ပြီး ရွေးချယ်ပါ။

Pen Roll-up
ဒီ icon ပေါ်ကို Click (Left mouse button) လုပ်လိုက်တဲ့အခါ မိမိတို့ရဲ့ Screen ပေါ်ကို Roll-up window လေးတစ်ခု တက်လာမှာဖြစ်တယ်။ ဒီ window လေးရောက်လာပြီဆိုရင်တော့ Object တွေရဲ့ Outline attributes (Line, thickness, Style, Color, and arrowheads) တွေကို လျင်လျင်မြန်မြန် ရွေးချယ်အသုံးပြုနိုင်တာပေါ့။ window ထဲမှာပါတဲ့ item တွေကို ရွေးချယ်ပြီးရင်တော့ Apply button ကို click လုပ်ပေးရတယ်။ အဲဒီအထဲက iten တွေကိုတော့ လေ့ကျင့်ခန်းပုံတွေ ဆွဲတဲ့အခါမှာ ရွေးချယ်ရှင်းလင်းပြောပြသွားမယ်။ တခြား button တွေဖြစ်တဲ့ update from Edit တွေကိုတော့ လိုအပ်တဲ့အခါတွေမှာ click လုပ်ပြီး သုံးနိုင်တယ်။ (Object တွေကို အရင်ဦးဆုံး Select လုပ်ဖို့တော့ မမေ့စေနဲ့)

None
ရွေးချယ်ထားတဲ့ object တွေမှာ outlines တွေ မရှိစေချင်ဘူး။ ဖျောက်ဖျက်ထားချင်ရင်တော့ ဒီ icon ပေါ်မှာ click သာ လုပ်လိုက်ပါ။ နောက်တစ်နည်းကတော့ Screen ရဲ့ အောက်ခြေမှာ ဖော်ပြထားတဲ့ Color Palette ကို တွေ့ပါလိမ့်မယ်။ Color Palette ကို တွေ့ပါလိမ့်မယ်။ Color palette ရဲ့ ဘယ်ဘက်ထောင့်စွန်မှာရှိတဲ့ Cross အမှတ်အသားပါတဲ့ Icon ကို right mouse button နဲ့ click တစ်ချက်လုပ်ရင်လည်း Outline Color ကို ဖယ်ရှားပေးမှာ ဖြစ်တယ်။

Line Widths
ဒီ icon အများစုလေးတွေကတော့ line widths တွေဖြစ်တယ်။ သူတို့ရဲ့ Points တွေကတော့ 1/4 (hair line) 2,8,16 နဲ့ 24 တို့ပဲ ဖြစ်တယ်။ မိမိတို့ရဲ့ Object နဲ့ သင့်လျော်မယ်ဆိုရင် တိုက်ရိုက်ရွေးချယ် အသုံးပြုနိုင်တယ်။ ဒီ icon မှာပါတဲ့ point တွေနဲ့ မသင့်လျော်ဘူးဆိုရင်တော့ Pen Roll-up မှာပါတဲ့ Point တွေကို မိမိတို့ကြိုက်နှစ်သစ်သလို အသုံးပြုနိုင်တယ်။ အားလုံးတူတူပဲ ဖြစ်တယ်။

Custom Outline Color
ဒီ icon ဟာလည်း Custom Outline ကဲ့သို့ Object ကို ရွေးချယ်မခံဘူးဆိုရင် ဒီ icon ပေါ် ကလစ်လုပ်လိုက်တဲ့အခါမှာ Outline color dialog box (သို့) Outline Color for new object dialog box ထွက်ကျလာတာ တွေ့ရမယ်။ ဒီ ပထမ dialog box မှာပါတဲ့ Graphic, Artistic Text နဲ့ paragraph Text ကို ရွေးချယ်လိုက်ပါ။ (Cross အမှတ်အသားနဲ့ ဖော်ပြမှာဖြစ်ပါတယ်။) ပြီးရင်တော့ OK Key ကို နှိပ်ပါ။ ဒုတိယ dialog box တစ်ခု ထက်မံထွက်ကျလာလိမ့်မယ်။ အဲဒီမှာ Color Model တွေကို တွေ့ရလိမ့်မယ်။ မိမိကြိုက်နှစ်သက်တဲ့ Model တွေကို ပြောင်းလိုက်တဲ့အခါ အောက်က Color တွေဟာလည်း အမျိုးမျိုးလိုက်ပြောင်းသွားတာ တွေ့ရမယ်။ color မြင်ကွင်းက Square လေးတွေကို ရွှေ့ပေးပြီး မိမိတို့ လိုချင်တဲ့အရောင်ကို စပ်လို့ရတယ်။ ပါဝင်တဲ့အရောင်တွေကိုလည်း ဘေးမှာ ဖော်ပြနေလိမ့်မယ်။ အဲဒါတွေမှ မကြိုက်သေးဘူးဆိုရင်တော့ Custom Palette ကို ထပ်မံအသုံးပြုလို့ရသေးတယ်။ မိမိရဲ့ Color Name လည်း ပေးလို့ရတယ်။ ပြီးရင်တော့ ထုံးစံအတိုင်း OK Key ကို နှိပ်လိုက်ရမှာပဲ။ Short Cut Key အနေနဲ့ကတော့ Shift+F12 ကို နှိပ်ကြည့်လိုက်ပါ။
Black, White, Gray White, black နဲ့ five shades of gray တွေကို နှစ်သက်သလို ရွေးချယ်အသုံးပြုနိုင်တယ်။ Gray Scale ရဲ့ PerSantage တွေကတော့ (10,30,50,70 နဲ့ 90) တွေပဲ ဖြစ်တယ်။ ဖော်ပြထားတဲ့ gray Color တွေကို မကြိုက်ဘူးဆိုရင်တော့ အပေါ်မှာ ဖော်ပြခဲ့တဲ့ Custom Outline Color မှာ ရွေးချယ်အသုံးပြုနိုင်ပါတယ်။

1 comment:

zox.netmaze said...

ကောင်းတယ် အစ်မရေ။ ဆက်ရေး။ ကျွန်တော်တို့ ပညာရတာပေါ့။ အားပေးနေတယ်။