5/24/2010

မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာဈေးတွင် မီးလောင်မှု ဖြစ်ပွားနေ

ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့် မြို့နယ်အတွင်းရှိ မင်္ဂလာဈေးတွင် ယနေ့နံနက် ၈ နာရီဝန်းကျင်ခန့်မှစ၍ မီးလောင်ကျွမ်းမှု ဖြစ်ပွားနေ ကြောင်း သိရှိရပါသည်။ မင်္ဂလာဈေး၏ စတုတ္ထထပ်တွင် မီးလောင်မှု ဖြစ်ပွားနေခြင်း ဖြစ်ကြောင်းနှင့် မင်္ဂလာဈေး၏ ဈေးဖွင့်ချိန်မှာ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဖြစ်ကြောင်း သိရသည်။ အဆိုပါဈေးသည် မြို့တော်စည်ပင်သာယာရေး ကော်မတီပိုင် ဈေးဖြစ်ကြောင်း သိရသည်။ အဆိုပါမီးလောင်မှုကြောင့် ရန်ကုန်တိုင်းအတွင်းရှိ သက်ဆိုင်ရာ မီးသတ်ဌာနအသီးသီးမှ မီးသတ်ယာဉ်များ အပါအ၀င် မီးငြိမ်းသတ်မှုကို ယခုအထိ နံနက် ၉ နာရီ ၄၅ မိနစ် မီးငြိမ်းသတ်မှု ပြုလုပ်နေဆဲဖြစ်ကြောင်း သိရသည်။ ယခုအချိန်ထိ မီးခိုးလုံးများ မိုးကောင်းကင်တွင် အုံမှိုင်းနေသည်။

No comments: