5/17/2010

ရေငတ်နေတဲ့ သူတွေကို ရေတိုက်ကြရအောင်

ဒီနှစ်ပိုင်းတွေမှာ အပူချိန်က အရင်နှစ်တွေထက်အများကြီး ပိုလာတာကို သူငယ်ချင်းတို့လဲ သတိထားမိမယ်ထင်တယ်၊ ဟုတ်ပါတယ် တော်တော်သိသိသာသာ အပူချိန်ပိုလာလို့ ကျွန်တော်တို့ ရန်ကုန်မြို့ပေါ်မှာတောင် ရေအခက်အခဲ တွေ့နေရပါတယ် ဟိုတလောက အလုပ်ကိစ္စတစ်ခုနဲ့ ရောက်ခဲ့တဲ့ သခွပ်ကုန်းကျေးရွာမှာ ဆိုရင် တစ်ရွာလုံး အားထားပြီ်း သုံးနေရတဲ့ ချောင်း နဲ့ ရေကန် က နွေရာသီဆို ရေခမ်းတတ်ပေမယ့် အခုတော့ ရေကန်က ခမ်းခြောက်ပြီး ချောင်းက ခြေသလုံးကျော်ကျော်လောက်ပဲ ရေကျန်တော့ပါတယ်။ အရင်ကရှိတဲ့ ရေတွင်းကလည်း ရေသိပ်မထွက်တော့ အိမ်ခြေ ၁၀၀ ကျော်လောက်ရှိတဲ့ ကျေးရွာလေးက လူတွေအခက်အခဲ ကြုံရပါတယ်။ ကျွန်တော် ရောက်ခဲ့တဲ့ အချိန်ကတောင် သောက်သုံးရေ
အခက်အခဲကြောင့် ကော်ဖီရောင် ပေါက်နေတဲ့ ရေကို တစ်ရက်လောက် အကြည်ခံပြီး ကျိုချက်ပြီး သောက်တာတောင် အနံ နဲ့ အရသာ ရှိနေလို့ လက်ဖက်ခြောက်ခပ်ပြီးမှ
သောက်လို့ ရပါတယ်။ သူတို့ အတွက် တတ်နိုင်တဲ့ဘက်ကနေပြီး ရေအခက်အခဲ ကိုကူညီဖို့ သတင်းအချက်အလက်စုဆောင်းခဲ့ပါတယ် ရေတုံကင်တူးပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်၊ အခုစာကို ဖတ်ရတဲ့ ကျွန်တော့် သူငယ်ချင်းတွေလဲ ရေအခက်အခဲဖြစ်နေတဲ့ သူတွေကို ကူညီဖို့ ကိုယ်တတ်နိုင်တဲ့ ငွေအားနဲ့ပဲ ဖြစ်ဖြစ် Technical Support ပဲဖြစ်ဖြစ် ပူးပေါင်းပါဝင်ကူညီနိုင်ဖို့ ဓါတ်ပုံနဲ့ တကွ ဖော်ပြပေးထားပါတယ်။ တစ်ယောက်အားနဲ့ မနိုင်ပေမယ့် စုပေါင်းအားနဲ့ ကူညီကြစို့ သူငယ်ချင်းတို့

စိတ်ဝင်စားရင် Gmail နဲ့ပဲဖြစ်ဖြစ် (wunnatun11691@gmail.com) (wunnatun6691@gmail.com)

09 51 32379 ကိုပဲဖြစ်ဖြစ် ဆက်ပြီး ပူးပေါင်းပါဝင်နိုင်ပါတယ်

မော်လမြိုင်ကျွန်း သခွပ်ကုန်း၇ွာ



ရွာလမ်းမ ရွာချောင်း


ွှအများသုံး ရေကန် ရေခမ်းသွားတဲ့ ရေကန်

အိမ်ထောင်စု(Household) - +100
လူဦးရေ (population) - + 700

ရေရဲ့ အရောင် အနံ့ နဲ့ အရသာကြောင့် ကျွန်တော်ရောက်ခဲ့တဲ့ နှစ်ရက်အတွင်း ရေသောက်ဖို့ တော်တော်ကြိုးစားရပါတယ်။
ရေချိုးဖို့ဆိုတာတော့ စဉ်းတောင် မစားတဲ့ ကိစ္စပါ။ အဲဒီရေတောင် မကြာခင် ကုန်တော့မယ်

2 comments:

moestar said...

အေးဗျာ
ဒီနှစ်မှာတော့ အပူချိန်ပြင်းတဲ့နေ့တွေက ဆက်တိုက်များသွားတော့ ဒီလိုဒုက္ခမျိုးတွေ နေရာတော်တော်များများမှာ ကြုံရတယ်။ ခုအချိန်မှာတော့ လိုင်လာရဲ့ကျေးဇူးကြောင့် အဆင်ပြေကုန်ကျပြီထင်ပါတယ်။ တကယ်လို့ ခုလိုအပူချိန်သာ တလလောက်ဆက်ဖြစ်နေမယ်ဆိုရင် မတွေးရဲစရာခင်ဗျ။ နောက်နှစ်ဒီလိုအဖြစ်မျိုး ဆက်လက်ဖြစ်နိုင်မယ်မဖြစ်နိုင်ဘူးဆိုတာ မပြောနိုင်ပေမယ့် သေချာတာက ဖြစ်ခဲ့ရင် ဘာတွေလုပ်မလဲ ဘယ်လိုလုပ်မလဲဆိုတဲ့ ကြိုတင်ကာကွယ်ရေး စနစ်တွေ ခုကတည်းကစထားသင့်ပြီ။ ဒေသအသီးသီးက လူတွေ ခုအဖြစ်ကို သင်ခန်းစာယူသင့်ပြီ။ ဆက်ဖြစ်လို့ ဆက်ခံရရင် ရာသီဥတုကို အပြစ်မတင်သင့်တော့ဘူး။ ကိုယ်ညံ့တာဖြစ်သွားပြီ။
နောက်ဆုံးရည်ရွယ်ချက်က အဆင်သင့်ပြင်ထားပါ ဆိုတာပါပဲ။

moestar said...

အေးဗျာ ဒီလိုအဖြစ်အပျက်တွေကတော့ ဒီနှစ်မှာနေရာအနှံ့ဖြစ်သွားခဲ့တာပဲ။
ခုချိန်မှာတော့ လိုင်လာရဲ့ကျေးဇူးကြောင့် အားလုံးအဆင်ပြေကုန်လောက်ပါပြီ။
ဒါပေမယ့် ဒီလိုအပူချိန်နဲ့ နောက်ထပ်တလလောက်များ ဆက်ပြီးသွားနေခဲ့မယ်ဆိုရင်တော့ မတွေးရဲစရာပါ။
အဲဒီတော့ ဒီနှစ်နွေရာသီကတော့ သင်ခန်းစာပေးသွားပါပြီ။
နောက်နှစ်တွေမှာ ဒီလိုဆက်ဖြစ်မယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ။
ကြိုတင်ကာကွယ်မှုတွေစတင်သင့်ပြီ။ လူတွေရဲ့စိတ်တွေလည်း ရာသီဥတုအကြောင်း သဘ၀ကပေးသွားတဲ့ သင်ခန်းစာတွေအရ တော်တော်သိသွားကြကုန်ပြီထင်ပါတယ်။
တယောက်အားဖြင့်ယူသော်မရ တစ်သောင်းအားဖြင့်ယူသော်ရ ဆိုသလို တစ်ပိုင်တနိုင် လေး စတင်ပြီး ကြိုတင်ကာကွယ်မှုတွေကို စတင်လုပ်ထားရင် အဆင်ပြေမယ်ထင်ပါတယ်။ နောက်နှစ်တွေကို ရင်ဆိုင်ဖို့ပြင်ထားရအောင် ။ ဒီပုံတွေကိုကြည့်ပြီး ဘာတွေလုပ်သင့်လဲဆိုတာကတော့
1. သောက်ရေကန်တွေ ကို ဒီထက်ပိုနက်အောင် တူးထားသင့်ပြီ
2. နောက်နေတဲ့ရေတွေကို သောက်သုံးလို့ရတဲ့အဆင့်ထိ ပြုလုပ်နိုင်တဲ့နည်းတွေကို ဒေသအလိုက် စမ်းသပ်ထားသင့်ပြီ
3.ရေချိုထွက်နိုင်တဲ့အရေးပေါ် အ၀ီစိတွင်းတွေ တူးထားသင့်ပြီ

လောလောဆယ်တော့ ဒီအကြံတွေလောက်ပဲထွက်သေးတယ်ဗျ။