5/28/2010

Graphic Designer တစ်ယောက်ရဲ့ လိုအပ်ချက်များ

ခုနောက်ပိုင်း ၂၀၀၉ ကုန်ပြီး ၂၀၁၀ ကို ချဉ်းနင်းဝင်ရောက်ခဲ့ပြီးသကာလ လူအတော်များများ Computer အသုံးပြုမှု တိုးတက်များပြားလာတာကို တွေ့ရှိရပါတယ်။ ဒီလိုပဲ အိုင်တီနည်းပညာကလည်း အရှိန်အဟုန်ပြင်းစွာ တိုးတက်လာတာ စာဖတ်သူလည်း သိပြီးဖြစ်မှာပါ။ ဒီလို ကွန်ပျူတာ ပညာရပ်က အချိန်ကုန် သက်သာပြီး အလုပ်လည်း တွင်ကျယ်တဲ့အတွက် လူငယ်များဟာ ဒီဘက်ကို တစ်စိုက်မတ်မတ် လုပ်လာကြတာကို တွေ့မြင်ရပါတယ်။ ပုံစံမျိုးစုံ၊ အိုင်တီနည်းပညာရပ်များ ခေတ်စားနေတဲ့အချိန်မှာ ရှင်ကော ဂရပ်ဖစ်ဒီဇိုင်းနာတစ်ယောက် ဖြစ်ချင်လာတယ်ဆိုပါစို့။ ဘာတွေ သင်ယူရမလဲ ဘာတွေလုပ်ရမလဲ အချိန်ဘယ်လောက်ကုန်မလဲ မသိချင်ဘူးလား။ အရာရာ အားလုံးပြင်ဆင်လိုက်ရင် တစ်ချိန်မှာ ပရော်ဖက်ရှင်နယ်တစ်ယောက် ကောင်းကောင်းဖြစ်လာနိုင်မှာ အမှန်ပါပဲ။
အရင်ဆုံး သင် သိထားဖို့က Graphic Design Software ကို အရင်ဆုံး တတ်မြောက်ကျွမ်းကျင်စွာ လေ့လာရပါမယ်။ အများအားဖြင့် Adobe Photoshop CS4 (လက်ရှိ), Illustrator, Pagemaker, Indesign, Corel Draw စတဲ့ အဓိကကျတဲ့ Software တွေနဲ့ ဆက်စပ်ပြီး သုံးတဲ့ Application တွေလည်း ရှိပါသေးတယ်။ တစ်ခုခုကို ပိုင်နိုင်ကျွမ်းကျင်အောင် တတ်မြောက်ထားမယ်ဆိုရင် အသုံးပြုလွယ်ကူမှာပါ။ နောက်ပြီး Software တွေထဲက Tools တွေကို ပိုင်နိုင်ရပါမယ်။ ကိုယ်လုပ်နိုင်မယ့် ပုံစံဒီဇိုင်းတွေ ဖန်တီးတာတွေ ဒီဇိုင်းလေးတွေကို တစ်ပုံစံတည်းဖြစ်အောင် လုပ်ပြီး တူအောင် ဆွဲကြည့်တာတို့လုပ်တာဟာလည်း ကိုယ့်ရဲ့ Software ကျွမ်းကျင်မှု၊ ပိုင်နိုင်မှုကို တိုးတက်စေပါတယ်။ ခုနောက်ပိုင်း အသင့် လေ့ကျင့်ဖို့ လေ့ကျင့်ခန်းတွေလည်း ဂျာနယ်တွေ မဂ္ဂဇင်းတွေမှာလည်း အတော် များပြားစွာ ထည့်လာတာကို တွေ့ရတဲ့အတွက် အလွန်ဝမ်းမြောက်ဖို့ ကောင်းလှပါတယ်။ နောက်တစ်ချက်က ဂရပ်ဖစ်ဒီဇိုင်းနဲ့ပတ်သက်တဲ့ စာအုပ်တွေ လိုအပ်ချက်တွေ စည်းမျဉ်းဥပဒေသနဲ့ ဆက်စပ်တဲ့စာအုပ်တွေ ရှာဖတ်နိုင်ပါတယ်။ စာအုပ်များများဖတ်နိုင်ရင် လိုချင်တဲ့ပုံစံကို မျက်စိမှာ တန်းမြင်ရုံနဲ့ ဂရပ်ဖစ်ဒီဇိုင်းသမားကောင်းတစ်ယောက် ဖြစ်လာမှာပါ။ ဒီဇိုင်းသမားတစ်ယောက်ဟာ ပညာတတ်ရုံနဲ့မကပဲ အမြင်အာရုံ ထက်သန်ဖို့လည်း အရမ်းလိုအပ်ပါတယ်။ ဘယ်အရောင်လည်းနဲ့ ဘယ်လိုလုပ်ရင် ဘာဖြစ်လာနိုင်မယ်ဆိုတဲ့ စိတ်ကူးစိတ်သန်းတွေ ရှိနေဖို့ကို ဆိုလိုတာပါ။
နောက်ပြီး သူများ ဆွဲထားတဲ့အရာတွေကိုလည်း ဝေဖန်ပိုင်းခြားနိုင်ဖို့ စုဆောင်းထားရပါမယ်။ ဒီဇိုင်းသမားတစ်ယောက် အထွေထွေဗဟုသုတတွေနဲ့လည်း ပြည့်စုံနိုင်ဖို့ လိုအပ်နေပါသေးတယ်။ ခံစားမှုနဲ့လည်း ဒီဇိုင်းကောင်း ဖြစ်လာနိုင်အောင် ကြိုးစားနိုင်တဲ့သူ ဖြစ်ရမယ်။

5/27/2010

မိမိ၏ ကီးဘုတ် shortcuts များကို customize လုပ်ခြင်း

မိမိ၏ကီးဘုတ် shortcuts များကို customize လုပ်ရန် အတွက် Tools မှတစ်ဆင့် Customize သို့ သွားပြီး Command tab ကို နှိပ်ကာ Keyboard ခလုတ်ကို click လုပ်ပေး လိုက်ရသည်။ Customize keyboard dialog box ထဲရှိ drop-down list အတွင်းက "Save Change in" တွင် ဆီလျော်သည့် template သို့မဟုတ် document ကို အသေအချာ ရွေးချယ်ပေးရ သည်။ ဥပမာအားဖြင့် မိမိက Normal template နှင့် document အားလုံးအပေါ် အခြေပြုထားစေလိုပါက Normal.dot ကို ရွေးချယ်ပေးရသည်။
Keyboard shortcut တစ်ခုကို ထည့်ရန်အတွက် Category Listbox အတွင်းက ဆီလျော်သည့် category (ဥပမာ File ) ကို click လုပ်ပြီး Command List အတွင်းမှ Command ကို ရွေးချယ်ရသည်။ "Press new keyboard shortcut" box အတွင်း click လုပ်ကာ မိမိအသုံးလိုသည့် shortcut ကို နှိပ်ပေးရသည်။ အကယ်၍ မိမိ assigned လုပ်ထားပြီးဖြစ်သော command ကို မြင်တွေ့လိုသည့်အခါ '' Current assigned to'' ကို check လုပ်ပေးရသည်။ အကယ်၍များ overwrite လုပ်ရန်ဖြစ်စေ၊ တခြား shortcut ကို လုပ်ယူရန် လိုအပ်လျှင်ဖြစ်စေ ဆုံးဖြတ်ခဲ့ပါက shortcut အသစ်တစ်ခုအနေဖြင့် assign လုပ်ရန်အတွက် Assign ခလုတ်ကို click လုပ်ပေးရသည်။
ကီးဘုတ် shortcut တစ်ခုကို ဖယ်ထုတ်ပစ်ရန်အတွက်မူ category ကို click လုပ်ပြီး command ကို ရွေးရသည်။ "Current keys" ဆိုသည့် list အတွင်းမှ မိမိဖယ်ထုတ်လိုသည့် shortcut ကို ရွေးကာ Remove ခလုတ်ကို နှိပ်ပေးလိုက်ရုံသာ ရှိသည်။
Shortcuts များ customizing လုပ်ငန်းပြီးမြောက်သွားသောအခါ Customize keyboard dialog box ကို ပိတ်ယူပြီး တစ်ဖန် Customize dialog box ကိုလည်း ထပ်မံ ပိတ်ယူရသည်။ File menu ကို shift နဲ့ တွဲနှိပ်ပြီး "Save All" ကို ရွေးပေးရသည်။ ထိုသို့လုပ်ပေးရန်အတွက် Word မှလည်း prompts လုပ်ကာ မိမိ၏ document သို့မဟုတ် template ကို ပြောင်းလဲ save လုပ်ရန် တောင်းဆိုလာမည် ဖြစ်သည်။

5/24/2010

မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာဈေးတွင် မီးလောင်မှု ဖြစ်ပွားနေ

ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့် မြို့နယ်အတွင်းရှိ မင်္ဂလာဈေးတွင် ယနေ့နံနက် ၈ နာရီဝန်းကျင်ခန့်မှစ၍ မီးလောင်ကျွမ်းမှု ဖြစ်ပွားနေ ကြောင်း သိရှိရပါသည်။ မင်္ဂလာဈေး၏ စတုတ္ထထပ်တွင် မီးလောင်မှု ဖြစ်ပွားနေခြင်း ဖြစ်ကြောင်းနှင့် မင်္ဂလာဈေး၏ ဈေးဖွင့်ချိန်မှာ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဖြစ်ကြောင်း သိရသည်။ အဆိုပါဈေးသည် မြို့တော်စည်ပင်သာယာရေး ကော်မတီပိုင် ဈေးဖြစ်ကြောင်း သိရသည်။ အဆိုပါမီးလောင်မှုကြောင့် ရန်ကုန်တိုင်းအတွင်းရှိ သက်ဆိုင်ရာ မီးသတ်ဌာနအသီးသီးမှ မီးသတ်ယာဉ်များ အပါအ၀င် မီးငြိမ်းသတ်မှုကို ယခုအထိ နံနက် ၉ နာရီ ၄၅ မိနစ် မီးငြိမ်းသတ်မှု ပြုလုပ်နေဆဲဖြစ်ကြောင်း သိရသည်။ ယခုအချိန်ထိ မီးခိုးလုံးများ မိုးကောင်းကင်တွင် အုံမှိုင်းနေသည်။

မင်္ဂလာဈေးမီးလောင်

ဒီနေ့ မနက် ၉ နာရီဝန်းကျင်တွင် မင်္ဂလာဈေးတွင် ၀ါယာမှ ရှော့ဖြစ်ပြီး မီးလောင်သည်ဟု သတင်းကြားရသည်။

5/19/2010

Tool များအကြောင်း

Retangle tool
Square, Rectangle ပုံများကို ရေးဆွဲတဲ့အခါမှာ အသုံးပြုတယ်။ Short Cut Key အနေနဲ့ Function Key F6 ကို နှိပ်လိုက်တဲ့အခါမှာ ရွေးချယ်ပြီးသား ဖြစ်သွားတာကို တွေ့ရမယ်။ Retangle tool ကို ရွေးချယ်လိုက်တဲ့အခါမှာ Cursor position ဟာ Cross hairs သို့ ပြောင်းလဲသွားလိမ့်မယ်။ အဲဒါဆိုရင် အလိုရှိတဲ့ Rectangle များကို ရေးဆွဲနိုင်ပြီပေါ့။ Rectangle ကို ဆွဲနည်း နှစ်မျိုးရှိတယ်။
(၁) Corner point ဆွဲနည်းနဲ့
(၂) Center Point ဆွဲနည်းတွေပဲ ဖြစ်တယ်။
Corner Point ဆွဲနည်းမှာ Cross hairs ပေါ်လာပြီး မိမိတို့ အလိုရှိတဲ့နေရာမှာ Click တစ်ချက် (Left mouse button) လုပ်လိုက်ပါ။ ပြီးရင် mouse button ကို မလွှတ်ဘဲ diagonal အတိုင်း drag လုပ်ချလိုက်ပါ။ Corner point Rectangle တစ်ခု ရရှိလာပါလိမ့်မယ်။ center point ဆွဲနည်းမှာ Shift Key ကို ဖိပြီး မိမိတို့အလိုရှိတဲ့နေရာမှာ Click လုပ်ပါ။ ပြီးရင် mouse button ကို မလွှတ်ပဲ Center Point (မိမိတို့ ကလစ်လုပ်တဲ့နေရာ)မှ ဝေးရာဘက်သို့ drag လုပ်ချလိုက်ပါ။ Center Point နဲ့ ရေးဆွဲတဲ့ Retangle တစ်ခုရရှိလာပါလိမ့်မယ်။ Square တစ်ခုကို အတိအကျ ရေးဆွဲလိုချင်ရင်တော့ Ctrl Key ကို ဖိပြီး အထက်က ဖော်ပြပါနည်းအတိုင်း ရေးဆွဲလိုက်ပါက တိကျမှန်ကန်တဲ့ Square တစ်ခုရရှိလာပါလိမ့်မယ်။

Ellipse tool
Ellipse နဲ့ Circle များကို ရေးဆွဲနိုင်တယ်။ Short Cut Key ကတော့ Function Key (F7) ကို နှိပ်လိုက်တဲ့အခါမှာ ရွေးချယ်ပြီးသား ဖြစ်သွားလိမ့်မယ်။ Cursor position ဟာလည်း Rectangle tool ကဲ့သို့ Cross hairs ပေါ်လာပြီး မိမိအလိုရှိရာ နေရာမှာ click လုပ်ပြီး (Left mouse button) drag လုပ်ချလိုက်ပါ။ corner Point Ellipse တစ်ခု ရလာပါလိမ့်မယ်။ ဒုတိယနည်း Center point ဆွဲနည်းမှာ Shift Key ကိုဖိရင် Rectangle tool မှာကဲ့သို့ ရေးဆွဲနိုင်တယ်။ မိမိကြိုက်နှစ်သက်တဲ့ အချင်းရှိတဲ့ Circle များကိုလည်း Ctrl Key သုံးပြီး ရေးဆွဲနိုင်ပါသေးတယ်။


Text Tool
Text tool ပေါ်မှာ mouse နဲ့ click လုပ်ပြီး ကိုင်ဆွဲချလိုက်တဲ့အခါမှ Text flyout menu ထွက်ကျလာလိမ့်မယ်။ အဲဒီ Text tool ထဲမှာ two icon ပါတာကို တွေ့ရမယ်။ Corel DRAW version 5.0 မှာ ပါလာတာ ဖြစ်ပါတယ်။ ဗားရှင်း ၄ မှာဆို three icon ပါတယ်။ version 5.0 မှာတော့ (1) Artistic text နဲ့ (2) Paragraph text တို့ပဲ ဖြစ်တယ်။ version 4.0 မှာကတော့ တစ်ခုပိုလာတယ်။ အဲဒါဟာ symbols roll-up ပဲ ဖြစ်တယ်။
Artistic Text
အင်္ဂလိပ်အက္ခရာ A ပုံစံနဲ့ဖော်ပြထားတဲ့ icon ကလေးပဲ ဖြစ်တယ်။ Artistic text ကတော့ Corel DRAW မှာ ပန်းချီစာလုံးဒီဇိုင်းတွေကို ဖန်တီးလို့ရတယ်။ Special effects တွေကို သုံးပြီးတော့ပေါ့။ စိတ်ကူးရှိမယ်ဆိုရင် ရှိသလောက် ဖန်တီးနိုင်တယ်။ Artistic text မှာ ရိုက်ထည့်နိုင်တဲ့ string limited ကတော့ 250 characters ပဲ ဖြစ်တယ်။ Artistic text တစ်ခုစီကို ဆိုလိုတာဖြစ်တယ်။ Short Cut Key အနေနဲ့ကတော့ Function Key F8 ကို နှိပ်လိုက်တဲ့အခါ Text tool (Artistic text) ကို ရွေးချယ်ထားတာကို တွေ့ရလိမ့်မယ်။

Paragraph Text
Paragraph Text ကတော့ စာရွက်ပုံစံလေးနဲ့ ဖော်ပြထားတာဖြစ်တယ်။ စာပိုဒ်တွေကို တစုတစည်းတည်း ဒီဇိုင်းအမျိုးမျိုးပြောင်းတဲ့အခါမှာ လွယ်ကူစေတယ်။ Paragraph Text ကို ရွေးချယ်လိုက်မယ်ဆိုရင်တော့ စာရွက်ပေါ်မှာ text block (rectangular frame ပေါ်လာတာကို တွေ့ရမယ်။ အဲဒီ frame ထဲမှာ စာတွေရိုက်ပြီး Format အမျိုးမျိုး လုပ်နိုင်တယ်။ အဲဒီ frame ထဲမှာ Characters 9000 ထိ ရိုက်ထည့်ထားနိုင်တယ်။ Paragraph တစ်ခုအတွက် ဆိုလိုတာ ဖြစ်တယ်။) Short Cut Key အနေနဲ့ကတော့ Shift+F8 ကို နှိပ်ကြည့်လိုက်ပါ။ Paragraph Text icon ကို ရွေးချယ်ထားတာ တွေ့ရလိမ့်မယ်။
Symbol roll -up ကတော့ အသင့်ဆွဲထားတဲ့ပုံတွေကို အကြောင်းအရာလိုက်ပြီး စုထည့်ထားတာဖြစ်လို့ အသုံးလည်းဝင်တယ်။ အလွယ်တကူလည်း ခေါ်သုံးလို့ရပါတယ်။ Symbol roll-up ထဲမှာပါတဲ့ မိမိတို့ နှစ်သက်တဲ့ပုံပေါ်မှာ Click (left mouse button) လုပ်ပြီး မိမိရေးဆွဲနေတဲ့ စာရွက်ပေါ်ကို mouse button ကို မလွှတ်ဘဲ drag လုပ်ချလိုက်ပါ။ မိမိအလိုရှိတဲ့ပုံ page ပေါ်ကို ခေါ်တင်ပြီးပြီဆိုရင် မိမိတို့ ကြိုက်နှစ်သက်သလို ပြင်နိုင်တာပေါ့။

Outline tool
မိမိတို့ ရေးဆွဲလိုက်တဲ့ Object ရဲ့ Outline တွေ thicknesses, Colour တွေကို ပြောင်းလို့ရတယ်။ On-Screen Palette သို့မဟုတ် Pen roll-up window တွေကလည်း Outline တွေကို ရွေးချယ်အသုံးပြုနိုင်တယ်။ Status line မှာလည်း မိမိတို့ ရွေးချယ်ထားတဲ့ object ရဲ့ outline thickness နဲ့ Color ကို ဖော်ပြနေတာကို တွေ့ရမယ်။ ဒါဆိုရင် Outline tool မှာ ပါတဲ့ တခြား icon ပုံကလေးတွေက ဘာတွေလုပ်ပေးနိုင်တယ်ဆိုတာကို ကြည့်ရအောင်။ (မှတ်ရန် - on-screen palette မှသုံးရင် Right mouse button ကို သုံးပါ။)


Custom Outline
မိမိတို့ ရေးဆွဲလိုက်တဲ့ Object တွေကို select မလုပ်ဘဲနဲ့ ဒီ icon ကို ရွေးလိုက်မယ်ဆိုရင်တော့ Outline Pen dialog box (သို့) Outline pen for new object dialog box တွေကို ဖော်ပြတာ တွေ့ရမယ်။ ဆိုလိုတာက အခုလုပ်မယ့် object တွေအတွက် အမြဲသုံးမယ့် Outline style တွေကို default လုပ်ခိုင်းတာ ဖြစ်တယ်။ ပထမဦးဆုံး ပေါ်ထွက်လာတဲ့ outline dialog box မှာ ပါတဲ့ Graphic, Artistic Text နဲ့ paragraph text တွေကို mouse ဖြင့် click လုပ်ပြီး ရွေးချယ်လိုက်ပါ။ Cross အမှတ်အသားများနဲ့ ရွေးချယ်ပြီးသွားတာ တွေ့ရလိမ့်မယ်။ ပြီးရင်တော့ OK Key ကို နှိပ်လိုက်တဲ့အခါမှာတော့ ဒုတိယ Outline dialog box တစ်ခုပေါ်ထွက်လာတာ တွေ့ရလိမ့်မယ်။ အဲဒီ box ထဲမှာ Color, Width, Corners, Line Caps, Arrows head, Line Style, Colligraphy, Streten, Angle, Nib Shape စတဲ့ Outline နဲ့ ပတ်သက်တာတွေ ပါတယ်။ အဲဒီတစ်ခုစီထဲက မိမိကြိုက်နှစ်သက်ရာများကို ရွေးချယ်ပြီးရင်တော့ default key ကို နှိပ်လိုက်ပါ။ ပြီးရင်တော့ OK Key ကို နှိပ်လိုက်ပါ။ ဒါဆိုရင် မိမိတို့ ကြိုက်နှစ်သက်တဲ့ setting ကို ချလိုက်တဲ့သဘောပဲ။ setting ကို ချလိုက်တဲ့သဘောပဲ။ setting ချ ရွေးချယ်ပုံတွေကို လေ့ကျင့်ခန်းများလုပ်တဲ့အခါမှာ ပြောပြသွားတာပေါ့။ Short Cut Key အနေနဲ့ကတော့ F12 ကို နှိပ်ပြီး ရွေးချယ်ပါ။

Pen Roll-up
ဒီ icon ပေါ်ကို Click (Left mouse button) လုပ်လိုက်တဲ့အခါ မိမိတို့ရဲ့ Screen ပေါ်ကို Roll-up window လေးတစ်ခု တက်လာမှာဖြစ်တယ်။ ဒီ window လေးရောက်လာပြီဆိုရင်တော့ Object တွေရဲ့ Outline attributes (Line, thickness, Style, Color, and arrowheads) တွေကို လျင်လျင်မြန်မြန် ရွေးချယ်အသုံးပြုနိုင်တာပေါ့။ window ထဲမှာပါတဲ့ item တွေကို ရွေးချယ်ပြီးရင်တော့ Apply button ကို click လုပ်ပေးရတယ်။ အဲဒီအထဲက iten တွေကိုတော့ လေ့ကျင့်ခန်းပုံတွေ ဆွဲတဲ့အခါမှာ ရွေးချယ်ရှင်းလင်းပြောပြသွားမယ်။ တခြား button တွေဖြစ်တဲ့ update from Edit တွေကိုတော့ လိုအပ်တဲ့အခါတွေမှာ click လုပ်ပြီး သုံးနိုင်တယ်။ (Object တွေကို အရင်ဦးဆုံး Select လုပ်ဖို့တော့ မမေ့စေနဲ့)

None
ရွေးချယ်ထားတဲ့ object တွေမှာ outlines တွေ မရှိစေချင်ဘူး။ ဖျောက်ဖျက်ထားချင်ရင်တော့ ဒီ icon ပေါ်မှာ click သာ လုပ်လိုက်ပါ။ နောက်တစ်နည်းကတော့ Screen ရဲ့ အောက်ခြေမှာ ဖော်ပြထားတဲ့ Color Palette ကို တွေ့ပါလိမ့်မယ်။ Color Palette ကို တွေ့ပါလိမ့်မယ်။ Color palette ရဲ့ ဘယ်ဘက်ထောင့်စွန်မှာရှိတဲ့ Cross အမှတ်အသားပါတဲ့ Icon ကို right mouse button နဲ့ click တစ်ချက်လုပ်ရင်လည်း Outline Color ကို ဖယ်ရှားပေးမှာ ဖြစ်တယ်။

Line Widths
ဒီ icon အများစုလေးတွေကတော့ line widths တွေဖြစ်တယ်။ သူတို့ရဲ့ Points တွေကတော့ 1/4 (hair line) 2,8,16 နဲ့ 24 တို့ပဲ ဖြစ်တယ်။ မိမိတို့ရဲ့ Object နဲ့ သင့်လျော်မယ်ဆိုရင် တိုက်ရိုက်ရွေးချယ် အသုံးပြုနိုင်တယ်။ ဒီ icon မှာပါတဲ့ point တွေနဲ့ မသင့်လျော်ဘူးဆိုရင်တော့ Pen Roll-up မှာပါတဲ့ Point တွေကို မိမိတို့ကြိုက်နှစ်သစ်သလို အသုံးပြုနိုင်တယ်။ အားလုံးတူတူပဲ ဖြစ်တယ်။

Custom Outline Color
ဒီ icon ဟာလည်း Custom Outline ကဲ့သို့ Object ကို ရွေးချယ်မခံဘူးဆိုရင် ဒီ icon ပေါ် ကလစ်လုပ်လိုက်တဲ့အခါမှာ Outline color dialog box (သို့) Outline Color for new object dialog box ထွက်ကျလာတာ တွေ့ရမယ်။ ဒီ ပထမ dialog box မှာပါတဲ့ Graphic, Artistic Text နဲ့ paragraph Text ကို ရွေးချယ်လိုက်ပါ။ (Cross အမှတ်အသားနဲ့ ဖော်ပြမှာဖြစ်ပါတယ်။) ပြီးရင်တော့ OK Key ကို နှိပ်ပါ။ ဒုတိယ dialog box တစ်ခု ထက်မံထွက်ကျလာလိမ့်မယ်။ အဲဒီမှာ Color Model တွေကို တွေ့ရလိမ့်မယ်။ မိမိကြိုက်နှစ်သက်တဲ့ Model တွေကို ပြောင်းလိုက်တဲ့အခါ အောက်က Color တွေဟာလည်း အမျိုးမျိုးလိုက်ပြောင်းသွားတာ တွေ့ရမယ်။ color မြင်ကွင်းက Square လေးတွေကို ရွှေ့ပေးပြီး မိမိတို့ လိုချင်တဲ့အရောင်ကို စပ်လို့ရတယ်။ ပါဝင်တဲ့အရောင်တွေကိုလည်း ဘေးမှာ ဖော်ပြနေလိမ့်မယ်။ အဲဒါတွေမှ မကြိုက်သေးဘူးဆိုရင်တော့ Custom Palette ကို ထပ်မံအသုံးပြုလို့ရသေးတယ်။ မိမိရဲ့ Color Name လည်း ပေးလို့ရတယ်။ ပြီးရင်တော့ ထုံးစံအတိုင်း OK Key ကို နှိပ်လိုက်ရမှာပဲ။ Short Cut Key အနေနဲ့ကတော့ Shift+F12 ကို နှိပ်ကြည့်လိုက်ပါ။
Black, White, Gray White, black နဲ့ five shades of gray တွေကို နှစ်သက်သလို ရွေးချယ်အသုံးပြုနိုင်တယ်။ Gray Scale ရဲ့ PerSantage တွေကတော့ (10,30,50,70 နဲ့ 90) တွေပဲ ဖြစ်တယ်။ ဖော်ပြထားတဲ့ gray Color တွေကို မကြိုက်ဘူးဆိုရင်တော့ အပေါ်မှာ ဖော်ပြခဲ့တဲ့ Custom Outline Color မှာ ရွေးချယ်အသုံးပြုနိုင်ပါတယ်။

5/17/2010

ရေငတ်နေတဲ့ သူတွေကို ရေတိုက်ကြရအောင်

ဒီနှစ်ပိုင်းတွေမှာ အပူချိန်က အရင်နှစ်တွေထက်အများကြီး ပိုလာတာကို သူငယ်ချင်းတို့လဲ သတိထားမိမယ်ထင်တယ်၊ ဟုတ်ပါတယ် တော်တော်သိသိသာသာ အပူချိန်ပိုလာလို့ ကျွန်တော်တို့ ရန်ကုန်မြို့ပေါ်မှာတောင် ရေအခက်အခဲ တွေ့နေရပါတယ် ဟိုတလောက အလုပ်ကိစ္စတစ်ခုနဲ့ ရောက်ခဲ့တဲ့ သခွပ်ကုန်းကျေးရွာမှာ ဆိုရင် တစ်ရွာလုံး အားထားပြီ်း သုံးနေရတဲ့ ချောင်း နဲ့ ရေကန် က နွေရာသီဆို ရေခမ်းတတ်ပေမယ့် အခုတော့ ရေကန်က ခမ်းခြောက်ပြီး ချောင်းက ခြေသလုံးကျော်ကျော်လောက်ပဲ ရေကျန်တော့ပါတယ်။ အရင်ကရှိတဲ့ ရေတွင်းကလည်း ရေသိပ်မထွက်တော့ အိမ်ခြေ ၁၀၀ ကျော်လောက်ရှိတဲ့ ကျေးရွာလေးက လူတွေအခက်အခဲ ကြုံရပါတယ်။ ကျွန်တော် ရောက်ခဲ့တဲ့ အချိန်ကတောင် သောက်သုံးရေ
အခက်အခဲကြောင့် ကော်ဖီရောင် ပေါက်နေတဲ့ ရေကို တစ်ရက်လောက် အကြည်ခံပြီး ကျိုချက်ပြီး သောက်တာတောင် အနံ နဲ့ အရသာ ရှိနေလို့ လက်ဖက်ခြောက်ခပ်ပြီးမှ
သောက်လို့ ရပါတယ်။ သူတို့ အတွက် တတ်နိုင်တဲ့ဘက်ကနေပြီး ရေအခက်အခဲ ကိုကူညီဖို့ သတင်းအချက်အလက်စုဆောင်းခဲ့ပါတယ် ရေတုံကင်တူးပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်၊ အခုစာကို ဖတ်ရတဲ့ ကျွန်တော့် သူငယ်ချင်းတွေလဲ ရေအခက်အခဲဖြစ်နေတဲ့ သူတွေကို ကူညီဖို့ ကိုယ်တတ်နိုင်တဲ့ ငွေအားနဲ့ပဲ ဖြစ်ဖြစ် Technical Support ပဲဖြစ်ဖြစ် ပူးပေါင်းပါဝင်ကူညီနိုင်ဖို့ ဓါတ်ပုံနဲ့ တကွ ဖော်ပြပေးထားပါတယ်။ တစ်ယောက်အားနဲ့ မနိုင်ပေမယ့် စုပေါင်းအားနဲ့ ကူညီကြစို့ သူငယ်ချင်းတို့

စိတ်ဝင်စားရင် Gmail နဲ့ပဲဖြစ်ဖြစ် (wunnatun11691@gmail.com) (wunnatun6691@gmail.com)

09 51 32379 ကိုပဲဖြစ်ဖြစ် ဆက်ပြီး ပူးပေါင်းပါဝင်နိုင်ပါတယ်

မော်လမြိုင်ကျွန်း သခွပ်ကုန်း၇ွာ



ရွာလမ်းမ ရွာချောင်း


ွှအများသုံး ရေကန် ရေခမ်းသွားတဲ့ ရေကန်

အိမ်ထောင်စု(Household) - +100
လူဦးရေ (population) - + 700

ရေရဲ့ အရောင် အနံ့ နဲ့ အရသာကြောင့် ကျွန်တော်ရောက်ခဲ့တဲ့ နှစ်ရက်အတွင်း ရေသောက်ဖို့ တော်တော်ကြိုးစားရပါတယ်။
ရေချိုးဖို့ဆိုတာတော့ စဉ်းတောင် မစားတဲ့ ကိစ္စပါ။ အဲဒီရေတောင် မကြာခင် ကုန်တော့မယ်

5/11/2010

ခိုကိုးရာမဲ့ ဂီလာန မိအိုဖအိုတွေကို ဘယ်လိုများကူညီပေးနိုင်မလဲလို့ စဉ်းစားကြည့်ရအောင်

ဆည်းဆာရိပ်
ဂီလာနဘိုးဘွားများ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့

``မွေးဖွားခြင်းသည် သေခြင်းတရားဆီသို့ ဦးတည်နေသော ခရီးလမ်း၏အစ´´ ဟူသော
လူ့လောကသဘာဝတွင် အိုနာသေရေးနှင့် မလွဲမသွေရင်ဆိုင်ကြရမည်မှာ
အမှန်တရားပင်ဖြစ်ပေသည်။
ထိုရှောင်လွှဲမရသော အကြောင်းတရားများနှင့် ရင်ဆိုင်ကြရသူများတွင်
ကုသိုလ်ကံကောင်းသူများအဖိှု့၎င်းတို့၏ ဘ၀နေ၀င်ချိန်ထိ မရောက်ခင်အကြား ဘ၀ကို
ပင်ပန်းဆင်းရဲကြီးစွာ ဖြတ်ကျော်နေရရှာသည်။ အကျိုးပေးကံကောင်းသည့်
ဘိုးဘွားများအဖို့ သား သမီး မြေး များနှင့် ပျော်ရွှင်နေချိန်တွင်
ကံအကျိုးပေးနည်းလှသည့် ဘိုးဘွားများမှာ ပြုစုစောင့်ရှောက်မည့်သူများ
မရှိ၍သော်လည်းကောင်း၊ အခြေအနေအရပ်ရပ်ကြောင့်
လက်ခံစောင့်ရှောက်ထားရသော်လည်း ဘိုးဘွားများအပေါ် မနှစ်မြို့သဖြင့်
ငြူစူမှုမျိုးစုံ အောက်တွင် သိမ်ငယ်စွာ ခံစားနေထိုင်ကြရကာ
ဒုက္ခမျိုးစုံနှင့် ရင်ဆိုင်နေကြ ရပါသည်။ ထို့ကြောင့် ကြင်နာစွာ
စောင့်ရှောက်မည့်သူ ကင်းမဲ့နေသော ဘိုးဘွားများအတွက် မိသားစုသဖွယ်
နွေးထွေးစွာ စောင့်ရှောက်ပေးနိုင်သော သီးသန့်ရိပ်သာကလေး တစ်ခု
လိုအပ်လာပါသည်။
အကြောင်းအမျိုးမျိုးကြောင့် ခိုကိုးရာမဲ့ နေကြသော ဂီလာနဘိုးဘွားများအား
ကြင်နာစွာဖြင့် ၎င်းတို့အပေါ်တွင် နားလည်စာနာစိတ်၊ သည်းခံစိတ်ဖြင့်
ပြုစုယုယပေးမည့် နွေးထွေးသောမေတ္တာများဖြင့် ဖေးမကူညီနိုင်ကြစေရန် မ
တည်ငွေဖြင့် ``ဆည်းဆာရိပ်´´ ဂီလာနဘိုးဘွားများ ထိန်းသိမ်းစောင့်ရှောက်ရေး
လုပ်ငန်းကို အကောင်အထည်ဖေါ်ခဲ့ကြ ပါသည်။ ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက်
အများပြည်သူစေတနာရှင်များ၏ အကူအညီများ လိုအပ်လျက်ရှိပါသည်။ ထို့ကြောင့်
ကျွန်ုပ်တို့နှင့် အတူ ဘိုးဘွားများအား နွေးထွေးသော လက်များဖြင့်
ဖေးမကူညီကြပါရန် မေတ္တာရပ်ခံပါသည်။

အဖွဲ့အမည်။ ။ ဆည်းဆာရိပ် ဂီလာနဘိုးဘွားများ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့
တည်နေရာ။ ။ (၁) မစိုးရိမ်ကျောင်းလမ်း၊ မြို့ဟောင်းအလယ်ရပ်ကွက်၊ သန်လျင်မြို့။
(၂) အမှတ်-803/805၊ မဟော်သဓာလမ်း၊ (၁၂)ရပ်ကွက်၊ အရှေ့ဒဂုံ။
ရည်ရွယ်ချက်။ ။ အသက်အရွယ်အိုမင်း၍ ကျန်းမာရေးချို့တဲ့ကာ
ခိုကိုးရာမဲ့နေသော ဘိုးဘွားများအား မိသားစုပုံစံဖြင့် ကြင်နာယုယမှုပေးရန်။
လုပ်ငန်းအစီအစဉ်။ ။ အဖွဲ့ဝင် အလှူရှင်တစ်ဦးမှ လှူဒါန်းသော
အသင်းပိုင်မြေနေရာတွင် စေတနာရှင်များ၏ အလှူငွေများဖြင့်
အဆောက်အအုံဆောက်လုပ်၍ လုပ်ငန်းစတင်ရန်၊ ထိုမှတဖန် အလှူငွေတိုးတက်မှု
အပေါ်တွကင် အခြေခံ၍ မြေနှင့် အဆောက်အအုံတိုးချဲ့၍ ဆည်းဆာရိပ်
ဂီလာနဘိုးဘွားများ ထပ်မံလက်ခံရန်။

လက်ခံမည့်ဘိုးဘွား။ ။(၁) လူမျိုး၊ ဘာသာမရွေး ကျွေးမွေးထောက်ပံ့မည့်
သားသမီး၊ ဆွေမျိုးများမရှိသည့် ကျန်းမာရေးချို့တဲ့နေသော ဘိုးဘွားများ။
(၂) သား၊ သမီး၊ ဆွေမျိုးများရှိသော်လည်း ပြုစုစောင့်ရှောက်နိုင်သည့်
အခြေအနေမရှိသည့် ဘိုးဘွားများ။

အသက်ကန့်သတ်ချက်။ အသက်(၇၀)နှင့် အထက် ဘိုးဘွားများ (လိုအပ်ပါက ကျန်းမာရေး
နှင့် အခြားအချက်အလတ်များကို ထည့်သွင်းစဉ်းစား၍ ကန့်သတ်ချက်ကို
အမှုဆောင်အဖွဲ့မှ ညှိနှိုင်းလက်ခံပါမည်။)


ဂီလာနဘိုးဘွားများ ထိန်းသိမ်းစောင့်ရှောက်မှု။
(၁) ဂီလာနဘိုးဘွားများ၏ လက်ရှိ ကျန်းမာရေးအခြေအနေနှင့်
လှုပ်ရှားနိုင်စွမ်းကိုကြည့်၍ တစ်ဦးချင်းစီ၏ လိုအပ်ချက်များကို ဆရာဝန်၏
ညွှန်ကြားချက်အတိုင်း ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာရှင်များမှ စနစ်တကျ
ပြုစုစောင့်ရှောက်ပေးရန်။

(၂)ဘိုးဘွားများ၏ ကျန်းမာရေးကို ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့မှ အခါမလပ်
ကြည့်ရှုစောင့်ရှောက်သကဲ့သို့ အမှုဆောင်အဖွဲ့မှလည်း နေ့စဉ်အလှည့်ကျ
သွားရောက်ကြည့်ရှု၍ လိုအပ်ချက်မှန်သမျှ ဖြည့်ဆည်းပေးရန်။ (၃)
ဘိုးဘွားများအတွက် အာဟာရပြည့်ဝ၍ သန့်ရှင်းလတ်ဆတ်သော အစားအစာများကို
စီမံကျွေးမွေးခြင်း၊ အသုံးအဆောင်၊ အ၀တ် အထည်နှင့် နေရာထိုင်ခင်း
စသည်တို့အား သန့်ရှင်းသပ်ရပ်စွာ ထားရှိစေခြင်း၊ ဘိုးဘွားများ
ဘာသာဝင်အလိုက် ကိုးကွယ်ပွားများ အားထုတ်မှုကို ၄င်းတို့၏ဆန္ဒအတိုင်း ကူညီ
ဆောင်ရွက် ပေးရန်။
ဥပမာ - တရားစာအုပ်ဖတ်ပြခြင်း
- တရားခွေဖွင့်ပေးခြင်း
- ရှုမှတ်ပွားများရန်အတွက် လမ်းပြပေးခြင်း

ဝန်ထမ်းရွေးချယ်။ ။ လူမှုဝန်ထမ်းကိစ္စများကို စိတ်ပါဝင်စား၍
ဆေးပညာတတ်မြောက်သူများ၊ သက်ကြီးရွယ်အို ဘိုးဘွားများကို ချစ်မြတ်နိုး၍
စိတ်ရှည်သည်းခံနိုင်သူများ ဖြစ်ပါသည်။

ဆက်သွယ်လှူဒါန်းရန်
ဒေါ်သန်းမြင့်အောင် (စာရေးဆရာမ)
ဖုန်း - ၀၉ ၉၉ ၂၈၅၄၉၊ ၂၀၅၄၅၁

ဒေါ်သက်နွယ် (တရားရုံးချုပ်ရှေ့နေ)
ဖုန်း - ၃၈၈၁၃၂၊ ၀၉ ၅၀၄၃၉၅၉

ဒေါ်ထွေးမြင့် (တရားရုံးချုပ်ရှေ့နေ)
ဖုန်း - ၀၉ ၉၀ ၄၂၄၈၈၊ ၂၉၀၉၆၄

ဒေါ်စန်းစန်း (တရားရုံးချုပ်ရှေ့နေ)
ဖုန်း - ၀၉ ၅၀၅၉၉၈၂

ဒေါ်ရီရီမေ (တရားရုံးချုပ်ရှေ့နေ)
ဖုန်း - ၀၉ ၅၀၅၅၀၆၀

ဒေါ်ငွေလှ
ဖုန်း - 09 5177320, 293288
(နံနက် ၁၀ နာရီမှ ၄ နာရီအတွင်း)

ဒေါ်ခင်မေထွေး (တရားရုံးချုပ်ရှေ့နေ)
ဖုန်း - ၀၉ ၅၀၈၈၂၀၃

ဒေါ်ထားထား (စာရေးဆရာမ စုထား)
ဖုန်း - ၀၉ ၂၀၁၇၉၆၁

ဆည်းဆာရိပ် ဂီလာနဘိုးဘွားများ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ရှင်သန်
အောင်မြင်ရေး အတွက် ပရဟိတစိတ်ဓာတ်ဖြင့် ၀ိုင်းဝန်းကူညီကြပါစို့။

5/09/2010

အမေများနေ့ကို ဂုဏ်ပြုလျှက်....

ကြွေးဟောင်းဆပ်ခွင့်ပြုပါ

လောကမှာ
နေထိုင်စရာအတွက် မြေ
ရှူရှိုက်ဖို့အတွက် လေ
သောက်သုံးဖို့အတွက် ရေထက်
သားသမီးတွေအတွက်
အဖိုးမဖြတ်နိုင်သော အမေသာ
အရေးကြီးဆုံးပါ အမေ...
ကြည်လင်ချိုအေးတဲ့
ကျောက်စက်ကျစမ်းရေဟာ
မောပန်းရေဆာသူတွေအတွက်
အဖိုးမဖြတ်နိုင်တာထက်
သားသမီးတွေအတွက်ကတော့
အမေ့ရဲ့အပြုံးတစ်ချက်ဟာ
ဘာနဲ့မှ မလဲနိုင်အောင်
အဖိုးမဖြတ်နိုင်ဆုံးပဲ အမေရေ...
အမေ့စေတနာကို
ဖက်မနမ်းမိ
ကြာပါပြီ
ရက်၊ လ၊ နှစ်တွေ
ဆံပင်ဖြူတော့မယ့်အထိပေါ့
အခုမှ
ဦးနှောက်ကို ဆားခပ်ပြီး
ပြန်စဉ်းစားကြည့်မိတယ်
ငါဟာ ပေးဆပ်ခြင်းကို
ကျေပွန်အောင် မပြုလုပ်ရသေးပါလား
အမေရယ်
စိတ်ထဲမှာ
အကြိမ်ကြိမ်ခံစား
အမေနဲ့အတူ ရှင်သန်ခွင့်တွေ
အမြဲရချင်တယ် အမေရယ်...
သမီးကို ကျေးဇူးဆပ်ခွင့်ပြုပါ အမေ...

အမေများနေ့

ဒီနေ့သည် အမေများနေ့ဖြစ်ပါသည်။ အမေများနေ့မှာ ဘာလုပ်ရင်ကောင်းမလဲဆိုတော့ ဂုဏ်ပြုမယ့် ကဗျာလေးကတော့...............

ပူလျှင်အရိပ် ပန်းဖြေသိပ်ပါ နေနားပါလှည့်....
မေ့မေတ္တာ ဒီအရိပ်
ရိပ်ထီးကာခဲ့...
မိုးရွာလျှင်လည်း
ဝင်ပါ နားပါ မိုးခိုပါလှည့်...
မေ့မေတ္တာ ဗိမာန်တော်ကြီး
အေးမြနေခဲ့...
ဆောင်းရောက်လျှင်လည်း

ထွေးပါ နွေးပါ ခြုံလွှမ်းပါလှည့်...

လေတိုးလျှင်
မပူပင်နဲ့
မေ့မေတ္တာနံရံချပ်

မတ်တတ်ကာ ကာကွယ်ခဲ့...

ရေဆာငတ်မူ
ရင်ပူပြေရေး အမေပေး
ရေကြည်တပေါက်

စမ်းချောင်းတမြ စီးဆင်းနေမြဲ...
မေ့ရဲ့မေတ္တာ စေတနာက

နေပူ မိုးရွာ ဆောင်းတွင်းပါ
အရိပ်ဖြစ်စမြဲ...
နှိုင်းတုမရ မေ့မေတ္တာ

လိုရာကိုသုံး စဉ်မြဲပြုံးလို့
သမီးထင်တယ်
ဒီကမ္ဘာမှာ
မေမေသာ အလှဆုံး....

5/02/2010

နာရေးကူညီမှုအသင်း နှင့် သုခကုသိုလ်ဖြစ်ဆေးခန်း၏ ဆောင်ရွက်ပေးမှုများ

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်နိုင်ပါသည်။




၁. ၅. ၂၀၁၀ ရက်နေ့ မေဒေးနေ့ အလုပ်ပိတ်ရက်ဖြစ်ပေမယ့်အပြင်ထွက်ဖြစ်ခဲ့ပါတယ်။ ဒါကတော့ ဘယ်ကိုသွားလဲဆိုတော့ မနက်ပိုင်းအိမ်တက်ဖိတ်တဲ့ဆီကို အရင်ဝင်ပြီးနောက် အင်ဂျင်နီယာဖိုရမ်ရဲ့ ၂ နှစ်ပြည့်
ကုသိုလ်လုပ်မယ်လို့ ဖုန်းဆက်လာတဲ့အတွက် ဘယ်မှာလှူမှာလဲ မေးတော့နာရေးကူညီမှုအသင်းမှာ လူမှာဖြစ်တဲ့အတွက် မြောက်ဥက္ကလာအ၀ိုင်းထိပ်က မဟာနွေမှာ လူစုမယ် အရောက်လာခဲ့ပါလို့ အသင်းက မောင်ပုရှ်လေးက ပြောတဲ့အတွက် သွားရောက်ခဲ့ပါတယ်။ အချိန်က ၁၁ နာရီဆိုလို့ အမှီသွားတော့ လူစုံနေတာနဲ့ ခဏနေတော့ နာရေးကူညီမှုအသင်းတည်ရှိရာနေရာကို ရောက်ရှိခဲ့ပါတယ်။ အဲ နောက်
အလှူငွေကို လက်ခံမယ့် ဦးကျော်သူက စာရေးပြီး လက်မှတ်ကိုလည်း တစ်ခါထဲလက်ခံပါတယ်။ နောက် နာရေးကူညီမှုအပြင် သုခကုသိုလ်ဆိုတဲ့ ဆေးခန်းလည်း ဖွင့်လှစ်ထားရှိတာကို တွေ့ရှိခဲ့ပါတယ်။ နောက် ဆေးခန်းတွေ လိုက်လံပြသပေးပါတယ်။ နောက် ထပ်မံသိရတာက မည်သူမဆို ပရဟိတအနေနဲ့ လာရောက်
ကုသိုလ်ပြုနိုင်ကြောင်း ကလေးတွေလည်း စာသင်ပေးသေးတာ တွေ့ရပါတယ်။ သူတို့ရဲ့ ဆောင်ပုဒ်လေးကလည်း ထည်ဝါစွာ တည်ရှိနေပါသေးတယ်။ ဘာလဲဆိုတော့ (အနိမ့်ဆုံးသော ကုသိုလ်အလုပ်မျိုးကို မြင့်မြတ်သော စိတ်ထားရှိသူတို့သာလျှင် လုပ်ဆောင်နိုင်ကြသည်) တဲ့။ ဘယ်လောက်ကြည်နူးစရာ ကောင်းလိုက်သလဲ ပိုက်ဆံများရှိလို့ကတော့ စိန်စီမယ့်အစား ကျွန်မလည်း
ဒီလိုပရဟိတလုပ်ငန်းတွေ လုပ်ဆောင်ချင်မိပါတယ်။ နွေနေပူဟာ ၁၂ နာရီဆိုတဲ့အချိန်ဟာ နေလုံးခေါင်းပေါ်ရောက်နေတဲ့အချိန်ဆိုတော့ စဉ်းစားသာ ကြည့်ပါတော့ ဘယ်လိုနေပူပြင်းပြီး ချွေးတဒီးဒီးကျနေမယ်ဆိုတာပေါ့။ ဒါပေမယ့် ကျွန်မတို့အဖွဲ့သားတွေဟာ အပြုံးကိုယ်စီနဲ့ အေးချမ်းတဲ့မျက်နှာတွေနဲ့ အလှူလှူဖို့ စိတ်အားထက်သန်စွာ ရောက်ရှိသွားခဲ့တာဟာ အလွန်တရာမှ
ပီတိဖြစ်မိပါတယ်။ အင်ဂျင်နီယာဖိုရမ်မောင်နှမ ရပ်ဝေးရပ်နီးက အလှူငွေတွေနဲ့ လှူဒါန်းခြင်းဟာ သူတို့ကိုယ်လည်း အဝေးကနေ ကျေနပ်ကြလိမ့်မယ်လို့ ကျွန်မ မျှော်လင့်မိပါတယ်ရှင်။ နာရေးကူညီမှုရဲ့ ဆောင်ရွက်ချက်တွေကတော့

နာရေးကိစ္စပေါ်ပေါက်လာသဖြင့် အခက်အခဲကြုံတွေ့ရသော ကျန်ရစ်သူ မိသားစုတို့၏ အပူမီးကို တတ်အားသမျှ ကူညီငြိမ်းသတ်ပေးခဲ့သည်မှာ ၂၀၀၁ ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက်နေ့မှ (ခု 30 April 2010) နေ့အထိ နာရေးကူညီမှုပေါင်း (၈၇၀၇၅) ကျော်ရှိခဲ့ပြီး ဖြစ်ပါသည်။ သဒ္ဒါတရား ထက်သန်သော စေတနာရှင်များ၏ လှူဒါန်းငွေများဖြင့် နာရေးပေါင်းများစွာကို အကူအညီပေးလိုက်ခြင်းကြောင့် ဗျဿနဘေးနှင့်
ကြုံတွေ့ရသော သောက၊ ပရိဒေ၀၊ ဒုက္ခ၊ ဒေါမနဿမီးများ လောင်မြိုက်ခံစားနေရရှာသည့် နာရေးရှင်မိသားစုများမှာ အထိုက်အလျောက် စိတ်သက်သာမှု ရရှိသွားကြပါသည်။ ယခုအခါ နာရေးစရိတ်များ ပိုမိုကြီးမြင့်လာခြင်းကြောင့် နာရေးကူညီမှု တောင်းခံလာသူ ဦးရေ များပြားလာပါသည်။ သို့ရာတွင် အသင်း၏ စေတနာရှင် အမှုဆောင်များ၊ အသင်းသူအသင်းသားများ၊ ၀န်ထမ်းများသည် မည်သည့်အခက်အခဲ၊ မည်သည့် အကြပ်အတည်းရှိပါစေ ကြိုးစား၍ တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိပါသည်။
အယူသည်းမှုများကို တစ်ဆင့်ပြီး တစ်ဆင့် ပပျောက်အောင် ကြိုးစားရင်း အနိမ့်ဆုံးသော ကုသိုလ်အလုပ်မျိုးကို မြင့်မြတ်သော စိတ်ထားရှိသူတို့သာလျှင် လုပ်ဆောင်နိုင်ကြသည် ဆိုသည့် ဆောင်ပုဒ်ကို လက်ကိုင်ပြုကာ အများအကျိုးအတွက် ကိုယ်ကျိုးစွန့်၍ တာဝန်ယူဆောင်ရွက်သွားကြမည် ဖြစ်ပါသည်။ တစ်ပါးသူ၏ ဒုက္ခကို ဝေမျှခံစားကာ သူတို့၏ တာဝန်ကို ပေါ့ပါးအောင် စေတနာ၊ ၀ါသနာ၊ အနစ်နာ၊ အကြင်နာဆိုသည့် နာလေးနာ ဖြင့် ၀ိုင်းဝန်းလုပ်ဆောင်ပေးလျက်ရှိနေကြပါသည်။ ဆင်းရဲချမ်းသာ၊ လူမျိုးဘာသာမရွေး၊ နာရေးကိစ္စများ

အကူအညီတောင်းခံလာပါလျှင်-

၁။ နေ့ချင်းပြီး မီးသဂြိုဟ်ပေးခြင်း။
၂။ ထိုနေ့အချိန်မမှီလျှင် နောက်တစ်နေ့တွင် သဂြိုဟ်ပေးခြင်း။
၃။ သက်ဆိုင်ရာ အအေးတိုက်သို့ အလောင်းကို ပို့ဆောင်ပေးခြင်း။
၎။ အအေးခန်းထားခ (၂ ) ရက်စာ တာဝန်ယူပေးခြင်း။
၅။ ကရ၀ိတ်ဖောင်၊ အလူမီနီယံခေါင်း၊ မှန်ခေါင်း၊
မှန်စီရွှေချခေါင်းများနှင့် မီးသဂြိုဟ်ပြီးသည်အထိ တာဝန်ယူပေးခြင်းတို့ပဲ
ဖြစ်ပါတယ်။


အထက်ပါ လုပ်ငန်းများအတွက် ငွေကြေးတစ်စုံတရာ ပေးသွင်းရန် မလိုဘဲ အားလုံးအခမဲ့ ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။ ကွယ်လွန်သူအတွက် ကုသိုလ်ပြုသောအားဖြင့် အလှူငွေများ လှူဒါန်းလိုပါက အသင်းရုံးသို့
တိုက်ရိုက်ဆက်သွယ် လှူဒါန်းနိုင်ပါသည်။ မြင့်မတ်လှစွာသော ကောင်းမှုကြီးကို ပါဝင်လုပ်ဆောင်တော်မူကြပါရန် ဖိတ်ခေါ်လိုက်ပါတယ်ရှင်။

သုခကုသိုလ်ဖြစ်ဆေးခန်း-

နာရေးကူညီမှုအသင်းအနေဖြင့် ကျန်ရစ်သူမိသားစုတို့၏ သောက ပရိဒေ၀မီးများကို တစ်ဖက်တစ်လမ်းမှ ဖြေသိမ့်ကူညီပေးခဲ့သည်မှာ နှစ်ရှည်ကာလတစ်ခုကို ရောက်ခဲ့ပြီး ဖြစ်ပါသည်။ သေရေးကိစ္စကို အကူအညီပေးခဲ့ကြသကဲ့သို့ ရှင်သူအတွက်လည်း တတ်စွမ်းသမျှ ၀ိုင်းဝန်းကူညီလိုကြပါသဖြင့် (ပထမ) နှစ်ပတ်လည်အခမ်းအနားတွင် ဆေးကူညီမှု ကော်မတီကို တိုးချဲ့ဖွဲ့စည်းကာ ၂၀၀၃ ခုနှစ်၊ ဧပြီလ (၇) ရက်
ကမ္ဘာ့ကျန်းမာရေးနေ့မှစ၍ မြောက်ဥက္ကလာပဆေးရုံကြီး၊ တောင်ဥက္ကလာပ မိခင်နှင့်ကလေးဆေးရုံကြီး၊ အင်းစိန်ဆေးရုံကြီး၊ စံပြဆေးရုံကြီး၊ ရန်ကုန်အရှေ့ပိုင်း (ဂန္ဓီ) ဆေးရုံကြီး၊ ရန်ကုန်အနောက်ပိုင်း (ကြည့်မြင့်တိုင်)ဆေးရုံကြီး စသည့် ပြည်သူ့ဆေးရုံကြီး (၆) ရုံတွင်....


၁။ ချို့တဲ့နွမ်းပါး၍ အရေးပေါ်ခွဲစိတ်ကုသမှု ခံယူရန် လိုအပ်သော
ကိုယ်ဝန်ဆောင်မိခင်များကို ခွဲစိတ်ကုသပေးခြင်းဖြင့် တစ်ကြိမ်တည်းတွင် နှစ်သက်ကယ်တင်ရသော ကုသိုလ်။
၂။ မည်သည့်ရောဂါမဆို ကျား/မ မရွေး ရုတ်တရက် ခွဲစိတ်ကုသရန် လိုအပ်သော
ချို့တဲ့နွမ်းပါးလူနာများအား ခွဲခန်းစရိတ် လှူဒါန်းရသော ကုသိုလ်။
၃။ မျက်စိဝေဒနာရှင်များအား မျက်စိခွဲစိတ်ကုသပေးခြင်းနှင့်
အထွေထွေရောဂါကုဆရာဝန်များအပြင်၊ အရိုးအကြော၊ အရေပြား၊ ကင်ဆာ၊
သားဖွားမီးယပ် အထူးကုဆရာဝန်ကြီးများ သမားတော်ကြီးများနှင့်
သွားရောဂါဆရာဝန်များက အလှည့်ကျကြည့်ရှုကုသပေးလျက်ရှိခြင်း။
၎။ အပ်စိုက်ကုသလိုသော လူနာများအား အပ်စိုက်ဆရာများမှ
အပ်စိုက်ကုသပေးခြင်းအပြင် ECG, USG ဓာတ်မှန်ရိုက်သင့်သူ လူနာများအား
စီစဉ်ဆောင်ရွက်ပေးခြင်း။
၅။ ကုသပေးသော ဆရာဝန်များ၏ ညွှန်ကြားချက်ဖြင့် ဓာတ်ခွဲခန်းမှ ရောဂါရှာဖွေ
ဓာတ်ခွဲစမ်းသပ်ပေးခြင်း။
၆။ သွေးလိုအပ်သော လူနာများအား သွေးလှူရှင်နှင့် ချိတ်ဆက်လှူဒါန်းခြင်း။
၇။ အရေးပေါ် အောက်ဆီဂျင်လိုအပ်သော လူနာများအား အောက်ဆီဂျင်ဘူး
ငှားရမ်းခြင်းတို့ ဖြစ်ပါတယ်။

၂၀၀၇ ခုနှစ်၊ မေလ (၂)ရက်နေ့ သုခကုသိုလ်ဖြစ်ဆေးခန်းကို စတင်ဖွင့်လှစ်ခဲ့သည့် အချိန်မှ ယနေ့အထိ စေတနာရှင်ဆရာဝန်ကြီးများ၏ ကူညီပံ့ပိုးမှုများကြောင့် စမ်းသပ်ခနှင့် ဆေးဘိုးငွေ ပေးသွင်းရန်မလိုပဲ
အခမဲ့ ကုသပေးလျက်ရှိပါကြောင်း တွေ့ရှိခဲ့ပါတယ်။

နာရေး ကူညီမှုအသင်း(ရန်ကုန်)၏ ခံယူချက် စေတနာရှင် အသင်းသူ၊ အသင်းသားများသည် မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသည့် ဗြဟ္မစိုရ်တရားလေးပါးကို နှလုံးစိတ်ဝမ်းသွင်း၍ တာဝန်ယူ
ကူညီဆောင်ရွက်ပေးကြပါမည်။ ဗြဟ္မစိုရ်နှလုံးသားနှင့် ခရီးသွား၍ ပေးဆပ်နေသူများ အခမဲ့ ကူညီသည် အခကြေးငွေ ပေးရန် လုံးဝ (လုံးဝ) မလိုပါတဲ့။



အသင်းရဲ့ တည်နေရာကတော့
နာရေးကူညီမှုအသင်း(ရန်ကုန်)
အမှတ်(၁၃ - က)၊ ဗိုလ်မှူးဗထူးလမ်း၊
၄၈ (U-9)ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
ရုံးချုပ်ဖုန်း - ၇၀၉၂၇၇၊ ၇၂၈၀၈၉၊ ၅၈၁၃၆၃၊ ၅၈၀၁၃၃
ရေဝေးရုံးခွဲ - ၇၀၄၇၈၄၊ ၆၃၉၄၉၀၊ ၀၉၈၆၄၀၂၁၉

5/01/2010

ကလေးတို့ရေ နွေရာသီမှာ ပျော်ကြရအောင်

Early Learning version 5.0

ကွန်ပျူတာခေတ်မှာ ကလေးများရဲ့ ဥာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေဖို့ အလွယ်တကူ စာသင်ကြားပေးနိုင်ပါတယ်။ ကလေးများလည်း အပျင်းပြေ ပျော်ရွှင်ကြရတာပေါ့။ ဆော့ဖ်ဝဲတွေ အများကြီးရှိတဲ့အထဲက ကောင်းမယ်ထင်တဲ့ ဆော့ဖ်ဝဲများကို ညွှန်းပေးပြောပေးတာပါနော်။ အခု KIDware (www.kidware-software.com) က ထုတ်လုပ်တဲ့ Early Learning (share ware) လေးက ကလေးများကို စိတ်ဝင်တစား စာသင်ယူကြပါလိမ့်မယ်။
ဆော့ဖ်ဝဲလေးကတော့ အသက် ၃ နှစ်ကနေ ၇ နှစ်အထိ ကလေးများအတွက်လို့ ဖော်ပြထားပြီး ၄င်းတွင် ပညာရေးဆိုင်ရာ program ၁၅ ခုပါဝင်ပါတယ်။ ဒါပေမယ့် အခမဲ့စမ်းသပ်သုံးတဲ့အခါ program ၁၀ ခုသာ သုံးနိုင်မှာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် မနည်းပါဘူး။ ၀ယ်မယ်ဆိုရင်တော့ ၁၄.၉၅ ဒေါ်လာကျသင့်ပြီး ၁၅ ခုလုံး အပြည့်အ၀ရရှိမှာ ဖြစ်ပါတယ်။ သင်ကြားပုံတွေကိုပါ ပြောပြရရင် 'Letter Fun' သည် a, b, c, d စာလုံးများကို ပုံပြအသံထွက်နဲ့ သင်ပေးပြီး a, b, c, d စာလုံးအခြေခံကို ပိုင်နိုင်စွာ နားလည်စေနိုင်ပါတယ်။ "Telling Time" သည် အချိန်နာရီကို သင်ပေးပါတယ်။ 'Counting Fun' သည် ကိန်းများကို နားလည်စေပြီး အခြေခံ တွက်ချက်တတ်ဖို့ ဖြစ်ပါတယ်။ 'Colours & Shapes' သည် အရောင်နဲ့ ပုံသဏ္ဌာန်အကြောင်းရဲ့ သင်ခန်းစာဖြစ်ပါတယ်။ 'Matching Fun'သည် ဂိမ်းအသွင် သင်ယူစေခြင်း ဖြစ်ပြီး 'Early Math' သည် သင်္ချာတွက်ချက်ရာမှာ စိတ်ဝင်စားစေဖို့ ဖြစ်ပါတယ်။ 'Tic Tac Toe' ကလည်း ကွန်ပျူတာနဲ့အပြိုင် ကစားဖို့ပါ။ 'Card Fun', 'Barnyard Fun', 'Treasure Mase', 'Memory Game', 'Balloon Papper' စသည့် ကလေးများ စိတ်ဝင်စားဖွာ် သင်ကြားရေးနည်းများလည်း ပါဝင်ပါသေးတယ်။ အပျင်းလည်းပြေ ပညာလည်းတတ် ပျော်ရွှင်မှုလည်း ရရှိနိုင်မယ်လို့ ကျွန်မ ယူဆမိပါတယ်။