4/10/2010

.NET Application Developer သင်တန်းသစ် စတင်မည်။

ASP.NET နှင့် C# ဘာသာရပ်များကို တွဲဖက်၍ Visual Studio 2008 တွင် .NET Framework 3.5 ကို အခြေခံပြီး Web Page Application များ ၊ Software များကို ပြုလုပ်ရာတွင် အသုံးပြုသည်များ နှင့်ပတ်သက်၍ သိရှိနိုင်စေရန် ရည်ရွယ်ပြီး .NET Application Development (NAD) သင်တန်းကို ထပ်မံဖွင့်လှစ်လိုက်ကြောင်း Myanmar WWW Institute  မှသိရှိရသည်။

            OOP နှင့် Web Development သင်တန်းများကို လေ့လာသင်ယူပြီးသူတိုင်း ဆက်လက်တက်ရောက် သင့်သော သင်တန်းဖြစ်ပြီး ၊ Server ပေါ်တွင် ပြုလုပ်သည့် Programming နည်းပညာကို သင်ကြားပို့ချပေးမည် ဖြစ်သည်။ ၄င်းသင်တန်းကို နိုင်ငံတကာ Software Development အတွေ့အကြုံ (၁၀)နှစ် ရှိသည့် ၀ါရင့်ဆရာ ကိုယ်တိုင် ဦးစီးသင်ကြားမည်ဖြစ်သည် ။


သင်ကြားမည့် အကြောင်းအရာ

            .NET Framework တွင်ပါဝင်သော Core Class များ ၊ C# နှင့် ASP.NET တို့နှင့် ပတ်သက်သည့် Core Concept များ ၊ VS 2008 ကိုအသုံးပြု၍ ASP.NET Application များ ရေးသားဖန်တီး နိုင်စေရန် Web Forms များ ၊ Enterprise Information Service နှင့် SQL ကိုအသုံးပြု၍ Data Processing နှင့် Data Binding ပုံစံများကို နားလည်သိရှိနိုင်ရန်တို့အတွက် Project နှင့်တွဲဖက်၍ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သင်တန်းမှ ရလဒ်

            သင်တန်းပြီးဆုံးပါက VS နှင့် C# ကိုတွဲဖက်အသုံးပြု့ပီး ASP.NET 3.5 Web Pages နှင့် Web Application များ ဖန်တီးရေးသားနိုင်မည်ဖြစ်ကြောင်း သိရသည်။ Database ချိတ်ဆက်ပြီး ကောင်းမွန်သော Online Software တစ်ခုဖြစ်ရန်အတွက် လိုအပ်သော Design Pattern များ အသုံးပြုပုံတို့ကို ကျွမ်းကျင် တတ်မြောက်သည် အထိ စနစ်တကျသင်ကြားပေးမှာဖြစ်ပါသည်။


စနစ်တကျ သင်ကြားမှု

            Module တစ်ခုပြီးတိုင်း Quizz များဖြေဆိုစေခြင်း၊ ကျွမ်းကျင်မှုပိုမိုရရှိစေရန်အတွက် Assignment များပြုလုပ်စေခြင်း၊ Exam များကို Microsoft Exam Question များအသုံးပြု့ပီး ဖြေဆိုရမည်ဖြစ် ပြီး၊ Software Project လည်း ကိုယ်တိုင်ပြုလုပ်ရမည်ဖြစ်သည်။


တက်ရောက်သင့်

            ပြည်တွင်းပြည်ပ အိုင်တီလုပ်ငန်းခွင်တွင် .NET ကျွမ်းကျင် အိုင်တီပညာရှင်အဖြစ် ရပ်တည်လိုသူများ၊ နိုင်ငံရပ်ခြားတွင် အဆင့်မြင့်အိုင်တီ ဘွဲ့သင်တန်းများကို သွားရောက်သင်ယူလိုသူများ၊ နိုင်ငံတကာအသိအမှတ် ပြု Microsoft Certified Professional Developer (MCPD) စာမေးပွဲကို ၀င်ရောက်ဖြေလိုသူများ အားလုံး အတွက် အထူးသင့်လျော်သော သင်တန်းဖြစ်သည်။


သင်တန်း အသေးစိတ်

            သင်တန်းချိန်မှာ စနေ၊ တနင်္ဂနွေ (နေ့လည် ၁၂း၄၅ မှ ၃း၄၅ အထိ) ဖြစ်ပြီး သင်တန်းကာလမှာ (၄) လခန့် ကြာမြင့် မည်ဖြစ်သည်။ အသေးစိတ်သိလိုပါက Myanmar WWW Institute တည်ရှိရာ ၊ အဆောင် (၅) ၊ အခန်း (၄) ၊ မြန်မာအင်ဖိုတက်ခ် ၊ လှိုင်တက္ကသိုလ်များနယ်မြေ ၊ လှိုင်မြို့နယ် ၊ ရန်ကုန် ။ (ဖုန်း) - ၆၅၂၂၈၈ ၊ ၅၂၁၁၂၅ ၊ ၆၅၂၃၂၀ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။


No comments: