4/08/2010

မေတ္တာဦး

တို့တွေ မနက်ဖြန်
မခံနိုင်လွမ်း
မတွေ့ကြနဲ့
ဝေးကြရတဲ့
ရက်ပေါင်းတွေထဲ
အလွမ်းတွေကို သီဖွဲ့
အလီလီ နှစ်ဟောင်းကုန်လို့
နှစ်သစ်ကူး တစ်မျိုး
တိုးလို့ အချစ်တွေထူး
ဘယ်မြို့ဘယ်ဝယ်
ရောက်နေသိမသိ
အိမ်မက်ထဲက
သခင်တစ်ယောက်
ရည်ရွယ်မျှော်ကာ
မှန်းဆကာလွမ်း
သတိရကာ
တမ်းတနေလဲ
အကြောင်းမထူးတာဖြင့်
အတာတန်ခူးကို
ရောက်ရှိခဲ့ပြန်ပေါ့
ကံကြမ္မာ ယိုးမယ်ဖွဲ့ရရင်ဖြင့်
ဆုံနိုင်ဖို့ အခွင့်ရှိရင်ကွဲ့
ကံဇာတ်ဆရာရယ်
ဒီတန်ခူး နှစ်ကူးမှာ
အလှည့်ပေးလှည့်ပါဦး....

1 comment:

Anonymous said...

ဘသူ.ကို ပြောတာလဲဟင် သခင်ဆိုတာ