1/04/2010

Windows 7 က လှပတဲ့ Function အချို့ကို Windows Vista နဲ့ XP မှာ အသုံးချကြည့်ရအောင်

Windows 7 ထွက်လာကတည်းက များလိုက်တဲ့ လုပ်ဆောင်ချက်အသစ်တွေ၊
ကြော်ငြာအားကောင်းသလို တကယ်လည်း အသစ်တွေပါလာတာ တွေ့ရပါတယ်။ ထူးခြားမှုက
အဲဒီလုပ်ဆောင်ချက်အသစ်တွေကို Windows Vista နဲ့ Windows XP မှာ
သုံးနိုင်အောင် ဆော့ဖ်ဝဲပြန်ထုတ်ပေးထားခြင်း ဖြစ်ပါတယ်။

Aero Shake
Aero Shake သည် desktop မှာ ရှိနေတဲ့ ဖွင့်သုံးနေသော Window များကို
မောက်စ်ရဲ့ မြားဦးတင်ပြီး ဘယ်ညာဆွဲယူလှုပ်ရှားခြင်းဖြင့် Tool bar (Title
bar) သို့ minimize လုပ်ပို့လိုက်ခြင်း ဖြစ်ပါတယ်။ Windows Vista နဲ့ XP
မှာလို Display အပေါ် ညာဘက်ထောင့်က Minimize ခလုတ်ကို နှိပ်ပြီး Window
တစ်ခုချင်း လုပ်စရာမလိုပါ။ ၄င်း minimize လုပ်ထားတဲ့ Window များကိုလည်း
မောက်စ်ကို ဘယ်ညာယမ်းပြီး လှုပ်ရှားခြင်းဖြင့် desktop မှာ
ပြန်ပေါ်စေပါတယ်။ ၄င်းလုပ်ဆောင်ချက်ကို Windows Vista နဲ့ XP မှာ
သုံးချင်ရင် http://www.askvg.com/get-windows-7-aero-shake-feature-in-windows-xp-and-vista/
ဝက်ဘ်ဆိုက်ကတစ်ဆင့် Aero_Shake_1.3 ဖိုင်ကို download ချ ရယူနိုင်ပါတယ်။
ဖိုင်အရွယ်အစား 202KB သာ ရှိပါတယ်။

Aero Snap
Aero Snap သည် Desktop မှာ မိမိဖွင့်သုံးနေတဲ့ Window မြင်ကွင်းနှစ်ခု
သို့မဟုတ် Window များကို မြင်ကွင်းမှာ တစ်ဝက်စီ သို့မဟုတ် မျှမျှတတ
ကြည့်လို့ရအောင် စီပေးတဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။ ၄င်းအတွက် Windows 7
မှာ Windows Logo ကီးကို နှိပ်ထားပြီး arrow key များကို
တွဲသုံးခြင်းဖြင့် မြင်ကွင်းမှာ အဆင်ပြေအောင် ချိန်ညှိပေးနိုင်ပါတယ်။
Windows Vista နဲ့ XP မှာတော့ Window မြင်ကွင်းတစ်ခုချင်းကို မောက်စ်နဲ့
drag ဆွဲပြီး ရွှေ့ပြောင်းရပါတယ်။ ယခု Windows 7 က Areo Snap
လုပ်ဆောင်ချက်ကို Windows Vista နဲ့ XP မှာ သုံးချင်ရင်
http://www.aerosnap.de/eng/download.htm ၀က်ဘ်ဆိုက်ကနေ Areo-snap_0_61
ဖိုင်ကို download ချ ရယူနိုင်ပါတယ်။ ဖိုင်အရွယ်အစား 925KB သာ ရှိပါတယ်။

ကဲ ကျန်တဲ့အကြောင်းလေးတွေကို နောက်မှ အလျဉ်းသင့်သလို တင်ပြပေးပါမယ်နော်။
ဒီအကြောင်းအရာလေးတွေ စုံလင်စွာ ပါရှိတဲ့ စာအုပ်ကတော့
ကွန်ပျူတာယူဇာစာအုပ်ဖြစ်ပါတယ်။

2 comments:

ဒဏ္ဍာရီ said...

ဒီနည်းပညာနဲ့ ပတ်သက်တဲ့ ပိုစ့်လေးကို ဖတ်သွားပါတယ်။ အလျင်းသင့်ရင် အဲဒီ function လေးတွေကို သုံးကြည့်ပါအုံးမယ်။

ခင်မင်လေးစားလျှက်

Unknown said...

ကောင်းတယ်နော် အပျိုကြီးရေ။ ဒါမျိုးများများရေးနော်။