1/21/2010

Dream Poem

writing a poem in dream
the poem i write leaves no mark
deep in the warm night i dream the dream
in each dream i write a poem
the poem i write i do not voice
for a moment i greet the poem
for that moment i smile with joy
when i awake i recall
the old incidentof the night
and with that thought i retain the joy

အိပ်မက် ကဗျာ

အိပ်မက်ထဲမှာ ၊ ကဗျာရေးသော
ရေးသောကဗျာ ၊ အရာမထင်
ညဥ့်ပင်ညဥ့်နက်၊ နွေးလျှက်တွေးမက်
တစ်ခါမက်လျှင် ၊ တစ်ပုဒ်ဆင်၍
ဆင်သောတစ်ပုဒ် ၊ ကွယ်၍ မြုပ်၍
နုတ်နှင့် မဟ ၊ ဖော်မပြလည်း
ဆီးရကြိုရ ၊ တစ်ဒင်္ဂသည်
ပြုံးရပျော်ရ ၊ တစ်ခဏသည်
ညကဖြစ်ကြောင်း ၊ ပြန်၍ ပြောင်း၍
စာကြောင်းစီကာ ရေးသောကဗျာ
အိပ်မက်ထဲမှာပါ.......

ကျွန်မအတွက် သူငယ်ချင်းက တစ်ဝက်စပ်ပေးသောကဗျာ ဆက်ပြီး စပ်ကြည့်လိုက်တာပါ။


1 comment:

soe khine said...

တယောက်တဝက်စပ်တဲ့ကဗျာဆိုတော့ 2in 1 ကဗျာပေါ့