1/01/2010

ပန်းချစ်သူတို့ တော်ဝင်မြေ

နန်းလယ်မှာ မတင့်ပေမယ့်
ပျိုမေတို့ရဲ့ ခေါင်းမှာ တင့်စေဖို့
သူ ကြွေပေးရရှာ
သူ့ခမျာ ဂုဏ်မ၀င့်ပေမဲ့
ရနံ့သင်းစေခဲ့
ပျိုမေတို့စိတ်မှာ ကြည်နူးစေဖို့
ပွင့်ခဲ့ရရှာ
နွမ်းသွားရင်လည်း
မွေးရနံ့သင်းနေဆဲ
အကြွေပန်းပေမယ့်
ရွှေနန်းတော်ထိုက်ပေတဲ့
ပန်းခရေဘဝ
ကျွန်မဖြစ်ရရင်
ကျေနပ်ပါပြီလေ.....

2 comments:

နွေဆူးလင်္ကာ said...

အေးဗျာ .. ဖြစ်ပါစေ ပန်းခရေ ...

thawzin said...

ဟင်... မိမိကိုယ့်ကို ခရေအဖြစ်တင်စားတယ်ပေါ့။ ခရေဟာ အမြင့်ပန်းမှာ ပွင့်သော်လည်း မြေမှာခ၊ လူတွေတနေရလောက်အောင် စွဲဆောင်နိုင်ပါတယ်။ အနိမ့်အမြင့်မခွဲတဲ့ ခရေပန်းလေး ဖြစ်တဲ့ အစ်မရေ နှစ်သစ်မှာ ပျော်ရွှင်နိုင်စွာနဲ့ ဘလော်ကင်နိုင်ပါစေဗျာ