12/24/2009

အားလုံးရဲ့အမေ

ကမ္ဘာမြေပေါ် ခြေမချခင်ကတည်းက
ကိုးလလွယ် ဆယ်လဖွား
မငြီးမငြူ စောင့်ရှောက်ခဲ့တဲ့အမေ
သားသမီးတွေအတွက် အမေဟာ
စမ်းချောင်းကလေးတစ်ခုပေါ့။

အေးမြမေတ္တာ အကြင်နာတွေ အမြဲပေးတဲ့
အမေ့ရဲ့အရိပ် လွှမ်းမိုးနေခဲ့
လောကမှ အမေဆိုတာ
သားသမီးတွေအတွက် မရှိမဖြစ်
ရေကြည်တစ်ပေါက်ပေါ့။

ဘ၀လှိုင်းထန် ဘယ်လိုပင်ကြမ်းကြမ်း
အပြုံးမပျက် မေတ္တာဖက်လျက်
သားသမီးမျက်နှာ တစ်ချက်မညှိုးအောင်
ပြုစုစောင့်ရှောက် လမ်းတစ်လျှောက်ပေါ့။
သားသမီးဆို လိမ်မာ ဆိုးပေ မခွဲခြားပဲ
မေတ္တာမပျက် ဆက်ချစ်လျက်ပေါ့။

အမေရဲ့မေတ္တာဟာ
စမ်းချောင်းလေးဆိုတဲ့အတိုင်း
တသွင်သွင် တငြိမ်ငြိမ်အေးချမ်းတဲ့အသွင်နဲ့
အစဉ်အမြဲ စီးဆင်းနေစမြဲပေါ့။

အမေဟာ
သားသမီးတွေရဲ့အရိပ်
သားသမီးတွေရဲ့ဘဝ
်သားသမီးတွေအတွက်တော့
မြင်းမိုရ်တောင်မက ကျေးဇူးကြီးလှ
မာတာမိခင် ကျေးဇူးရှင်ကို
ကျေးဇူးကျေအောင်
ဘယ်လိုဆပ်မည်နည်း....

3 comments:

နေ့အိပ်မက် said...

မမ ဘုရားကအမေ့ကျေးဇူးနို့တစ်လုံးဖိုးပဲ ကျေတယ်ဆိုတာ မဟုတ်ဘူးလို့ ဆရာတော်တွေ၊ စာတတ်ပုဂ္ဂိုလ်တွေ အထပ်ထပ်အခါခါရှင်းပြီးသွားပြီလေ.... ကဗျာတွေစာတွေထဲ ထည့်ထည့်ရေးလွန်းတော့ မိဘကျေးဇူးကို တင်စားတာထိရောက်ပေမဲ့ နှောင်းလူတွေအမှတ်မှားမှာ စိုးလို့ပါ

နွေဆူးလင်္ကာ said...

အမေ့ကျေးဇူးကို တတ်နိုင်သမျှ ပြန်ပေးဆပ်နိုင်ပါစေ။ ဆန်ရေဟာ လှပစွာ စီးဆင်းနိုင်ပါစေ။

thawzin said...

အမေဂုဏ်ကို ဖွဲ့ထားတဲ့ ကဗျာလေးမို့ အရမ်းနှစ်သက်မိပါတယ်။
ဒါပေမယ့် “ဘုရားရှင်သော်မှ အမေ့ကျေးဇူး
နို့တစ်လုံးဖိုးသာ ကျေအောင် ဆပ်နိုင်ခဲ့တယ်တဲ”
ဆိုတာကတော့ မဟုတ်ဘူးထင်ပါတယ်။ အရှင်ဆန္ဒာဓိကရဲ့ နိုးနှစ်လုံးဖိုး ကျေပါတယ် ဆိုတဲ့ စာအုပ်ကို ဖတ်ကြည့်ပါလား။ အမေနို့ဖိုးမကဘူး အားလုံး ကျေပါတယ်ဗျာ။ မိဘမေတ္တာကို ကြီးမားပုံကို ချီးမြှောက်ချင်လို့သာ ဒီလိုဟောခဲ့တာ ဖြစ်မှာပါ။