12/23/2009

တိတ်တခိုး ၀န်ခံချက်

မင်းနဲ့တွေ့တိုင်း
ဒိန်းခနဲမြည်တတ်တဲ့
ရင်ခုန်သံ
ဖျတ်ခနဲ ပွင့်သွားတတ်တဲ့
ငါ့ရဲ့အသည်းတံခါး
မင်းမသိအောင်
တိတ်တိတ်ပြန်ပိတ်
ငါ့နှလုံးသားကို
အတင်းပြန်အိပ်ခိုင်းလိုတယ်
ချစ်ခြင်းကို ၀န်ခံဖို့
ငါ့ရဲ့သတိတွေက
ဘာကြောင့်မှန်းမသိအောင်
ထိတ်လန့်မှုနှင့်အတူ
ပျောက်ဆုံးနေပါရဲ့ကွယ်....

4 comments:

thawzin said...

မိန်းကလေးဆိုတဲ့ သတိက ထိန်းလိုက်တာနေမှာပါ။ အဲဒါကမှ မိန်းကလေးတန်ဖိုး ထင်ပါတယ်

Anonymous said...

ဒါနဲ့ အပျိုကြီး ဖြစ်တော့မှာပဲ :-P

အင်ကြင်းသန့် said...

အမလေး.... ဟတ်ကို ဒိုင်းကနဲ ထိသွားတာပဲ :D

soe khine said...

အမလေး လန့်သွားတာပဲ ဒိန်းခနဲမြည်တယ်ဆိုလို့သေနတ်နဲ့ပစ်တာလားလို့