12/27/2009

လောကသဘာဝ

လောကကြီးမှာ လူတွေဟာ
ရယ်ရယ်မောမော
ခင်ကာနှောတော့
လူပေါကြီးလို့ ဆိုကြပြန်တယ်....
ရောနှောမ၀င်
တည်ပြန်ရင်လည်း
မာနကြီးဘိဆိုလေ၏....
တည်တည်မှန်မှန်
နေပြန်ရင်လည်း
ဆိုလေအတင်း
ကုတ်ကမြင်းတဲ့
ကဲ.... ခင်မင်ရတဲ့
စာဖတ်သူရော
ဘယ်လိုလဲဟင်..........။

3 comments:

Sai Line said...

Hi, Sister that is great see yr poem,when i read yr latter i miss my native home ,
have a good luck to u
sai naw kham

နွေဆူးလင်္ကာ said...

မာနကြီးတဲ့ လူပေါ ကုတ်ကမြင်းကြီးလို့ မြင်ပါတယ် ဟီဟိ .....

soe khine said...

အဲဒီတော့ လူပေါကြီးလို့လဲမထင်အောင် မာနကြီးတယ်လို့လဲမပြောရအောင် ကုတ်ကမြင်းလို့လဲကဲ့ရဲ့မခံရအောင် မယ်သီလရှင်ဝတ်တာအကောင်းဆုံးလို့ထင်ပါတယ် ကိစ္စများမြောင်လူတို့ဘောင်ကနေ တခါထဲလဲကျွတ်သွားတာပေါ့ တချက်ခုတ်(၄)ချက်ပြတ်လေ ဟဲဟဲ