12/16/2009

အလောင်းတော်ကဿပ ပင်မလမ်းဖြစ်သော ရွှေဆံပင်လမ်းနှင့် ရွှေဆံပင်တံတား

(လည်ငေါက်-ချင်ပြစ်)လမ်းပိုင်း

မြန်မာအမျိုးသမီးတို့၏ စေတနာစွမ်းအား "ရွှေဆံပင်တံတား"

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ပုလဲမြို့နယ်နှင့်
ယင်းမာပင်မြို့နယ်အတွင်းရှိ လည်ငေါက် - ချင်ပြစ် လမ်းမကြီးသည်
အလောင်းတော် ကဿပသို့ ဘုရားဖူးသွားရာလမ်းနှင့် အမေရေယာဉ် နတ်နန်းသို့
သွားရာလမ်းလည်း ဖြစ်သလို ရွာပေါင်း ၆၀ ကျော်နှင့် လူဦးရေ ၅၀၀၀၀
ကျော်တို့ မှီခိုအားထားရသော လမ်းမကြီးလည်း ဖြစ်ပါသည်။
ဤလမ်းမကြီးနှင့် တံတားများပျက်စီး ယိုယွင်းမှုတို့ကြောင့်
ဘုရားဖူးခရီးသွားများ စိတ်ပျက်ကြရသလို ဒေသခံနယ်သူနယ်သားများလည်း
မိုးတွင်းရောက်တိုင်း ဒုက္ခမျိုးစုံနှင့် ကြုံတွေ့နေကြရပါသည်။
အထူးအားဖြင့် အရေးပေါ်ဆေးရုံတက်ရမည့် ဝေဒနာကြုံခဲ့လျှင် ကားမောင်းမရသဖြင့်
(စောင်ပုခက်များပေါ်တင်ကာ) ခြေလျှင်တစ်မျိုး၊ လှည်းဖြင့်
တစ်ဖုံဒုက္ခမျိုးစုံနှင့် ပင်ပန်းခက်ခဲစွာ သွားလာနေကြ၍ မသေသင့်ပဲ
သေဆုံးခဲ့ကြသည်မှာ လမ်းတံတားကုသိုလ်ရှင်များကို အသေခံ၍
မျှော်လင့်နေသကဲ့သို့ ဖြစ်နေပါသည်။
လမ်းတံတားကုသိုလ်ပြုရခြင်းသည် အသက်ပေါင်းများစွာ ကယ်တင်ရသည့် ဇိဝိတဒါန
ကုသိုလ်ထူးကြီး ဖြစ်ပါသည်။ ထိုကုသိုလ်ထူးကြီးကို ဆရာတော်များ ဦးဆောင်၍
နေ့မအားညမနား ဆောင်ရွက်လျှက်ရှိရာ (၂)နှစ်ကာလအတွင်း စေတနာရှင်များ၏
အလှူတော်ငွေ ကျပ်သိန်းပေါင်း(၁၀၀၀)ကျော်နှင့် အတူ ဆံပင်ကုသိုလ်ရှင်
မြောက်များစွာ ပေါ်ပေါက်ခဲ့ပြိး ကျောက်လမ်း(၉)မိုင်နှင့် တံတား(၉)စင်း
ပြိးစီးခဲ့သည်မှာ အများအသိပင်ဖြစ်ပါသည်။
ကျန်ရှိနေသော လမ်းပိုင်းနှင့် တံတား(၈)စင်းကို ဆရာတော်များကိုယ်တိုင်
အနီးကပ်ကြီးကြပ်၍ ဆောင်ရွက်လျှက်ရှိပြီး မူလက တံတားကြီးတစ်စင်းကိုသာ
``ရွှေဆံပင်တံတား´´ ဟု ရည်ရွယ်ခဲ့သော်လည်း အမျိုးသမီးများ၏
စေတနာထက်သန်မှုတို့ကြောင့် ဤလမ်းမကြီးကို ``ရွှေဆံပင်တံတားလမ်း´´ဟု
မြန်မာအမျိုးသမီး များ၏ စေတနာစွမ်းအားကိုဂုဏ်ပြုသောအားဖြင့် သမိုင်းဝင်
မော်ကွန်းထိုးသွားမည်ဖြစ်ပါ၍ ကမ္ဘာတွင် တစ်ခုတည်းသော
ရွှေဆံပင်တံတားလမ်းပင်ဖြစ်ပါသည်။
မိမိတို့အမြတ်တနိုးထားသည့် ဆံပင်ကို လမ်းတံတားခင်းလှူဒါန်းခြင်းသည်
ဘုရားအလောင်းသူတော်ကောင်းတို့ ပြုလုပ်မြဲဖြစ်သော
စွန့်ခြင်းကြီးငါးပါးထဲတွင် ``အင်္ဂပရစ္စာဂ´´၊ ပါရမီသုံးပါးတွင် ဒါနဥပပါရမီ
မြောက်ပြီး ပါရမီဓာတ်ခံရင့်သန်မှုရှိသူများသာ လှူဒါန်းခွင့်ရမည်ဖြစ်ပါသည်။
ရွှေဆံပင်လမ်းတံတားပေါ်အများသူငါ ချမ်းသာစွာ သွားလာနေသ၍
နေ့နေ့ညညကုသိုလ်တိုးနေမည့် ထာဝရကုသိုလ်မျိုးဖြစ်ရာ
ရွှေပြည်နိဗ္ဗာန်ရောက်ကြောင်း ပါရမီကောင်းမှုအတွက် ကိုယ်အားဥာဏ်အား
စွမ်းနိုင်ရာ အားတို့ဖြင့် ပါဝင်ကုသိုလ်ယူနိုင်ကြရန်
အသိပေးနှိုးဆော်အပ်ပါသည်။

အရှင်ဝေပုလ္လ(လမ်းအကျိုးတော်ဆောင်)
လမ်းပြုပြင်ထိန်းသိမ်းရေးဆရာတော်များအဖွဲ့
ပုလဲမြို့နယ်နှင့် ယင်းမာပင်မြို့နယ်
ဖုန်း-09-6450.654
-09-2030.728

ရွှေဂုန်သူတို့ ဆံပင်လှူဖို့နေရာ
၁။ ဘဒ္ဒန္တဥာဏိသာရ
တိပိဋကမဟာဂန္ဓာရုံကျောင်းတိုက်
အရှေ့ဝါယာလက် (၂) လမ်း၊ ကမ္ဘာအေး မရမ်းကုန်းမြို့နယ်
ဖုန်း - ၆၅၁၇၇၉၊ ၀၉-၅၁၂၁၈၉၁

၂။ အရှင်အာစာရာလင်္ကာရ
ကိုးဘွဲ့ရ သာသနာပြုကျောင်းတိုက်
ဗထူးလမ်းမကြီး (၄၂) ရပ်ကွက်
ဒဂုံမြို့သစ်(မြောက်ပိုင်း)
ဖုန်း - ၇၀၈၄၀၃

နောက်တစ်နေရာကတော့ အလှူရှင်ပြည့်သွားပြီးဖြစ်တဲ့
၃။ အရှင် ရာဇိန္ဒ
ရွှေပိဋကတိုက်
အမှတ် (၆)၊ အာဇာနည်လမ်း၊ ရွှေတိဂုံဘုရားအရှေ့မုခ် တို့ပဲဖြစ်ပါတယ်။

1 comment:

thawzin said...

မြတ်သောအလှူများအတွက် သာဓုခေါ်မိပါတယ်။ လှူတော့ လှူနိုင်သေးဘူး။ ဖော်ပြပေးတဲ့ အစ်မကိုလဲ ကျေးဇူးတင်ရှိပါတယ်။