12/15/2009

အိမ်လွမ်းသူသို့

zox said...

အလွမ်းကဗျာလေး က တော်တော်ဖတ်လို့ ကောင်းပါတယ်။ ခံစားချက်လေးကို
လေးစားပါတယ်။ ဒီလိုဆိုတော့ တစ်ခုတဂ်ပါမယ်။ အိမ်လွမ်းသူ ဆိုတဲ့
ခေါင်းစဉ်ပါ။ ရေးပေးပါဦး။
ဆိုလာတော့လည်း မအားတဲ့ကြားက ရေးတော့ ပေးလိုက်တယ်နော်။ မကြိုက်ရင်လည်း
နောက်မှ ရေးပေးတော့မယ်။

အိမ်လွမ်းသူ

ရေးဆိုလို့သာ ရေးလိုက်ရသည်
ငါ့ရဲ့ ရင်ထဲ
ကဗျာမရှိ စာမရှိ
စိတ်တွေ နောက်ကျူနေပါဘိ
ကဗျာမပါ စာမပါ
အရင်းခံနဲ့ ပြောလိုက်ချင်သည်
ကျန်းမာခြင်းသည် လာဘ်တစ်ပါး
အမြဲဆောင်ကာထား
ရာသီကအေး ပြည်ကဝေး
မွေးရပ်မြေကို လွမ်းပါသလေး
လွမ်းပါသော်လည်း မပြန်နိုင်
အဝေးကပဲ လွမ်းနေမည်
မဝေးတော့သိ အနာဂတ်ခရီး
ဌာနီပြည်ကနီး

2 comments:

Unknown said...

ဟ.. မဟုတ်သေးဘူးလေ။ လူလည်မကျနဲ့။ ထပ်ရေးပေးပါဦး။

soe khine said...

ထပ်ရေးခိုင်းမနေနဲ့ အိမ်လွမ်းရင် ဝိုင်းဝိုင်းသီချင်းနားထောင်