12/10/2009

ငါရဲ့လိပ်ပြာ

ဖြူစင်တဲ့စိတ်ကလေးနဲ့
အပူအပင်ဖွဲ့ အရိပ်တွေဖြင့်
မေတ္တာရည် အလှလွှမ်း
သစ္စာတည် ဘ၀လမ်း
လျှောက်လှမ်းခဲ့ပေ….။
ဘယ်သူတွေ ဘယ်လိုကဲ့ရဲ့
မဲ့ရွဲ့လို့ မြင်ကာ ကြည့်စေ
လူတကာတွေ မေးငေါ့မှာကြောက်…
လိပ်ပြာလုံ
သိက္ခာဂုဏ် ရိုးသားစွာဖြင့်
ရိက္ခာအစုံ တိုးပွားမလာလဲ
(နင်ရယ်… တို့ကတော့) မိုးခါးရေမသောက်….။

3 comments:

နေ့အိပ်မက် said...

လေးချိုးပေါ့ မိုက်ပါ့

နွေဆူးလင်္ကာ said...

မိုးခါးရေလည်း သကြားလေး ခပ်သောက်ပေါ့ အစ်မယမင်းရယ်။

Unknown said...

kg pa ma ya min yay.. dar myo tway htet phat chin tay tel...