12/01/2009

နိုင်ငံကျော်ဓမ္မကထိက ဖြူးဆရာတော်ကြီး၏ အန္တိမအဂိဈာပနကို ရေဝေးသုသာန်တွင် ကျင်းပပြုလုပ်ခြင်း

နိုင်ငံကျော် ဓမ္မကထိက၊ ဓမ္မရက္ခိတ ဖြူးမဟာစည်သာသနာ့ရိပ်သာနှင့် ဖြူးမြို့ မဟာစည်သာသနာ့ရိပ်သာ၏ ဦးစီးပဓာန နယက ဆရာတော် အရှင် နရပတိ(ဓမ္မကထိက ဗဟုဇနဟိတဓရ၊ သာသနဓဇ ဓမ္မာစရိယ)၏ အန္တိမဈာပနကို နိုဝင်ဘာလ ၃၀ ရက်၊ တနင်္လာနေ့က ရေဝေးသုသာန်ရှိ သီးသန့်လောင်တိုက်တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။
ဖြူးဆရာတော်ကြီး၏ အန္တိမ ဈာပနာသဘင်သို့ မန္တလေးမြတောင်ဆရာတော် အရှင်သာသနာဘိဝံသ အပါအ၀င် နိုင်ငံကျော်ဓမ္မကထိကများဖြစ်ကြသော သီတဂူဆရာတော် ဒေါက်တာ အရှင်ဥာဏိသာရ၊ ပဲခူးဓမ္မဒူတဆရာတော် ဒေါက်တာ အရှင်ပညိဿရ၊ မှော်ဘီဓမ္မဒူတဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒ၊ မှော်ဘီမြို့မင်္ဂလာကျောင်းဆရာတော် အရှင်သုမင်္ဂလ၊ ဖြူးဆရာတော်ကြီး၏ တပည့် တပါးဖြစ်သူ တွံတေးအရှင်ကုန္ဒက၊ ကိုးဘွဲ့ရဆရာတော် အရှင်အာစာရာလင်္ကာရ၊ စစ်ကိုင်း - ခင်မကန်ဆရတော် အရှင်ခေမိန္ဒ၊ စာရေးဆရာ ရွှေဘိုမင်းသုခ အရှင်ပညာဇောတ အစရှိသည့် ဆရာတော် အရှင်မြတ်များ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
အခမ်းအနားကို မွန်းလွဲ ၁၂ နာရီ၊ မိနစ် ၃၀ တွင် စတင်ခဲ့ပြီး မန္တလေး မြတောင်ဆရာတော် အရှင်သာနသဘိဝံသက သြ၀ါဒကထာ ဟောကြားချီးမြှင့်တော်မူခဲ့ပြီး မှော်ဘီမြို့၊ မင်္ဂလာကျောင်းတိုက်ဆရာတော် အရှင်သုမင်္ဂလက ဖြူးဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိအကျဉ်းကို ဖတ်ကြားတော်မူခဲ့သည်။ ထို့နောက် သီတဂူဆရာတော် ဒေါက်တာအရှင်ဥာဏိသာရက ရေစက်သွန်းချအမျှပေးဝေကာ တွံတေးအရှင်ကုန္ဒက၊ စာရေးဆရာ ရွှေဘိုမင်းသုခ အရှင်ပညာဇောတ၊ ကျောက်ပန်းတောင်း ဒေါ်ခင်စိုးဝင်း၊ တေးသံရှင် ဒေါ်ရီရီသန့်တို့က အစီအစဉ်အတိုင်း တေးထပ်၊ တပည့်များပင့်ဆောင်ရာသို့ လိုက်ပါရန် လျှောက်ထားလွှာတို့ကို ဖတ်ကြားပြီး ဖြူးဆရာတော်၏ ရုပ်ကလာပ်တော်ကို ဈာပနယာဉ်ပေါ်သို့ တပည့်သံဃာများက ထမ်းပိုးပင့်ဆောင်မူပါသည်။
ဖြူးဆရာတော်ကြီး၏ ဈာပနအခမ်းအနားသို့ တောင်ငူမြို့ ရွှေဘိုကြီး စာသင်တိုက်၊ ရွှေမင်းဝံကျောင်း၊ ချမ်းမြေ့ရိပ်သာ၊ မှော်ဘီမြို့ မင်္ဂလာကျောင်း၊ အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်၊ မဟာစည်သာသနာ့ရိပ်သာ အစရှိသည်တို့မှ သံဃာတော်များ ကြွရောက်ကြပြီး ဓမ္မမိတ်ဆွေအဖွဲ့၊ဓမ္မရောင်ခြည်အဖွဲ့၊ ဓမ္မမေတ္တာအဖွဲ့၊ သာသနရက္ခိတအဖွဲ့၊ ဓမ္မရသအဖွဲ့၊ ဓမ္မပူဇာမင်္ဂလာအသင်း၊ သဒ္ဒါဓိကလူငယ်အဖွဲ့၊ မေတ္တာတံခွန်အသင်း အစရျိသည့် သာသနာရေးအသင်းအဖွဲ့များက လိုက်ပါပို့ဆောင်ပူဇော်ကြကြောင်းလည်း သိရပါတယ်။
ဖြူးဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်ကို ရေဝေးသုသာန်ရှိ သီးသန့်လောင်တိုက်တော်တွင် ညနေ ၅ နာရီ၊ ၁၀ မိနစ်ခန့်တွင် မီးသင်္ဂြိုဟ်ခဲ့သည်။ ဆရာတော်ကြီး၏ ဈာပနအခမ်းအနားသို့ လိုက်ပါပို့ဆောင်သည့် မော်တော်ယာဉ်အရေအတွက်မှာ ဓမ္မရက္ခိတဖြူးမဟာစည်သာသနာရိပ်သာကျောင်းမှ စီးရေ ၂၅၀ ခန့်၊ ရေဝေးသုသာန်တွင် လာရောက်စောင့်ဆိုင်းနေသည့် စီးရေ ၁၀၀ ခန့် စုစုပေါင်း စီးရေ ၃၅၀ ခန့်ရှိကြောင်း သတင်းရရှိပါတယ်ရှင်....


ဈာပနပုံတွေကို ဒီမှာ တင်လို့ အဆင်မပြေတဲ့အတွက် ဈာပနပုံတွေကို ကြည့်ချင်သူများအတွက် ဒီမှာပါ

2 comments:

thawzin said...

ဘာသာရေးအတွက် ထေရ၀ါဒဗုဒ္ဓဘာသာ အာဇာနည်ဆရာတော် တစ်ပါး ရော့သွားတဲ့အတွက် ၀မ်းနည်းမိပါတယ်ဗျာ။ ဆရာတော်လို ဆရာမျိုးတွေ အခုချိန်မှာ ရှားပါးနေပြီး။ ဆရာတော်တွေ ဘယ်လောက် ဟောလဲ မြန်မာနိုင်ငံကလူတွေအများစုကတော့ ကုလဗုဒ္ဓဘာသာအဆင့်ကနေ မတက်ကြတာ ပိုပြီး စိတ်မကောင်းစရာပါပဲဗျာ

မိုးယံ said...

ကိုသော်ဇင်ပြောတာကို အပြည့်အ၀ ထောက်ခံပါတယ်။ ဟောတဲ့ပြောတဲ့သူတွေသာ လျော့သွားတယ်။ ဥာဏ်နည်းသူအချို့တွေ ဒီတိုင်းကျန်ခဲ့သေးတယ်။

တစ်ချို့ဆရာတော်တွေ ဘ၀ကို ရင်းပြီး သာသနာ့ဝန်ထမ်းပြန်တော့လည်း အသိဥာဏ်ခေါင်းပါးလွန်းတဲ့ တာဝန်ရှိသူများက နှောင့်ယှက်သေးသဗျာ။ အနာဂတ်သာသနာ အရေး ဘာမှမလုပ်နိုင်သေးပေမယ့် ရင်လေးမိတာ အမှန်ပဲ။