12/01/2009

ညတစ်ညရဲ့ အတွေးစု

တိတ်ဆိတ်တဲ့ ဟောဒီည
လပြည့်ည မဟုတ်တဲ့
အလင်းလေးက ဖျော့ဖျော့ရယ်ပေါ့...
ပြတင်းပေါက်က ကျလာတဲ့
မှိန်ဖျော့ဖျော့အလင်းရောင်ကြောင့်
ဟိုးအဝေး ကောင်းကင်ကို မော့ကြည့်မိတယ်....
အစွမ်းကုန်လှပနေတဲ့ ကြယ်ပွင့်လေးတွေ
အနှောင်အဖွဲ့ ကင်းမဲ့စွာ လင်းလက်နေလိုက်ကြတာ
သူတို့ဘ၀တွေက ကျေနပ်ချင်စရာ
သြော်...
ငါ့ဘ၀နဲ့များ တခြားစီ
ကြယ်တွေလိုများ ငါ့ဘ၀ ပြည့်စုံခဲ့ရင်.....

5 comments:

Anonymous said...

ကြယ်တွေလို ပြည့်စုံခဲ့ရင် .. ဘာ လုပ်မှာလဲ .. ???

Unknown said...

ကြယ်မဖြစ်ချင်းပါနဲ့။ လမင်းဖြစ်အောင်စိတ်ကူးပါဗျာ။ ဒါမှ လူတွေကို အလင်းရောင်ကောင်းကောင်းပေးနိုင်မှာလေ။ ဟုတ်တယ်မဟုတ်လား။ အမျိုသမီးပီပီ လှချင် လိုက်တာလဲ လွန်ရော။

soe khine said...

ကြယ်တွေကလင်းလက်တောက်ပနေတာနဲ့ သူတို့မှာအပူအပင်မရှိဘူးတော့မထင်ပါနဲ့ အမ ကမ္ဘာလောကကြီးမှာသူ့နေရာနဲ့သူသောကဆိုတာကတော့ရှိမှာပါ ဒါမှလဲမျှတမှာပေါ့

မေကျော် said...

လူတိုင်း သူ့အပူနဲ့ သူဟ...
ငါဆို အမြဲရယ်နေလို့ လူတွေက စိတ်ပူပင်စရာ မရှိဘူးထင်ကြတယ်... ဒါပေမယ့် ငါ့မှာလည်း ပူစရာ ပင်စရာ ရှိတာပဲ.... :)
ဒါနဲ့ စကားမစပ် ကြယ်တွေကို ကြိုက်တာချင်းတူတယ်..... :)

Bravo said...

အွန်... ဒါဆိုကြယ်ဝယ်ကျွေး အမ် ဟုတ်ပေါင်မှားလို့
ဆောတီး ကြယ်လေးတွေက လမိုက်ညမှာ ပိုကြည့်လို့ကောင်းတယ်လို့
.............
မမယမင်း ကြယ်လေးတွေလိုအမြဲတမ်းအနှောင်ဖွဲ့ကင်းပြီးလင်းလက်နိင်ပါစေဗျာ