11/14/2009

ကံ၊ ဥာဏ်၊ ၀ီရိယ

သိပ္ပံပညာရှင်ကြီး အေဒီဆင်သည် သူ၏ စမ်းသပ်ရှာဖွေမှု အောင်မြင်သည့်အတွက်
အထိမ်းအမှတ်ပွဲ ကျင်းပပြုလုပ်နေသည်။ ပါတီ တက်ရောက်လာသော သတင်းစာဆရာ
တစ်ဦးက သိပ္ပံပညာရှင်ကြီး အေဒီဆင်ကို
ဆရာ အောင်မြင်မှုဟာ ဆရာရဲ့ကံကြောင့်လား။
ဟု မေးလိုက်သည်။
သတင်းစာဆရာတစ်ဦးမေးသော မေးခွန်းကို အေဒီဆင်က ပြုံးပြီး အဖြေပြန်ပေးသည်။
ကံ မလို့ ကျုပ် အောင်မြင်တာ မဟုတ်ဘူး။ ကျုပ်အောင်မြင်မှုရဲ့
အကြောင်းတရားကို ရှာကြည့်မယ်ဆိုရင် ဥာဏ်က တစ်အောင်စလောက်ပါပြီး ၀ီရိယက
တစ်တန်လောက်ပါတယ်။
အေဒီဆင်၏စကားကို အသေအချာ စဉ်းစားကြည့်သင့်သည်။ မိမိတို့၏
လုပ်ငန်းကိစ္စတစ်ခုခု အောင်မြင်မှုမရှိလျှင် ကံကို ရိုးမယ်ဖွဲ့ပြီး
ငါ ကံဆိုးလှချည်လား
ဟု မြည်တမ်းနေကြသည်။ မိမိတို့၏ လုပ်ငန်းကိစ္စထမြောက်အောင်မှု မရှိခြင်း၌
ဝီရိယ၏ အပိုင်းအစ ဘယ်လောက်ပါသနည်းဆိုသည်ကိုမူ ထည့်တွက်ရမှန်းမသိ
ဖြစ်နေကြသည်။ ကံကိုသာ အကြောင်းတရားအဖြစ် ပုံချနေကြသည်ဖြစ်၍ ၀ီရိယကို
မေ့နေကြသည်။


ပါရဂူစာအုပ်မှ ကောက်နုတ်ချက်

2 comments:

thawzin said...

မှတ်သားပါ အစ်မရေ.......
ကံကိုယုံပြီး ဆူးပုံမနင်းနဲ့တဲ
ဒီလိုပဲ
ကံမရှိဉာဏ်ရှိတိုင်းမွဲတဲ့
ကံဆိုတာက ဥပမာပြောရရင်... မျိုးစေ့ တစ်ခုလောက်ပါပဲ။ အဲဒိမျိုးစေ့လေးကို အပင်ပေါက်၊ အပွင့်ပွင့်ဖို့၊ အသီးသီးဖို့ကျတော့ ဉာဏ်၊ ၀ိရီယဆိုတဲ့ ရေးလောင်းခြင်း၊ ပေါင်းသင်ခြင်း၊ ပြုစုပျိုးထောင်ခြင်း၊ စိုက်ပျိုးဖို့ အသိပညာလေးတွေ ရှိမှ အောင်မြင်ဖြစ်ထွန်းတဲ့ အသီးအပွင့်တွေ ခံစားရမှာပေါ့။ မျိုးစေ့ဆိုတာလေး မရှိပဲနဲ့တော့ အပင်ဆိုတာလဲ ဖြစ်လာမှမဟုတ်ပါဘူး။ သူများအတွက် မိမိဉာဏ်လေးနဲ့ အားထုတ်ရင်လဲ သူများအပင်ပဲဖြစ်မှာပေါ့။ ဒါပေမယ့် လူတိုင်းမှာ မျိုးစေ့ ကိုယ်စီရှိကြပါတယ်။

Unknown said...

မမ ပြောမပဲ ၀ိရိယ အကြောင်းစဉ်းစားမတယ်
ကျေးဇူးပဲမမ