11/13/2009

အားလုံးရဲ့ ကမ္ဘာ

လောကကြီးကို ဖြန့်ကျက်ကြည့်လိုက်
ဟောဟိုက လူတချို့ရဲ့လက်ထဲမှာ
လိုရာစေနိုင်တဲ့ နည်းပညာတွေက ပြိုးပြိုးပြက်ပြက်
ပညာ ဘယ်ကိုလဲ
ပညာ ဘာအတွက်လဲ
ပညာ ဘာလုပ်ရသလဲ
မြင့်မြင့်ပျံရင် ဝေးဝေးမြင်တယ်တဲ့
နည်းပညာတိုးတက်နေတဲ့ခေတ်
တစ်ကမ္ဘာလုံးကို မြင်နိုင်ပြီ
နည်းပညာက ခိုင်းစေမှာလား
လူသားတွေက စေခိုင်းမှာလား
မေ၀၀ါးပဲ အသေချာစဉ်းစား
ပခုံးနှစ်ဖက်ကြားက ခေါင်းပေါက်
ဦးနှောက်တစ်ခုစီ ပိုင်ဆိုင်
လူသားတိုင်းအဖြစ်
ဖိနပ်နဲ့ ၀တ်စုံကောင်းပါလျက်
ပန်းမ၀င်နိုင်သေးတဲ့ ကမ္ဘာကြီးအတွက်
ရှိပြီးသား အင်အားတွေကို
တို့အားလုံး မျှဝေကြရအောင်

2 comments:

Unknown said...

မမ နို.လို.ဒီလိုရေးတတ်တာ

thawzin said...

အမြင်ကျယ်လို့ အမြင့်ရောက်တာလား
အမြင့်ရောက်လို့ အမြင်ကျယ်ရတာလား

တဲ့........ ဆရာတော်အရှင်ဆေကိန္ဒရဲ့ တရား တစ်ပုဒ်မှာ နာဖူးတယ်။ မြင့်မြင့်ပျံနိုင်တဲ့ ငှက်တွေ အမြင်ကျယ်ကြသလား။ အပင်ထက်မှာပဲ ပျံဝဲတတ်တဲ့ လိပ်ပြာလေးတွေက အမြင်ကျဉ်းတာလား။ ဥပမာလေးပြောတာပါ။ စွန်ရဲ့ အတွက် အမြင့်ပျံမှ သားကောင်ကို ဖြန့်ကျက်ကြည့်နိုင်မှာလေ။ လိပ်ပြာလေးတွေအတွက်ကတော့ ပန်းဝတ်ရည်အတွက် ပန်းပင်ရှိတဲ့နေရာကို ရှာရမှာပဲ။ သူနေရာ သူအထာနဲ့တော့ မြင့်နေရမယ်။ အမြင့်ရောက်ဖို့ မလိုဘူး။ အမြင်ကျယ်ဖို့ လိုတယ်။ လျှာရှည်သွားပါတယ်။