10/29/2009

MCPA မှ IP Telephony ခေါင်းစဉ်ဖြင့် ဟောပြောပွဲပြုလုပ်မည်

သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြန်မာနိုင်ငံ ကွန်ပျူတာပပညာရှင်အသင်း (MCPA) မှ ကြီးမှူး၍ “ IP Telephony” ခေါင်းစဉ်ဖြင့် ဟောပြောပွဲတစ်ရပ်ကို ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။
အဆိုပါ ဟောပြောပွဲကို အောက်တိုဘာလ ၃၁ရက် (စနေနေ့) နေ့လယ် ၁းဝဝ နာရီမှ ၃းဝဝ နာရီအထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ Myanmar Info-Tech ရှိအခန်း ၂ဝ၅ တွင်ပြုလုပ်သွားမည်ဖြစ်ပြီး ရတနာပုံ တယ်လီပို့(တ်) မှ ဦးကျော်နိုင်က Networking, Telecommunication စသည်တို့နှင့် ပတ်သက်၍ ဟောပြော ဆွေးနွေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
၎င်းဟောပြောပွဲကို IP Network အပေါ်၌ Voice Service အလုပ်လုပ်ပုံကို ကောင်းမွန်စွာနားလည်စေ ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး Networking, Telecommunication အစရှိသည်တို့နှင့် ပတ်သက်၍ လုပ်ငန်း ဝင်နေသူများအပါအဝင် စိတ်ဝင်စားသူမည်သူမဆို တက်ရောက်နိုင်ကြောင်းသိရသည်။
အဆိုပါဟောပြောပွဲနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ရုံးခန်း၊ အဆောင် ၄၊ အခန်း ၄၊ မြန်မာအင်ဖိုတတ်ခ်။ ဖုန်း - ၆၅၂၂၇၆ သို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်း သိရသည်။

(27-10-2009)
Source : Internet Journal

No comments: