10/18/2009

ရွှေမြန်မာအတွက် ရ ကောက်

နာမည်လေးတစ်ခုကို ရေးရမယ်ဆိုတော့ ရွှေမြန်မာဆိုတော့ ရကောက်ကို ရေးရမှာပေါ့
ဟုတ်လား ညီမလေး။
နေ့အိပ်မက်ရဲ့ တဂ်တဲ့ ပိုစ့်လေးကို မနည်းစဉ်းစားပြီး ရေးလိုက်ရတာနော်
ညီမလေး။ မရေးရင်လည်း စိတ်ဆိုးဦးမယ်။ ရေးဖို့ကလည်း ဘာရေးရမှန်းမသိ ရော
ခက်ပြီ မထူးတော့ဘူး ပေါက်ကရ ဖြစ်လည်း ဖြစ်ပါစေတော့ ရေးသာချလိုက်ပြီ
ဟုတ်သော်ရှိ မဟုတ်သော်ရှိပဲ။ ဖတ်ပေတော့။

စကားလုံးလေးလုံးနဲ့စာလုံး… ရွှေရောင်အိပ်မက်
ကောင်လေးတစ်ယောက်နာမည်… ရဲတိုက်(ခုတစ်လော အရိုက်များလာတယ်နော်။)
ကောင်မလေးတစ်ယောက်နာမည်… ရွှေယမင်း(ဟဲဟဲ)
အလုပ်တစ်ခု…. ရွှေဆိုင်(လုမလားလို့)
အရောင်တစ်ရောင်…. ရွှေအိုရောင်
သင်ဝတ်တဲ့တစ်ခုခု….. ရဲမျက်မှန်(တပ်တော့တပ်တယ် ရဲမျက်မှန်ဆိုင်က မဟုတ်)
စားစရာတစ်ခု…. ရွှေရင်အေး
ရေချိုးခန်းထဲကတစ်ခုခု… ရေ(မရှိပဲ ချိုးလို့ဘယ်ရမလဲနော်)
နေရာတစ်ခု…. ရင်ခွင်(တောင့်တမိတာပြောတာပါ ဟိဟိ)
နောက်ကျရတဲ့အကြောင်းပြချက်… ရပ်စောင့်နေရလို့…. (လိုင်းကားကို ပြောတာပါ။ )
သင်ပြောတတ်တဲ့တစ်ခုခု.. ရော ခက်ပြီ(အဲလို ပြောတတ်တယ်ထင်တာပဲ)
ရုပ်ရှင်ကားနာမည်… ရွှေရောင်မိုးကောင်ကင်(မကြည့်တော့ မကြည့်ဖူးဘူး။ ရှိတယ်ထင်တာပဲ)
သောက်စရာတစ်ခုခု…. ရင်အေးတာ
ဂီတအဖွဲ့တစ်ဖွဲ့….. ရော့ခ်စတား(သိပ်တော့မကြိုက်)
တိရစ္ဆာန်တစ်ကောင်… ရေမြင်း
လမ်းတစ်လမ်းနာမည်…. ရောက်လမ်း(အသံထွက်နဲ့ဖတ် ဒါပဲ)
ကားတစ်မျိုး… ရင်ခွဲရုံမောင်းတဲ့ကား(နာရေးကူညီမှုကား)
သီချင်းတစ်ပုဒ်ခေါင်းစဉ်…. ရတုအဆက်ဆက်(ဘယ်သူဆိုတာလည်း မမှတ်မိပါ။ နားပဲထောင်သည်)
ကြိယာတစ်ခု… ရင်ကွဲသည်(ဘယ်သူလဲမသိ)

2 comments:

Unknown said...

အစ်မရေ.. တဂ်ပြီဗျို့။ (ဂျီတော့ခ်တွေချည်း သုံးမယ့်အစား ဘလော့ဂ်ဂင်းကို လေ့လာပါလား) ဆိုတဲ့ ခေါင်းစဉ်ပါ။ ရေးပေးပါဗျို့။

နေ့အိပ်မက် said...

မမရေ ရဲလေးက တစ်ကိုယ်တော်အဆိုတော်ပါ.... ယင်ကောင်က ရကောက်နဲ့မရင်ပါ... ယပက်လက်နဲ့ယင်သည်.. လူလည်မကျပါနှင့် ပြန်ပြင်ပေးပါ.. :P