9/24/2009

ကိုယ့်အတွက်တော့...

သူ မရှိတဲ့ဘ၀ နေလို့မရ
ဘယ်သွားသွား အမြဲလိုက်ပါနေကြ
ပျော်ရွှင်မှုကို သယ်ဆောင်ပေးခဲ့
အချိန်တိုင်းမှာ လိုအပ်နေမြဲ
အရာရာအားလုံး လှပနေခဲ့
သူသာ မရှိတော့ရင်
ဘ၀ကြီးလည်း မရှိတော့
အရာအားလုံး မှောင်တိတိရောက်
သူသာ အဖော်မွန်ဖြစ်ခဲ့
ကိုယ့်အတွက်တော့
သူဆိုတဲ့…
ကိုယ့်မျက်မှန်လေးပါ….

1 comment:

မောင်ကောင်း said...

တော်သေးတာပေါ့.. မျက်မှန်ကယ်ပေလို့ နော်အစ်မ...
း))))))
ကောင်းပါ့.. ပါအောင်သယ်သွားနော်အစ်မ...
သူမပါရင်မဖြစ်ဖူး.. လမ်းမသွားရပဲ ထိုင်နေရမှာ..
း))) ပျော်ရွှင်ပါစေအစ်မ...